တစ်နေ့ကုန်လုံး ချွေးသံတရဲရဲနဲ့ အလုပ်လုပ်နေရပြီး ဖုန်မှုန့်နှင့် အညစ်အကြေးများ ကပ်ငြိနေတာကြောင့် အသားအရေက ညစ်ထေးနေလို့ စိတ်ညစ်နေပါသလား။ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတဲ့နောက် ကွီး တို့ရဲ့ အသားအရေ ကြည်ကြည်လင်လင်လေးဖြစ်သွားပြီး လန်းဆန်းတက်ကြွချင်တယ်ဆိုရင်တော့ Body Scrub လေး အသုံးပြုသင့်ပါတယ်။

အိမ်လုပ် သဘာဝ Body Scrub များရဲ့ အကျိုးကျေးဇူးတွေကတော့ ဈေးသက်သာခြင်း၊ ကိုယ်တိုင်ပြုလုပ်ထားတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်းနှင့် Scrub တိုက်ပြီးတဲ့နောက်မှာ စိတ်လက်ပေါ့ပါးကာ လန်းဆန်းတက်ကြွလာစေခြင်းတို့ပဲဖြစ်ပါတယ်။

ဒီ Body Scrub မျိုးကို ကိုယ့်ဘာသာ အိမ်မှာ ပြုလုပ်ကာ အသုံးပြုနိုင်ဖို့အတွက် Body Scrub ပြုလုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်နည်းအဆင့်ဆင့်ကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ကွီး အသားအရေ Body Scrub

  • ပင်လယ်ဆား စားပွဲတင်ဇွန်း ၈ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆပ်ပြာခဲ ၁ တုံးရဲ့ ၃ ပုံ ၁ ပုံ
  • အုန်းဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သံပုယိုသီး ၁ လုံး (သို့) လိမ္မော်သီး ၁ လုံး (အခွံကို ခြစ်ထားပါ)

ကွီး အသားအရေ Body Scrub

Photo: Orissadiary

  • ကြက်သွန်ဖြူ အဆီ ၁၀ စက်ခန့်
  • လိမ္မော်သီးအဆီ ၁၀ စက်ခန့် တို့လိုအပ်ပါလိမ့်မယ်။

အဆင့် (၁) ဆပ်ပြာခဲကို အမှုန့်များ ဖြစ်လုနီးပါးအထိ ဓားဖြင့် ခြစ်ချထားလိုက်ပါ။

ကွီး အသားအရေ Body Scrub

အဆင့် (၂) ထိုဆပ်ပြာအမှုန့်များကို ပင်လယ်ဆား၊ မုန့်ဖုတ်ဆိုဒါ၊ အုန်းဆီ၊ ကြက်သွန်ဖြူ အဆီ၊ လိမ္မော်သီးအဆီတို့ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။

homemade scrub for kwee

အဆင့် (၃) လိမ္မော်ခွံ (သို့) သံပုယိုသီးအခွံကို ခြစ်ချထားလိုက်ပါ။ ထို့နောက် သမအောင် ရောမွှေလိုက်ပါ။

အဆင့် (၄) ရရှိလာတဲ့ အမှုန်အရောအနှောများကို အဝကျယ်သော ဖန်ပုလင်းထဲသို့ ပြောင်းထည့်လိုက်ပါ။ မှတ်ထားရမှာတစ်ခုကတော့ ပလပ်စတစ်ပုလင်း အသုံးမပြုမိဖို့ပါပဲ။ ပလပ်စတစ်နဲ့ဆိုရင် ကြက်သွန်ဖြူအဆီနှင့် လိမ္မော်အဆီများ ဓာတ်ပြယ်သွားပါလိမ့်မယ်။ ထို့နောက် အဖုံးဖြင့် လုံအောင် ဖုံးအုပ်ထားလိုက်ပါ။

homemade scrub for kwee

ဒါဆိုရင်တော့ ကွီး တို့ရဲ့ အသားအရေ ကို ကြေးချွတ်ပေးကာ အသားအရေညစ်ထေးခြင်းမှ ကာကွယ်ပေးပြီး ဖြူဖွေးဝင်းပသွားစေမယ့် Body Scrub တစ်ခု ရရှိသွားပါပြီ။

သဘာဝပစ္စည်းများနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ထားတဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများကို စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။

ကွီးတို့ရဲ့ အသားအရေအတွက် ဒီ Body Scrub လေးကို တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်၊ ရေချိုးတိုင်းမှာ အသုံးပြုနိုင်ပါတယ်။

Source: Shesaved

Featured Image: Nytimes