OnePlus ရဲ့ နောက်ထပ် R-series စမတ်ဖုန်းသစ်ဖြစ်တဲ့ OnePlus 10 R ဟာ လာမယ့်မေလထဲလောက်မှာ တရားဝင် မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။

အရင် OnePlus 9R နဲ့ 9RT တို့နဲ့ ကွဲပြားတဲ့ ဖုန်းအဖြစ် မြင်ရမယ်လို့ သတင်းတွေ ထွက်နေပြီး သိသိသာသာ ကွဲပြားတဲ့အချက် ၂ ချက် ပါဖို့ ရှိပါတယ်။ တစ်ချက်က OnePlus တွေရဲ့ တမူထူးခြားတဲ့ iConic စတိုင် Alert Slider ခလုတ်ပါတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရင် OnePlus တွေလို အပေါ် ဘယ်ထောင့် punch-hole အစား မှန်အပေါ် အလယ်တည်တည့် central punch-hole ဆယ်လ်ဖီကင်မရာမျိုး သုံးလာနိုင်တယ် ဆိုတာပါပဲ။

 OnePlus 10 R

Photo: GSMArena

OnePlus ဖုန်းတွေ နောက်ပိုင်းမှာ OPPO ဆန်လာမှုကို OnePlus 10R မှာ အသေအချာသိရမယ့် သဘောပါပဲ။ တချို့တွေကတော့ OnePlus 10R ဟာ မကြာသေးခင်ကပဲ မိတ်ဆက်သွားတဲ့ realme GT Neo 3 ရဲ့ Another Version လို့တောင် ယူဆထားကြပါတယ်။ လောလောဆယ် ကြားနေရတဲ့ သတင်းအချက်အလက်အရဆိုရင် OnePlus 10 R ကို ဗားရှင်း နှစ်မျိုးနဲ့ လာမယ်လို့ ခန့်မှန်းရပါတယ်။

ပထမတစ်မျိုးက ဘက်ထရီပါဝါ 4500 mAh အားသုံးထားပြီး အားသွင်းမှုအနေနဲ့ 150W Charging ပါမယ့် မော်ဒယ် ဖြစ်ပြီး နောက်တစ်မျိုးက 5000 mAh ဘက်ထရီနဲ့ 80W Charging Support နဲ့လာတဲ့ ဗားရှင်းပါ။ ဒီလို Version မျိုးကို realme GT Neo 3 မှာ မြင်ပြီးသား ဖြစ်လို့ တကယ်လို့သာ OnePlus 10R ကို ဒီလိုဗားရှင်းတွေနဲ့ ထွက်လာရင် ဒါက realme GT Neo 3 ကို Rebrand လုပ်တာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

 OnePlus 10 R
Photo : Gearrice

တခြား အချက်အလက်တွေအနေနဲ့ Screen Size ၆.၇ လက်မ FHD+ AMOLED Screen ပါပြီး 120Hz Refresh Rate နဲ့ HDR10+ ပါလာနိုင်ပြီး punch-hole ထဲမှာ 16MP Selfie ကင်မရာ သုံးနိုင်ပါတယ်။ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါ 50MP Sony IMX766 Sensor နဲ့ 8MP Ultrawide ၊ 2MP Macro Lens တို့ ပါရှိနိုင်ပါတယ်။

Dimensity 8100 SoC ၊ ရှေ့နောက် Gorilla Glass မှန် အုပ်ထားပြီး NFC Chip နဲ့ HiRes Audio စနစ်အပြင် Dolby Atmos ထောက်ပံ့မှုနဲ့ စတီရီယိုစပီကာတွေ သုံးလာနိုင်ပါတယ်။ Android စနစ်အနေနဲ့ Android 12OS အခြေခံ OxygenOS12 နဲ့လာနိုင်ပြီး 3.5mm headphone jack တော့ ပါမှာ မဟုတ်ပါဘူး။

Featured Photo : onepluslover