တက်တူးချစ်သူ ကွီး တို့အကြား ငှက်ပုံတက်တူး သည် ပေါ်ပြူလာဖြစ်သော တက်တူးအမျိုးအစားတစ်ခုဖြစ်ပြီး လွတ်လပ်မှုကို မြတ်နိုးကြတဲ့ တက်တူးချစ်သူတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငှက်ပုံတက်တူး များကို တွေ့မြင်နိုင်ပါတယ်။

ကွီး တို့သည် ငှက်ပုံတက်တူး များကို များသောအားဖြင့် လက်မောင်း၊ လက်ကောက်ဝတ်၊ လည်ပင်းတို့တွင် အထိုးများကြပါတယ်။ Black And White တက်တူးမျိုးလည်း ထိုးကြသလို အရောင်အသွေးစုံလင်အောင် ရောင်စုံကာလာအသုံးပြု၍လည်း တက်တူးရေးထိုးကြပါတယ်။

အနက်ရောင်တက်တူးမျိုးကို ထိုးထားရင်တော့ အရောင်ကျသွားမယ့်အချိန်က ပိုကြာပါလိမ့်မယ်။ သို့သော် ရောင်စုံကာလာလေးကို အသုံးပြုမယ်ဆိုရင်တော့ အရောင်ကျတာ ပိုမြန်တာကြောင့် ကာလာပြန်တင်ပေးဖို့လိုအပ်ပါလိမ့်မယ်။

ကွီးတို့အနေနဲ့ အမိုက်စား ငှက်ပုံတက်တူးများကို မိမိကြိုနှစ်သက်ရာငှက်အမျိုးအစားအလိုက် ရေးထိုးနိုင်ဖို့ရန်အတွက် အခုပဲ တက်တူးဒီဇိုင်းမျိုးစုံကို ဝေမျှပေးလိုက်ရပါတယ်။

ဖီးနစ်ငှက်တက်တူး

bird tattoos for kwee

ဒဏ္ဍာရီလာသတ္တဝါဖြစ်ပြီး အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ ဖီးနစ်ငှက်ပုံတက်တူးကလည်း တက်တူးချစ်သူများအကြား အဆုံးအစမဲ့ခြင်း၊ စွမ်းအားကြီးခြင်းတို့ကို ကိုယ်စားပြုတဲ့ တက်တူးလေးပဲဖြစ်ပါတယ်။

သိမ်းငှက်ပုံတက်တူး

bird tattoos for kwee

သိမ်းငှက်ပုံတက်တူးကတော့ လွတ်လပ်ခြင်းနှင့် သန်မာခြင်း၊ ဉာဏ်ပညာကြီးမားခြင်းကို ကိုယ်စားပြုပါတယ်။ ရင်အုပ်မှာ ရေးထိုးလို့ကောင်းတဲ့ တက်တူးတစ်ခုပါ။

ဇီးကွက်ပုံတက်တူး

bird tattoos for kwee

ကွီးတို့အတွက် ဇီးကွက်ပုံတက်တူးရဲ့ အဓိပ္ပာယ်ကတော့ ဉာဏ်အမြှော်အမြင်ကြီးခြင်းနှင့် အမှန်တရားကို ကိုယ်စားပြုခြင်းတို့ပဲဖြစ်ပါတယ်။ အလိမ်အညာများကြား ထိုးထွင်းသိမြင်နိုင်ခြင်းကိုလည်း ကိုယ်စားပြုပါတယ်။

လက်မှာ ရေးထိုးထားနိုင်တဲ့ သိမ်းငှက်ပုံတက်တူး

bird tattoos for kwee

အမဲလိုက်ငှက်တစ်မျိုးဖြစ်တဲ့ သမ်းငှက်ပုံတက်တူးကတော့ တိကျမှု၊ ခွန်အားကြီးမားမှု၊ အာရုံစူးစိုက်နိုင်စွမ်းရှိမှုတို့ကို ကိုယ်စားပြုပါတယ်။

လင်းတပုံတက်တူး

bird tattoos for kwee

လင်းတပုံတက်တူးကိုတော့ အဓိပ္ပာယ်ဖွင့်ဆိုပုံအမျိုးမျိုးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြပါလိမ့်မယ်။ လူသေတွေကိုစားတဲ့ငှက်မို့လို့ အချို့ကလည်း နိမိတ်မကောင်းတဲ့ငှက်လို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။

ကြက်ဖပုံတက်တူး

ကွီး ငှက်ပုံတက်တူး

ကြက်ဖပုံတက်တူးကို အရောင်အသွေးစုံလင်အောင် ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာ လင်းကြက်တွန်လေ့ရှိတဲ့အတွက်ကြောင့် အစပျိုးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။

လက်ဖျံအပြင်ဘက်ရှိတက်တူး

ကွီး ငှက်ပုံတက်တူး

ကွီးတို့ရဲ့ လက်ဖျံတစ်ဝိုက်မှာ ကြွက်သားအနည်းငယ်ရှိတယ်ဆိုရင်တော့ ဒီတက်တူးလေးက ရွေးချယ်လို့ကောင်းတဲ့တက်တူးတစ်ခုဖြစ်ပါတယ်။

ကျောပြင်ပေါ်ရှိ ငှက်ပုံတက်တူး

ကွီး ငှက်ပုံတက်တူး

ကိုယ့်ရဲ့ကျောပြင်အပြည့်မှာ လှပတဲ့တက်တူးလေးနဲ့ နေရာယူပေးထားစေချင်တယ်ဆိုရင်တော့ ဒီတက်တူးလေးက လှပတဲ့တက်တူးလေးတစ်ခုပါပဲ။

ကြက်တူရွေးပုံတက်တူး

ကွီး ငှက်ပုံတက်တူး

များသောအားဖြင့် ကြက်တူရွေးတွေက ချစ်စရာကောင်းတဲ့ ငှက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့က ချစ်စရာကောင်းတဲ့ စတိုင်လ်မျိုးမဟုတ်ဘဲ ခပ်မိုက်မိုက်နဲ့ ဂိုဏ်းစတားပုံကြက်တူရွေးလေးကို လိုချင်တယ်ဆိုရင်တော့ ဒီတက်တူးလေးကို ရွေးချယ်နိုင်ပါတယ်။

အမိုက်စားသိမ်းငှက်ပုံတက်တူး

ကွီး ငှက်ပုံတက်တူး

လက်ကောက်ဝက်အတွင်းပိုင်းမှာ အမိုက်စားတက်တူးတစ်ခု နေရာယူထားစေချင်ရင် အခုလိုလေး ရေးထိုးနိုင်ပါတယ်။ တက်တူးဆရာရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ကိုယ့်ရဲ့တက်တူးသည်လည်း ပိုမိုအသက်ဝင်နေမှာအမှန်ပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဒီဇိုင်းအမိုက်စား ငှက်ပုံတက်တူးတွေထဲကမှ ဘယ်တက်တူးကို အကြိုက်ဆုံးပါလဲ။

Source: Toptrendsguide

Featured Image Source: Toptrendsguide