ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ထိတ်လန့်ရင်ခုန်ခြင်း ၊ ကြည်နူးခြင်း စတဲ့ အမျိုးစုံသော ခံစားမှု ရသတွေကို ရုပ်ရှင်တွေကနေတဆင့် ကျွန်တော်တို့ ခံစားရရှိ နိုင်ပါတယ်။ တချို့သော ရုပ်ရှင်ဇာတ်ကားတွေဆိုရင် ဘဝရဲ့ အပြိုလဲဆုံး အချိန်တွေကို အကောင်းဆုံး ရုန်းထနိုင်ဖို့ ခွန်အားသစ်တွေ ပေးစွမ်းနိုင်တဲ့အထိ အနုပညာရသ မြောက်လှပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ကို စိတ်ခွန်အား မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး ဘောလိဝုဒ် ဇာတ်ကား ၄ ကားကို ညွှန်းပေးချင်ပါတယ်။
(၁) 3 Idiots

Photo : Time Out
ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အင်ဂျင်နီယာကျောင်းသားတွေရဲ့ ဘဝအကြောင်း ကို ရိုက်ကူးပုံဖော်ထားပြီး ယိုယွင်းလာတဲ့ ပညာရေးစနစ်ကို မြင်သာမှုရှိစေတဲ့အပြင် အရွယ်ရောက်လာတဲ့ ကျောင်းသားတွေအနေနဲ့ ဘဝရဲ့ စိန်ခေါ်မှုများစွာကို မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုတာကို ဖော်ညွှန်းပြသထားတဲ့ ရသမြောက်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၂) Dangal
ဒီဇာတ်ကားဟာ ရုံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကျော်ရရှိခဲ့တဲ့ ပထမဆုံး ဘောလိဝုဒ် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ နပန်းသမားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး လူတွေကို ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်အောင် တွန်းအားပေးထားတဲ့ စိတ်ခွန်အားဖြည့် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။
(၃) Bhaag Milkha Bhaag

Photo : Variety
ဒီဇာတ်ကားဟာ The Flying Sikh လို့လူသိများတဲ့ အိန္ဒိယအားကစားသမား Milkha Singh ရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ Milkha Singh ဟာ အိုလံပစ်နဲ့ အာရှအားကစားပြိုင်ပွဲတွေမှာ မီတာ ၄၀၀ အပြေး ချန်ပီယံအဖြစ် ရွှေတံဆိပ်ဆုတွေကို ရရှိခဲ့သူ ဖြစ်ပါတယ်။ Bhaag Milkha Bhaag ဇာတ်ကားဟာ Milkha Singh ရဲ့ အောင်မြင်မှုပန်းတိုင်ဆီသွားရာ လမ်းတစ်လျောက်က ရုန်းကန်ခဲ့ရပုံတွေကို ရိုက်ကူးထားတဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
(၄) Super 30

Photo : The Economic Times
ဒီဇာတ်ကားဟာ အိန္ဒိယသင်္ချာပညာရှင် Anand Kumar ရဲ့အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Anand Kumar ဟာ IIT စာမေးပွဲအတွက် ဆင်းရဲနွမ်းပါးပြီး အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို အကျိုးအမြတ်မယူပဲ သင်ကြားပေးနေတဲ့ ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အခက်အခဲတွေကြားက ရုန်းကန်ရပုံတွေ ၊ ကြိုးစားအားထုတ်မှုတွေနဲ့ ပညာရေးစနစ်ရဲ့ ဆွေးမြေ့နေတဲ့ စည်းမျဉ်းဟောင်းတွေထဲက ဖောက်ထွက်ခဲ့ပုံတွေကို ကြည့်ရှု့ခံစားရမယ့် စိတ်ခွန်အားဖြည့် ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။
Featured Photo : Hotstar

