အမေရိကန်မင်းသားချော ဇက်အက်ဖရွန် ဟာ ပြောင်မြောက်တဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခွင့်မရပေမယ့် 17 Again ၊ The Greatest Showman ၊ Neighbors ၊ Hairspray ၊ High School Musical စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုရထားပါတယ်။ အသက် ၃၄ နှစ်အရွယ် ဇက်အက်ဖရွန်ဟာ ၂၀၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းက စပြီး ပရိသတ်မျက်စိကျတဲ့ သရုပ်ဆောင်ဖြစ်လာခဲ့သလို သူ့ရဲ့ ရုပ်ရည် ၊ ဖက်ရှင်နဲ့ စတိုင်ကလည်း အမျိုးသားထုအကြား အားကျစရာ ဖြစ်လာခဲ့ပါတယ်။ စတိုင်မိတဲ့ မင်းသားတွေဆီကနေ ပုံပန်းသွင်ပြင် ၊ ဝတ်စားဆင်ယင်မှုပိုင်းမှာ သင်စရာတွေ အများကြီးပါပဲ။ ဇက်အက်ဖရွန်ကတော့ ရုပ်ရည်အပြင် ဖက်ရှင်စတိုင်အရပါ Stylish ဖြစ်တဲ့ မင်းသားဖြစ်လို့ သူ့ဆီက စတိုင် Tips လေးတွေ လေ့လာကြည့်ရအောင်ပါ။ ဒီတစ်ခေါက်ကတော့ ဇက်အက်ဖရွန် ရဲ့ ဆံပင် ပုံစံတွေက အမျိုးသားတွေ အတုယူသင့်တဲ့ Hairstyles တချို့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) နောက်လှန်သိမ်း ဆံပင်ပုံစံ

THE BIG BOY SWEEP

Photo : Fashion Beans

ယောကျ်ားတစ်ယောက်နဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံတွေထဲမှာ Classic အကျဆုံး နဲ့ ခေတ်မရိုးဆုံး ဆံပင်ပုံစံတစ်မျိုးက အနောက်လှန်ဖြီးထားတဲ့ The Big Boy Sweep ဆံပင်စတိုင်ပဲ ဖြစ်ပါတယ်။ နောက်လှန်သိမ်း ဆံပင်ပုံစံမျိုးက သိပ်အရှည်ကြီး မဟုတ်တဲ့ Medium Length မျိုး ဖြစ်ပါတယ်။ ဇက်အက်ဖရွန်ရဲ့ ထူးခြားမှုက ဆံပင်ပုံစံအပြင် မုတ်ဆိတ် ၊ နှုတ်ခမ်းမွေး ပုံစံပါ လိုက်အောင် ထားတတ်တာပါ။ ဇက်အက်ဖရွန်ကတော့ Stubble အတိုကပ် မုတ်ဆိတ်ပုံစံထားပါတယ်။ ယောကျ်ားပီသပြီး ခန့်ညားတဲ့ အမူအရာနဲ့ အတွဲအမိဆုံး ပုံစံလို့ ဆိုနိုင်ပါတယ်။

(၂) ပလတ်တီနမ်အရောင်ဆိုး ဆံပင်ပုံစံ

PULLING OUT THE PLATINUM CARD

Photo : Fashion Beans

နာမည်ကျော် မင်းသားမင်းသမီး နဲ့ အဆိုတော်တွေထဲမှာ ပလတ်တီနမ်ရောင် ဆိုးတဲ့ ဆံပင်ကေ ပိုင်ရှင်တွေ အများကြီး ရှိပါတယ်။ အဒမ် လီဗိုင်း ၊ ဂျက်စတင်ဘီဘာ ၊ ရစ်ဇ် အာမက်တို့လည်း သူတို့ ဆံပင်ကို ပလတ်တီနမ်ဆေး ဆိုးခဲ့ဖူးတာပါပဲ။ ဒီဖက်ရှင်က လူငယ်ထုအကြားမှာ တစ်ခါမဟုတ် တစ်ခါတော့ လက်တည့်စမ်းချင်စရာ စတိုင်အပြောင်းအလဲပဲ ဖြစ်ပါတယ်။ ဆံပင်ကို ငွေရောင်ဆိုးမယ်ဆိုရင် သေချာတော့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ နောက်ပြီး အစိုထိန်းနိုင်တဲ့ Moisturizing Conditioner လည်း သုံးပေးရပါတယ်။ သေသေသပ်သပ် ဆံပင်ဆေးဆိုးတတ်တဲ့ ဆိုင်ကောင်းကောင်းမှာ သွားပြီး အရည်အသွေးကောင်းတဲ့ ဆိုးဆေးနဲ့ ဆိုးဖို့ အကြံပေးချင်ပါတယ်။

(၃) ဘေးပါး အထောင်ပုံစံ ဆံပင်ဒီဇိုင်း

ROUGH AND READY

Photo : Fashion Beans

ရော့ခ်ဆန်ဆန် အကြမ်းပတမ်းနိုင်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ ပုံစံကို မြင်သာစေမယ့် ဒီဇိုင်းပါ။ Side – Sweep ဘေးခွဲစတိုင်ကိုမှ အပေါ်မှာ ထောင်ထားတာမျိုးပါ။ဒီစတိုင်က သိပ်ပြီး လူကြီးလူကောင်းဆန်ဆန် သပ်သပ်ရပ်ရပ် ဖြီးသင်ရတာမျိုး မကြိုက်တဲ့သူတွေ အတွက် ဖြစ်ပါတယ်။ အရင်ကတော့ ဒီဆံပင်ပုံစံမျိုးအတွက် Hair Gel တွေ သုံးလေ့ရှိပါတယ်။ တချို့ဆို ပန့်ခ်ဆန်ဆန် အချွန်အတက်တွေမျိုးပါ ထားတတ်ကြပါတယ်။

မျက်နှာသွယ်ပြီး သိပ်မဝိုင်းတဲ့ အမျိုးသားတွေနဲ့ လိုက်ဖက်တဲ့ စတိုင် ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်မျက်နှာက ရှည်နေလို့ မျက်နှာရှည်တာ မပေါ်စေချင်ရင် ဆံပင်အရှည်ကို ဂရုစိုက်ဖို့ လိုပါတယ်။ Casual အနေများတဲ့ သူတွေအတွက် လိုက်ဖက်တဲ့ ဆံပင်ပုံစံမျိုး ဖြစ်သလို အခုလို ပူအိုက်တဲ့ နွေရာသီမျိုးအတွက် ပေါ့ပါးပြီး Hair Care သိပ်ပေးစရာ မလိုလို့ ဝန်ကျဉ်းကျဉ်းနဲ့ ခေါင်းရှင်းတဲ့ Haircut လို့ ဆိုနိုင်ပါတယ်။

(၄) ကေထောင် နောက်လှန်

MATINEE IDOL

Photo : Fashion Beans

ဒီဆံပင်ပုံစံမျိုးက ဟိုအရင် ခေတ်ဟောင်းမင်းသားကြီးတွေမှာ မြင်ရတတ်တဲ့ ဆံပင်ပုံစံမျိုးပါ။ ဆံပင်အုံထူပြီး Medium Length အရှည်ရှိတဲ့ ဆံပင်ပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။ ဘေးနည်းနည်း ပါးထားပြီး အပေါ်ဆံပင်အုံကို ၃-၄ လက်မအထိ အရှည်ထားထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဆံကင်ကို ထောင်ပြီး အနောက်ကို လှန်မယ်ဆိုရင် Pomade လိုမျိုးဖြစ်ဖြစ် Wax ဖြစ်ဖြစ် သုံးပြီး Styling လုပ်နိုင်ပါတယ်။ အခုခေတ်လို ဆံပင်ကို အမျိုးမျိုး ပုံစံစမ်းသပ်မှု လုပ်နေတဲ့ ခေတ်မှာတော့ ရိုးနေပြီဆိုတဲ့ ခေတ်ဟောင်း စတိုင်တွေကလည်း တကျော့ပြန် စမ်းသပ်ချင်စရာ Hairstyle ဖြစ်လာပါတယ်။

(၅) အတိုအကပ် အဝဲ ဆံပင်ပုံစံ

HIGH SCHOOL BALLER

Photo : Fashion Beans

ဂျက်စတင်ဘီဘာ စပေါ်ခါစက ထားတဲ့ ဆံပင်ပုံစံမျိုး ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ထားတတ်တဲ့ နဖူးဝဲ ဆံပင်အချ ဒီဇိုင်းနဲ့ ဇက်အက်ဖရွန်ကို 17 Again မှာ တွေ့ရမှာပါ။ ဒီပုံစံမျိုးပါပဲ။ ဘေးသားတွေပါးပါးပဲ တိပြီး ဆံပင်အုပ်အုပ်နဲ့ နဖူးပေါ်ဝဲ ချထားတာ ဖြစ်ပါတယ်။ ဒီဆံပင်ပုံစံက အိပ်ရာထချိန်မှာ အချိန်နည်းနည်းပေးပြီး ပြန်သ, ဖို့ လိုပါတယ်။ မျက်နှာကျပေါ် လိုက်ပြီး ဒီဆံပင်စတိုင်နဲ့ လိုက်မလိုက် ကွဲတတ်ပါတယ်။ တကယ်လို့ ကွီးတို့က ဇက်အက်ဖရွန်လို မျက်နှာမျိုးနဲ့ ဆိုရင်တော့ မလိုက်စရာ အကြောင်း မရှိပါဘူး။

Featured Photo : manofmany