လေ့လာတွေ့ရှိချက်များအရ အမျိုးသမီးများအနေနဲ့ ဝိုင် တစ်ဖန်ခွက် (၁၅၀ မီလီလီတာ)၊ အမျိုးသားများအနေနဲ့ ဝိုင် နှစ်ဖန်ခွက် (၃၀၀ မီလီလီတာခန့်) နေ့စဉ် သောက်သုံးပေးခြင်းသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒီလိုသောက်သုံးပေးခြင်းအားဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်ကျန်းမာစေပါတယ်။ တကယ်လို့ ဝိတ်လျော့ ဖို့ ကြိုးစားနေတဲ့ ကွီး တို့အတွက်ကတော့ ဝိတ်တက်လာမှာကို ကြောက်တယ်ဆိုရင် အခုဖော်ပြပေးမယ့် ဝိုင် များကို ရွေးချယ်သောက်သုံးသင့်ပါတယ်။
ဝိုင်များကို မရွေးချယ်ခင်မှာ အဓိကအားဖြင့် ဝိုင် လေးမျိုးလေးစား ခွဲခြားထားတယ်ဆိုတာကို သိသင့်ပါတယ်။ စပါကလင်ဝိုင်နှင့် ရှန်ပိန်အမျိုးအစား၊ စူးရှသော အရသာကြိုက်နှစ်သက်သူများအတွက် ဝိုင်နီ၊ ချိုမြမြအရသာ ကြိုက်နှစ်သက်သူများအတွက် ဝိုင်ဖြူနှင့် Dry White Wine တို့ပဲဖြစ်ပါတယ်။ ချိုလွန်းတဲ့ ဝိုင်ဖြူကို မကြိုက်သူများကတော့ Dry White Wine ကို ရွေးချယ်သင့်ပါတယ်။
စပါကလင်ဝိုင်နှင့် ရှိန်ပိန်အမျိုးအစား

အမြှုပ်ကလေး တစီစီနဲ့ ရှတတအရသာလေး ကြိုက်နှစ်သက်သူများကတော့ စပါကလင်ဝိုင်နှင့် ရှန်ပိန်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
Yellowglen Sparkling Pink 65 Soft Rosé

ဒီဝိုင်ကတော့ သြစတြေးလျနိုင်ငံထုတ်ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၆ ဒေါ်လာကနေ အများဆုံး ၈၂ ဒေါ်လာအထိ ရှိပါတယ်။ သူ့မှာ ကယ်လိုရီပါဝင်မှုနှုန်း ၆၅ ကယ်လိုရီသာ ပါဝင်ပါတယ်။
Blossom Hill Sparkling Moscato

အီတလီဝိုင် ကြိုက်နှစ်သက်သူများကတော့ ဒီဝိုင်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူ့မှာကတော့ ကယ်လိုရီပါဝင်မှုနှုန်း ၁၁၅ အထိရှိပါတယ်။
Lunetta Prosecco

သူသည်လည်း အီတလီနိုင်ငံထုတ်ဖြစ်ပြီး ကယ်လိုရီပါဝင်မှုနှုန်း ၁၁၀ ကယ်လိုရီ ပါရှိပါတယ်။
ဝိုင်နီ

ဝိုင်နီထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်ခုသည် အဆီဆဲလ်များ ကြီးထွားမှုကို တားဆီးပေးပါတယ်။ ဒါ့ကြောင့် မကောင်းတဲ့ ကိုလက်စတောများကို ဆက်တိုးမလားအောင် ကူညီပေးတဲ့ ဝိုင်အမျိုးအစားတစ်ခုထဲမှာ သူလည်း ပါပါတယ်။
ဝိုင်နီ ကြိုက်နှစ်သက်ပြီး ဝိတ်လျော့ ချင်တဲ့ ကွီး တို့ကတော့ အခုဖော်ပြပေးမယ့် ဝိုင် များကို ရွေးချယ်နိုင်ပါတယ်။
Blossom Hill Cabernet Sauvignon

အကောင်းတကာ့ အကောင်းဆုံးကိုမှ နှစ်သက်တဲ့ ကွီးတို့ကတော့ ကယ်လီဖိုးနီးယားနိုင်ငံထုတ် ဝိုင်လေးကို ရွေးချယ်နိုင်ပါတယ်။ သူ့မှာ ကယ်လိုရီပါဝင်မှုနှုန်း ၁၁၄ ကယ်လိုရီသာ ပါဝင်တာဖြစ်ပါတယ်။
Yellow Tail Shiraz

သူ့မှာကတော့ ၁၂၀ ကယ်လိုရီ ပါဝင်ပြီး သြစတြေးလျနိုင်ငံထုတ် ဝိုင်အကောင်းစားတစ်ခုပဲဖြစ်ပါတယ်။
ချိုမြိန်တဲ့ ဝိုင်ဖြူ

ချိုမြိန်တဲ့အရသာလေးကိုမှ ကြိုက်နှစ်သက်သူတွေကတော့ ဝိုင်ဖြူကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီမကြိုက်သူတွေက ဝိုင်ဖြူကိုသာ စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်ကြပါတယ်။
The Skinny Vine Thin Zin

သူကတော့ ဝိတ်ချချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာ ကယ်လိုရီပါဝင်မှုနှုန်း ၈၉ ကယ်လိုရီသာပါဝင်လို့ဖြစ်ပါတယ်။
Dry White Wines

ဝိုင်ဖြူကိုမှ အချိုနည်းနည်းပေါ့တာမျိုး သောက်ချင်တယ်ဆိုရင်တော့ Dry White Wines လေး ရွေးချယ်သင့်ပါတယ်။
Brancott Estate Flight Song Sauvignon Blanc

Dry White Wines ထဲမှာမှ ဒီတံဆိပ်အမျိုးအစားက အကောင်းဆုံးပါပဲ။ သူ့မှာ စပျစ်သီးအပြင် Grapefruit သီး၊ သံပုယိုသီးတို့ကိုပါ ထည့်သွင်းအသုံးပြုထားတဲ့အတွက် စွဲမက်သွားစေမယ့်အရသာမျိုး ပေးစွမ်းပါတယ်။ ဒါ့အပြင် သူ့မှာ ၈၈ ကယ်လိုရီသာ ပါဝင်တာဖြစ်ပါတယ်။
Source: Eatthis
Featured Image: Eater
