နာမည်ကျော်ပုဂ္ဂိုလ်တွေဆိုတာ စတိုင်အရရော ဝတ်ပုံစားပုံ ဖက်ရှင်အရပါ အများက အတုယူရသူတွေ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေက ဖက်ရှင်စီးပွားရေးထဲ ဝင်ရောက်တယ်ဆိုတာ အလုပ်နဲ့ လူ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။ အနုပညာဘက်ဆိုင်ရာအရရော အားကစား ၊ ရုပ်သံအစီအစဉ် နဲ့ Blogger နယ်ပယ်အရပါ ကျော်ကြားထင်ရှားသူတွေ ဦးဆောင်ပြီး ထုတ်ထားတဲ့ ဖက်ရှင် အမှတ်တံဆိပ်တွေ အများကြီး ရှိပါတယ်။ Celes တွေရဲ့ ဒီလို ဖက်ရှင် Brands တွေထဲကမှ အမျိုးသားဝတ် သီးသန့် ဖက်ရှင် အမှတ်တံဆိပ်တွေအကြောင်းက စိတ်ဝင်စားစရာကောင်းသလို ကိုယ်ပိုင် Personal Style ကို အဆင့်မြှင့်တင်ချင်သူတွေအတွက် ရွေးချယ်ဖို့ စဉ်းစားစရာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နာမည်ကျော်ကြား အနုပညာရှင် ပုဂ္ဂိုလ်တွေ ထုတ်ထားတဲ့ အဝတ်အစား ဖက်ရှင် အမှတ်တံဆိပ် တွေအကြောင်းကို မျှဝေပေးသွားမှာပါ။

(၁) Yeezy – ကင်ညေး ဝက်စ်

kanye-at-finale-yeezy

Photo : cheatsheet

Ye လို့ နာမည်ပြောင်းလိုက်ပြီ ဖြစ်တဲ့ ကမ္ဘာကျော် Rapper ကင်ညေး ဝက်စ်ဟာ အနုပညာအရ အောင်မြင်လှသလို ငွေကြေးအရလည်း ဘယ်လို စီးပွားရေး လုပ်ရမယ် ဆိုတာကို သေသေချာချာ သိထားတဲ့ စီးပွားရေးသမားလို့ ဆိုနိုင်ပါတယ်။ Hip Hip ဂီတလောကရဲ့ ဩဇာအကြီးဆုံး အဆိုတော်တစ်ဦး ဖြစ်တဲ့ သူဟာ ဂရမ်မီဆု ၂၂ ဆု အထိ ရထားသလို ကမ္ဘာတလွှားမှာ အယ်လ်ဘမ် အချပ်ရေ သန်း ၁၆၀ အထိ ရောင်းချနိုင်ခဲ့တဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဂီတသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

စီးပွားရေးအနေနဲ့ ဝက်စ်ဟာ GOOD Music ထုတ်လုပ်ရေး ကုမ္ပဏီ ၊ Farburger စားသောက်ဆိုင်တွေ ပိုင်တဲ့ KW Foods LLC ၊ DONDA Creative Content ကုမ္ပဏီ ၊ Adidas နဲ့ ပေါင်းပြီး Adidas Yeezy ၊ Nike နဲ့ ပေါင်းပြီး Nike Air Yeezy ဖိနပ်ကုမ္ပဏီ စသည်ဖြင့် ထောင်ထားပါတယ်။ ဝက်စ်ရဲ့ Yeezy အမှတ်တံဆိပ်ကို ၂၀၁၅ ဖေဖော်ဝါရီလထဲက ကျင်းပတဲ့ New York Fashion Week မှာ စပြီး ချပြခဲ့ပါတယ်။

ဒီထဲမှာ Bombers တွေ ၊ Sneakers ၊ Sweatshirts စတဲ့ အဝတ်အစား နဲ့ ဖက်ရှင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက Yeezy ဖက်ရှင်တွေ စတင်ခဲ့တာ ဖြစ်ပြီး ဒီဖက်ရှင်ဟာ အားကစားဖက်ရှင် Athleisure Look ပေါက်ပြီး ပေါ့ပါးလို့ လူငယ်တွေ နဲ့ Gym ကစားသူတွေ အများစုက နှစ်သက်ကြပါတယ်။ Gap နဲ့ ပူးပေါင်းထားတဲ့ Yeezy Brand ဖက်ရှင် ရောင်းအားဟာ တစ်နှစ် ဒေါ်လာ ၁ ဘီလျံဖိုး နီးပါးရှိပါတယ်။

(၂) H & M – ဒေးဗစ်ဘက်ခ်ဟမ်း

David Beckham

Photo : cheatsheet

နာမည်ကျော် ဆွီဒင်ဖက်ရှင်အမှတ်တံဆိပ် H & M ဟာ အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခ်ဟမ်းနဲ့ ပူးပေါင်းပြီး အမျိုးသားဝတ် Bodywear တွေကို သူတို့ရဲ စတိုးဆိုင်တွေမှာ တင်ထားပါတယ်။ ကာလရှည် ပူးပေါင်းမှုဖြစ်ပြီး နိုင်ငံပေါင်း ၄၉၀ ကျော်က စတိုးဆိုင်ပေါင်း ၁၈၀၀ မှာ David Beckham Bodywear Line တစ်ခု ထားပေးထားတာပါ။ ပေါ့ပါးပြီး ဈေးသက်သာတဲ့ Jeans ၊ Jackets ၊ အောက်ခံဘောင်းဘီ ၊ အင်္ကျီ နဲ့ တီရှပ်တွေကို ဒီ Clothing Line မှာ တင်ထားတာ ဖြစ်ပါတယ်။

(၃) Hands High – ဂျင်မ်မီ ဖယ်လွန်

Hands-High

Photo : cheatsheet

နာမည်ကျော် TV အစီအစဉ် တင်ဆက်သူ ဂျင်မ်မီ ဖယ်လွန် ရဲ့ Sports အမှတ်တံဆိပ် ဖြစ်ပါတယ်။ Saturday Night Live ၊ Tonight Show ၊ Late Night စတဲ့ ကျော်ကြားလှတဲ့ TV အစီအစဉ်တွေ တင်ဆက်ခဲ့တဲ့ ဖယ်လွန်ဟာ Hands High Sportswear တံဆိပ်ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ စတင် မိတ်ဆက်ခဲ့တာပါ။ ဒီ Clothing Line ကနေ T Shirts ၊ အသင်းလိုဂိုတွေကို လက်မောင်းချိုင်း နေရာလိုမျိုးမှာ ထူးထူးခြားခြား ထားပြီး ထုတ်ထားတာပါ။ NFL ၊ NBA ၊ NHL ၊ MLB စတဲ့ အသင်းလိုဂိုတွေကို ဂျိုင်းနေရာမှာ သွားထားတာ ဖြစ်လို့ လိုဂို သိရဖို့ လက်မြှောက်ပြမှ ရပါလိမ့်မယ်။ ဒါကိုပဲ ဟာသပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ ဂျင်မ်မီ ဖယ်လွန်က လက်တွေ မြှောက်ထားလိုက် လို့ အဓိပ္ပါယ်ရတဲ့ Hands High နာမည်နဲ့ အားကစားဖက်ရှင်ကို ထုတ်လိုက်တာ ဖြစ်ပါတယ်။

(၄) October’s Very Own – ဒရိတ်ခ်

October’s Very Own

Photo : bosshunting

ကနေဒါ Rapper တစ်ဦး ဖြစ်တဲ့ Drake နဲ့ သူ့ရဲ့ Tour မန်နေဂျာ အိုလီဗာ အယ်လ် ကတ်တစ်တို့ရဲ့ အိုင်ဒီယာကနေ ပေါ်လာတဲ့ အဝတ်အစားဖက်ရှင် Line ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထောင်ခဲ့တာ ဖြစ်ပြီး ကနေဒါလက်လီစတိုး Roots ၊ ဂျပန် အမျိုးသားတီရှပ်ဖက်ရှင်လုပ်ငန်း Nepenthes တို့နဲ့ ပူးပေါင်းပြီး ဖြန့်ချိပါတယ်။ October’s Very Own ဖက်ရှင်ကို OVO လို့လည်း အတိုကောက် ခေါ်ကြပြီး ထရက်ခ် ဂျက်ကတ် ၊ တီရှပ် ၊ ဆွယ်တာ နဲ့ Jogger တွေ ထုတ်လုပ်ရောင်းချပါတယ်။ ခေတ်သစ် Hip Hop စတိုင် ဖက်ရှင် မျိုးကြိုက်သူတွေအတွက် ရွေးချယ်စရာပါပဲ။

(၅) William Rast – ဂျက်စတင် တင်းမ်ဘားလိတ်ခ်

William-Rast

Photo : cheatsheet

နာမည်ကျော် အဆိုတော် ၊ တေးရေး နဲ့ သရုပ်ဆောင်လည်း ဖြစ်တဲ့ ဂျက်စတင် တင်းမ်ဘားလိတ်ခ်ဟာ ကမ္ဘာပေါ်က အရောင်းရဆုံးဂီတအနုပညာရှင်တစ်ဦး ဖြစ်သလို စီးပွားရေးလုပ်ငန်းအနေနဲ့လည်း Tennman Records ၊ Mirimichi Golf Course ၊ Souza 901 Tequila စသည်ဖြင့် လုပ်ငန်းအမျိုးမျိုးလည်း လုပ်ပါတယ်။ ဒီထဲမှာ သူနဲ့ ငယ်ပေါင်းကြီးဖော် အကောင်းဆုံးသူငယ်ချင်းတစ်ဦး ဖြစ်တဲ့ ထရေ့စ် အေယာလာနဲ့ ပေါင်းပြီး William Rast ဆိုတဲ့ ကုမ္ပဏီတစ်ခုလည်း ၂၀၀၅ ခုနှစ်က တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီက သူတို့အဖိုးတွေ ဖြစ်တဲ့ William Bomar နဲ့ John Rast တို့ကို အစွဲပြုပြီး နာမည်ပေးထားတာပါ။ အဓိကအားဖြင့် Denim Looks ပုံစံ Rugged ဖက်ရှင်တွေ အသားပေးထုတ်ပါတယ်။ နောက်ပိုင်းမှာ ပရီမီယံ Denim ၊ Jackets ၊ Footwear နဲ့ တခြား Accessories တွေ ထုတ်လုပ်ပါတယ်။

Featured Photo : cheatsheet