အချစ်ဆိုတာ အတင်းအကြပ် လုပ်ယူဖန်တီးလို့ မရနိုင်ပါဘူး။ ချစ်ကြိုက်ခုံမင် မေတ္တာသက်ဝင်နေချိန်မှာ ကြည်နူးပျော်ရွှင်မှုတွေက အတိုင်းအ ဆမရှိ ဆိုပေမယ့်လို့ မချစ်လို့ မုန်းကြတဲ့အခါ အဆုံးမဲ့ နာကျင်မှုရဲ့ ဝေဒနာကလည်း ပြင်းထန်လွန်းလှပါတယ်။ ချစ်သူနှစ်ဦး လမ်းခွဲချိန်က အနာကျင်ရဆုံးအချိန်လို့ ပြောကြပေမယ့် အချစ်တွေမရှိတော့တဲ့ အေးစက်စက် ဆက်ဆံရေးရဲ့ တမြေ့မြေ့ နာကျင်မှုဝေဒနာက ပိုပြီး ခံစားရ ဆိုးစေပါတယ်။ အကယ်၍ အခုပြောပြမယ့် အချက်လေးတွေနဲ့ ကွီးတို့ တိုက်ဆိုင်နေပြီဆိုရင်တော့ ကွီးတို့ရဲ့  ချစ်သူကောင်မလေး က ကွီး တို့အပေါ် အချစ်တွေကုန်သွားပြီ ၊ လက်ရှိ Relationship ကို လက်လွှတ်ဖို့ တွေးနေပြီဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။

(၁) ဘာလုပ်လုပ် အပြစ်တွေ မြင်လာမယ်

Photo : Unsplash

ချစ်နေကြချိန်မှာ ဘာပဲလုပ်လုပ် ချစ်ဖို့ကောင်းတယ်လို့ တွေးတက်ကြပေမယ့် အချစ်တွေ မရှိတော့ရင်တော့ ဘယ်အရာကိုမှ အကောင်းမြင်နိုင်တဲ့ စိတ်ရှိမှာမဟုတ်ပဲ အပြစ်တွေသာ ပိုပြီး မြင်လာမှာပါ။ ကွီး တို့ ဘယ်လောက်ပဲ ကောင်းတဲ့အရာတွေ လုပ်နေပါ‌စေ သူမဘက်အသိမှတ်ပြုမှုမရှိဘူး ၊ အကောင်းမြင်ပေးနိုင်စွမ်းမရှိဘူး ၊ အပြစ်တင်စကားသံတွေပဲ ကြားနေရတယ်ဆိုရင်တော့ သေချာပါတယ် သူမ ကွီးအပေါ် ချစ်တဲ့ စိတ်တွေ ကုန်ဆုံးနေလို့ပါ။

(၂) အတူရှိနေချိန်မှာတောင် စကားလုံးတွေ ဆွံ့အ နေမယ်

Photo : Unsplash

အရင်က ဘယ်လောက်ပဲ တစ်ယောက်နဲ့ တစ်ယောက် တီတီတာတာ အချစ်စကားတွေ ဆိုခဲ့ကြပေမယ့် လက်ရှိအချိန်မှာ ပြောဖို့ စကားလုံးတွေ ရှာမတွေ့ဘူး။ အတူတူ အနားမှာရှိနေချိန်မှာတောင် ပြောစရာရယ်လို့ ထွေးထွေးထူးထူး မရှိဘူး။ နှစ်ဦးသား တွေ့ဆုံချိန်က တိတ်ဆိတ်ခြောက် ကပ်နေမယ် ၊ ရယ်မောသံတွေ မရှိတော့ဘူး ၊ ကြည်နူးစရာ စကားလုံးတွေလည်း မရှိတော့ဘူးဆိုရင် ကွီးတို့ အချစ်ရေးရဲ့ အလားအလာက အနုတ် လက္ခဏာပြနေပါပြီ။

(၃) အပေါ်ယံဆန်တဲ့ ဆက်ဆံရေးမျိုး ဖြစ်လာမယ်


Photo : Unsplash

လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချစ်တွေ ကုန်ဆုံးသွားတဲ့အခါ ဆက်ဆံရေးကလည်း အေးတိအေးစက်နဲ့ အပေါ်ယံဆန်လာမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုအကြောင်းလဲ စိတ်ဝင်တစားရှိတော့မှာ မဟုတ်သလို ကွီးတို့ ဘယ်သူနဲ့ ရှိနေလဲ ဘာတွေလုပ်နေလဲဆိုတာလည်း မေးခွန်းထုတ်နေမှာ မဟုတ်ပါဘူး။ လေးလေးနက်နက် ခံစာချက်တွေမရှိတော့ပဲ အပေါ်ယံဆန်တဲ့ မေးထူးခေါ်ပြော ဆံဆက်ရေးလောက်နဲ့ပဲ ကွီးတို့အပေါ် ပြောဆိုဆက်ဆံနေပြီဆိုရင်တော့ မကြာခင်မှာ လမ်းခွဲစကားပြောဖို့ သူမဘက်က ဆိုင်းပြင်းနေပြီဆိုတာ သေချာသလောက် ရှိပါတယ်။

(၄) ဆွေးနွေး တိုင်ပင်တာတွေ မရှိတော့ဘူး


Photo : Unsplash

ချစ်သူနှစ်ဦး အရင်က ဘာပဲလုပ်လုပ် တစ်ယောက်ကိုတစ်ယောက် အမြဲအသိပေးတယ် ၊ ဆွေးနွေးတိုင်ပင်ကြတယ် ၊ တစ်ယောက်ရဲ့ ထင်မြင်ချက် အကြံပြုချက်တွေကို အလေးထားတယ်ဆိုပေမယ့် အခုလက်ရှိမှာ ကွီးတို့ကို ဘာမှဆွေးနွေးတိုင်ပင် နေတာရယ်လို့ မရှိဘူး ၊ ကွီးတို့ဆီက အကြံပြုချက် ၊ ထင်မြင်ချက်တွေလည်း တောင်းမနေတော့ဘူး ဆိုရင် သူမရဲ့ အနာဂတ်အစီအစဉ်ထဲမှာ ကွီးတို့ မပါတော့ဘူးဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်။

Featured Photo : Her Way