ရင်အုပ် ကြွက်သားများပေါ်တွင် တက်တူးရေးထူးခြင်းသည် ယနေ့ခေတ် လူငယ်လူရွယ်များနှင့် သက်လတ်ပိုင်း အမျိုးသားများအကြား ရေပန်းစားတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ် ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းသည် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်နေတတ်တဲ့အတွက်ကြောင့် တက်တူးမထိုးခင်ကတည်းက ကိုယ်ထိုးမယ့်တက်တူးအကြောင်းကို သေချာလေ့လာထားဖို့ လိုအပ်ပါတယ်။ ရင်အုပ် ကြွက်သားပေါ်မှာ တက်တူးများနဲ့ ကြည့်ကောင်းနေချင်တဲ့ ကွီး တို့အတွက် ရေးထိုးနိုင်မယ့် တက်တူး ဒီဇိုင်းတွေကလည်း အများအပြားပါပဲ။

များပြားလွန်းလှတဲ့ တက်တူးဒီဇိုင်း အများအပြားရှိတဲ့ အနက် ရင်အုပ်ကြွက်သားပေါ်မှာ တက်တူးရေးထိုးချင်တဲ့ ကွီးတို့အတွက် အမိုက်စား တက်တူး ဒီဇိုင်းများကို ဝေမျှပေးလိုက်ရပါတယ်။

ရင်အုပ်နှစ်ခုစလုံးမှာ နေရာအပြည့်ယူထားတဲ့ တက်တူး

ရင်အုပ် ကွီး တက်တူး

ဒီတက်တူးလေးကတော့ ဒီဇိုင်း (၄) မျိုးကို အတူတကွ ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ နှင်းဆီပန်းပွင့်၊ မျက်လုံး၊ တြိဂံနှင့် တောင်ပံပုံတို့သည် တစ်ထပ်တည်းနဲ့ အသက်ဝင်နေတာကို တွေ့မြင်ရမှာပါ။

ရင်အုပ်နဲ့ လက်မောင်းတက်တူးကို အခုလို ဆက်ထားလိုက်တဲ့အခါ

ရင်အုပ် ကွီး တက်တူး

ဒီလိုတက်တူးမျိုးကတော့ ဒီဇိုင်းအမိုက်စားလို့ ဆိုရမှာပါပဲ။ တက်တူးဆရာရဲ့ ကျွမ်းကျင်မှုနဲ့သာလျှင် ဒီလိုတစ်ထပ်တည်းကျနိုင်မယ့် ဒီဇိုင်းမျိုး ရရှိမှာ ဖြစ်ပါတယ်။

နဂါးပုံတက်တူး

ရင်အုပ် ကွီး တက်တူး

ဒီတက်တူးကလည်း စောစောကလိုပဲ လက်မောင်းနဲ့ ရင်အုပ်ကို ဆက်စပ်လိုက်တဲ့ တက်တူးတစ်ခုပါ။ နဂါးက လက်မောင်းကို ရစ်ပတ်ထားတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။

အရောင်အသွေးစုံလင်သော ငှက်ပုံတက်တူး

ရင်အုပ် ကွီး တက်တူး

ရင်အုပ် ကြွက်သား တောင့်တင်းတဲ့ ကွီး တို့အတွက်တော့ ဒီ တက်တူး ဒီဇိုင်းလေးက မိမိုက်နေမှာပါ။ အရောင်အသွေးစုံစုံလင်လင်လေး ရေးထိုးထားတဲ့အတွက်ကြောင့် အမဲရောင်မှင်ထက် ပိုမိုဆွဲဆောင်မှုရှိကာ လှပနေမှာပါ။

ဇီးကွက်ပုံတက်တူး

ရင်အုပ် ကွီး တက်တူး

ညအချိန်မှာ ဇီးကွက်က နှလုံးကို ချီဆောင်နေတဲ့ပုံသဏ္ဍာန် ဖြစ်ပါတယ်။ တက်တူးရေးထိုးသူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်မူတည်ပြီး ထိုတက်တူးရဲ့အဓိပ္ပာယ်သည်လည်း ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

ရိုးရာတက်တူး

ရင်အုပ် ကွီး တက်တူး

သင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမိုက်စားတက်တူးလေးနဲ့ ပြည့်နှက်နေစေချင်တယ်ဆိုရင်တော့ ဒီလို ဒီဇိုင်းမျိုးကို ရွေးချယ်လိုက်ပါ။

နာရီနှင့် စက်သွားပုံတက်တူး

ရင်အုပ် ကွီး တက်တူး

ဒီတက်တူးလေးသည် အချိန်က တန်ဖိုးမဖြတ်နိုင်ကြောင်း ဖော်ပြနေတဲ့တက်တူးအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

လှပတဲ့ ဒီဇိုင်း

ရင်အုပ် ကွီး တက်တူး

နာရီနှင့် နှင်းဆီအပြာတို့ကို ပေါင်းစပ်ကာ တက်တူးရေးထိုးထားတာ ဖြစ်ပါတယ်။ ဂန္တဝင်ဆန်တဲ့တက်တူးမျိုးကို ထိုးချင်တယ်ဆိုရင်တာ့ ဒီတက်တူးဒီဇိုင်းကို ရွေးချယ်သင့်ပါတယ်။

သဲနာရီပုံတက်တူး

ရင်အုပ် ကွီး တက်တူး

အရိုးရှင်းဆုံးနဲ့ အလှပဆုံးတက်တူးကို ရင်အုပ်ပေါ်မှာ ထိုးချင်တယဆိုရင်တော့ ဒီတက်တူးက အမိုက်ဆုံးပါပဲ။

အခုဖော်ပြသွားတဲ့ ရင်အုပ်ကြွက်သားပေါ်ရှိ တက်တူးဒီဇိုင်းများကို ကွီးတို့အားလုံး နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Menshairstylesnow

Featured Image Source: Mamasuncut