သီချင်းချစ်သူတို့ကို Hotel California ဆီသို့ ခေါ်ဆောင်သွားဖူးတဲ့ ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ထိုအဖွဲ့ကတော့ နာမည်ကြီး Eagles အဖွဲ့ဖြစ်ပြီး အချစ်သီချင်း ကောင်း များစွာကို သီဆိုကြတဲ့ အဖွဲ့တစ်ဖွဲ့ပါ။
Eagles အဖွဲ့ကို ၁၉၇၁ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့တွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး သူတို့ရဲ့ အမိုက်စားအရည်အချင်းများနဲ့ အချစ်သီချင်း ကောင်းများကြောင့် ပရိသတ်ရဲ့ ရင်ထဲ တစ်စထက်တစ်စ ပိုမိုစွဲငြိလာစေခဲ့တာ ဖြစ်ပါတယ်။ သူတို့သည် ဂရမ်မီဆုပေါင်း ၆ ဆု ရရှိခဲ့ပြီး American Music Awards ဆု ၅ ဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
Photo: Redbubble
Eagles အဖွဲ့ရဲ့ အကျော်ကြားဆုံး အချစ်သီချင်း နှစ်ပုဒ်ကို ပြောပါဆိုရင် Hotel California နဲ့ The Girl From Yesterday သီချင်းတို့ပဲဖြစ်ပါတယ်။ The Girl From Yesterday သီချင်းကိုဆိုရင် ကော်ပီကူးကာ ပြန်လည်သီဆိုကြတဲ့သီချင်းကိုလည်း မြန်မာသီချင်းချစ်သူပရိသတ်များ အကြိုက်တွေ့ခဲ့ကြပါသေးတယ်။
ရော့ခ်ဂီတသီချင်းများကို နှစ်သက်ပြီး Eagles အဖွဲ့ကို ကြိုက်ကြတဲ့ သီချင်းချစ်သူများအတွက် သူတို့အဖွဲ့ရဲ့ အကောင်းစား အချစ်သီချင်း ကောင်းများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
Love Will Keep Us Alive
သီချင်းစာသားလေးက လှပပြီးတော့ အဆိုရှင်ရဲ့ အသံကလည်း ဆွဲဆောင်မှုအပြည့်ရှိတာ ငြင်းမရပါဘူး။ ဒီသီချင်းလေးကိုတော့ Jim Capaldi ၊ Paul Carrack နဲ့ Peter Vale တို့က ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး Soft Rock အမျိုးအစားဖြစ်ပါတယ်။
The Best Of My Love
Relationship တစ်ခုမှ ကိုယ့်ရဲ့ လက်တွဲဖော်အတွက် အကောင်းဆုံးတွေကို ပေးစွမ်းချင်တဲ့အကြောင်း ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး လူကြိုက်များခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ပြန်လည်သီဆိုခဲ့ပါသေးတယ်။
Try And Love Again
ဒီသီချင်းလေးကတော့ ၁၉၇၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပါတယ်။ သူ့ကိုလည်း ၂၀၁၃ ခုနှစ်မှာ ပြန်လည်အသံသွင်းကာ သီဆိုခဲ့ပါသေးတယ်။
I Love To Watch A Woman Dance
သီချင်းအေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ အချစ်သီချင်းလေးကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ I Love To Watch A Woman Dance သီချင်းလေးကို နားဆင်သင့်ပါတယ်။ ဒီသီချင်းလေးကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
သီချင်းစာသားလေးတွေကလည်း အဓိပ္ပာယ်ပြည့်စုံပြီး ဂီတသံစဉ်လေးကလည်း သာယာငြိမ့်ညောင်းလှပပါတယ်။
Victim Of Love
ဒီသီချင်းလေးကတော့ ၁၉၇၆ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တဲ့သီချင်းဖြစ်ပြီး ယနေ့ထိလည်း လူကြိုက်များနေဆဲဖြစ်ပါတယ်။
The Girl From Yesterday
မနေ့က ကောင်မလေး ဆိုတဲ့ သီချင်းလေးကို သီချင်းချစ်သူတို့အားလုံး ရင်းရင်းနှီးနှီးကြားဖူးပါလိမ့်မယ်။ သူ့ရဲ့ အင်္ဂလိပ်ဗားရှင်းကို နားထောင်ချင်တယ်ဆိုရင်တော့ Eagles အဖွဲ့ရဲ့ The Girl From Yesterday ဆိုတဲ့ ခေါင်းစဉ်နဲ့ အချစ်သီချင်း လေးတစ်ပုဒ်ကို နားဆင်ခံစားနိုင်ပါတယ်။
I Can’t Tell You Why
ဒီသီချင်းလေးကိုတော့ ၁၉၇၈ ခုနှစ်၊ မတ်လကတည်းက အသံသွင်းလို့ ပြီးစီးခဲ့ပေမယ့် တကယ်တမ်းထွက်ရှိလာတာကတော့ ၁၉၈၀၊ ဖေဖော်ဝါရီ ၈ ရက်နေ့ကျမှဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်းပဲ အသစ်ပြန်လည် အသံသွင်းထားကာ သီဆိုထားပါသေးတယ်။
Peaceful Easy Feeling
ဒီသီချင်းကို ရေးသားခဲ့သူကတော့ Jack Tempchin ဖြစ်ပြီး သီချင်းလေးက Soft Rock နဲ့ Country Rock အမျိုးအစားဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက စတင်ထွက်ရှိခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
What Do I Do With My Heart
ဒီသီချင်းကတော့ သင့်ရဲ့ချစ်သူနဲ့ အတူတူတွဲကချင်လာအောင် ဖန်တီးပေးနိုင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သူကတော့ ရော့ခ်ဂီတထက်စာရင် Ballad နဲ့ R&B ဂီတအမျိုးအစားနှစ်ခုကို ပေါင်းစပ်ထားတာနဲ့ ပိုတူပါတယ်။ ဒီသီချင်းလေးကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။
Pretty Maids All In A Row
ဒီသီချင်းလေးကိုတော့ ချစ်သူနဲ့ လမ်းခွဲပြတ်စဲထားပြီးခါစ ကွီးတို့အနေနဲ့ နားမထောင်သင့်ကြောင်း အကြံပေးချင်ပါတယ်။ နို့မဟုတ်ရင် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းနည်းစိတ်တဲ့ တားမရဆီးမရ ပေါ်ပေါက်လာပြီး အသည်းကွဲဝေဒနာ ပိုမိုဆိုးရွားလာပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့ Eagles အဖွဲ့ရဲ့ အချစ်သီချင်း ကောင်းတွေထဲက ဘယ်သီချင်းကို ကွီးတို့အကြိုက်ဆုံးဖြစ်မလဲ။
Source: Tonestart
Featured Image Source: Ultimateclassicrock