ကိုယ့်ရဲ့ ဘဝတိုက်ပွဲကို အမျှော်အမြင်ကြီးစွာ ရွေးချယ်ပါ။ ဘဝကြီးသည် ရှိသမျှ အခက်အခဲပေါင်းမျိုးစုံ၊ ပြဿနာမျိုးစုံကို ရင်ဆိုင်ဖြေရှင်းဖို့ရန်အတွက် တိုတောင်းလွန်းလှပါတယ်။ ဒါ့ကြောင့် ကိုယ်သည် ဘယ်လို အောင်မြင်မှု မျိုးကို လိုလားသလဲ၊ ဘယ်လို ဘဝတိုက်ပွဲ မျိုးကို အနိုင်တိုက်မလဲ စတာတွေကို သေချာစီစစ်ရွေးချယ်ခြင်းသည် နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်အတွက် အရေးအကြီးဆုံးကိုသာ သေချာရွေးချယ်ပါ။ ကျန်တဲ့ပမွှားလေးများအတွက် အချိန်ကုန်ခံမနေပါနဲ့။

ဘာ့ကြောင့် အရေးကြီးဆုံးတစ်ခုကိုသာ ရွေးချယ်သင့်သလဲ

 tips for kwee to choose their battles

Photo: Glamour

တစ် အချက်အနေနဲ့ အရာရာတိုင်းသည် ရေရှည်မှာ အရေးမကြီးပါဘူး။ သင်သည် ယခုအချိန်မှာ အရေးအကြီးဆုံးလို့ မှတ်ယူနေတဲ့အရာသည် နောက်ထပ် ၅ နှစ်၊ ၁၀ နှစ်၊ အနှစ် ၂၀ ကြာတဲ့အခါ ဘာမှရေးကြီးခွင်ကျယ်လုပ်နေစရာမလိုဘူးဆိုတာကို သိမြင်သွားပါလိမ့်မယ်။ ပြီးတော့ ဒီ့ထက်ပိုအရေးကြီးတဲ့အရာအတွက် ပိုမိုအာရုံစိုက်ကာ အချိန်ပိုပေးသင့်တယ်ဆိုပြီး နောင်တရသွားတတ်ပါတယ်။

နှစ်အချက်အနေနဲ့ အလဟဿအချိန်ဖြုန်းတီးပစ်နေတာနဲ့ တူလို့ပါ။ ပြဿနာရပ်တိုင်း၊ အခက်အခဲတိုင်းကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အချိန်နှင့် လူအင်အား လိုအပ်ပါတယ်။ ထိုအခက်အခဲများကို သင် ရင်ဆိုင်ကျော်ဖြတ်ကာ အနိုင်ယူပြီးသွားသည့်တိုင်အောင် သင်သည် အချိန်ကို အကျိုးရှိစွာအသုံးချလိုက်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းသည်လည်း အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

ကိုယ့်ရဲ့ အောင်မြင်မှု အတွက် ဘဝတိုက်ပွဲ ကို သေသေချာချာရွေးချယ်ပြီးတဲ့နောက်မှာ ထိုတိုက်ပွဲကို အနိုင်တိုက်နိုင်မယ့် နည်းလမ်းကောင်း များကိုလည်း သေသေချာချာအသုံးချသင့်ပါတယ်။

ပြဿနာအရင်းအမြစ်က ဘာလဲဆိုတာကို သေချာဆန်းစစ်ပါ

 tips for kwee to choose their battles

Photo: Glints

ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အသေးအဖွဲ့ ပြဿနာလေးများသည် ရေရှည်မှာ ကိုယ့်အတွက် ဘာအကျိုးစီးပွားမှမပေးနိုင်တဲ့အတွက်ကြောင့် လျစ်လျူရှုသင့်ရင် လျစ်လျူရှုရပါမယ်။ ဥပမာ သင့် မကောင်းကြောင်းကို သင့်ကွယ်ရာမှာ အတင်းချနေတဲ့ သူတွေကို အချိန်ကုန်ခံပြီး ဒေါသတကြီးနဲ့ သူတို့ကို ပြန်ရန်တွေ့မလား။

လူတိုင်းမှာ တစ်နေ့လျှင် ၂၄ နာရီသာ အချိန်ရကြတာပါ။ ထို ၂၄ နာရီထဲတွင် သင့်အတွက် စွမ်းဆောင်ရည်မြင့်မားပြီး Productive ဖြစ်အောင် ကူညီပေးမယ့် အချိန်သည် ၁ နာရီ၊ ၂ နာရီလောက်သာရှိပါတယ်။ တန်ဖိုးရှိတဲ့ သင့်အချိန်ကို သင် ဘယ်လိုကုန်ဆုံးချင်ပါသလဲ။

သင့်အတွက် ဘာမှ အကျိုးမရှိတဲ့သူတစ်ယောက်အတွက် ဒေါသထွက်နေမှာလား။ ဒါမှမဟုတ် တချိန်ချိန်မှာ သီးပွင့်ကြီးထွားလာမယ့် အောင်မြင်မှုအသီးအပွင့်အတွက် မျိုးစေ့လေးကို သေချာအချိန်ယူကာ ရေလောင်းပေါင်းသင်ပေးနေမှာလား။ ဒုတိယတစ်နည်းကတော့ သင့်ရဲ့ အောင်မြင်မှု ဘဝတိုက်ပွဲ အတွက် အကောင်းဆုံး နည်းလမ်းကောင်း တစ်ခုဖြစ်တာကြောင့် ထိုနည်းလမ်းကိုသာ ရွေးချယ်သင့်ပါတယ်။

အကျိုးအမြတ်က ဘာရမလဲ

 tips for kwee to choose their battles

ပြဿနာတိုင်းကို လျစ်လျူရှုထားရင်တော့ အောင်မြင်မှုနဲ့ မနီးစပ်နိုင်ပါဘူး။ ဥပမာ ကိုယ် ကြုံတွေ့နေရတဲ့ ပြဿနာသည် အလုပ်ခွင် နိုင်ထက်စီးနင်းပြုခံရတာမျိုး ဆိုရင် ကိုယ့်အခွင့်အရေး၊ ကိုယ့်ရပိုင်ခွင့်ကို သေသေချာချာသိထားဖို့လိုအပ်ပြီး ထိုနိုင့်ထက်စီးနင်း ပြုခံရခြင်းကို ပြန်လည်တွန်းလှန်ဖို့လိုအပ်ပါတယ်။ အောင်မြင်ချင်တဲ့သူတစ်ယောက်သည် ကိုယ့်ကို ဖိနှိပ်ချုပ်ချယ်နေတာကို ဒီအတိုင်း ငြိမ်ခံမနေသင့်ပါဘူး။

အလားတူအခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ ဒီပြဿနာရပ်သည် အနာဂတ်မှာ ထပ်တလဲလဲ ကြုံတွေ့နေရမှာလား။ ကိုယ့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနေသလဲ။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နေပြီလား။ တကယ်လို့ ထိုပြဿနာကို ထိပ်တိုက်ရင်ဆိုင်ပြီး အောင်မြင်အောင် ကျော်လွှားပြီးတဲ့နောက်မှာ ရရှိမယ့် အကျိုးအမြတ်သည် ကိုယ့်အတွက် ကောင်းကျိုးပေးမလား စတဲ့ မေးခွန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။

အကောင်းဆုံးဖြေရှင်းချက်က ဘာဖြစ်မလဲဆိုတာကို ဦးနှောက်အခြောက်ခံကာ စဉ်းစားပါ

အောင်မြင်မှု ဘဝတိုက်ပွဲ နည်းလမ်းကောင်း

ပြဿနာရပ်တိုင်းမှာ မတူညီတဲ ဖြေရှင်းချက်နည်းလမ်းပေါင်းစုံရှိပါတယ်။ ပထမနည်းလမ်းကို အသုံးပြုရင် ဘယ်လိုအကျိုးရလာဒ်ကို ရရှိမလဲ။ ဒုတိယနည်းလမ်းကရော ဘယ်လိုအောင်မြင်မှုကို ဆောင်ကျဉ်းပေးနိုင်မလဲဆိုတာကို သေသေချာချာအချိန်ယူကာ စဉ်းစားဖို့လိုအပ်ပါတယ်။

ပြဿနာတစ်ခု ကြုံလာပါက ဝုန်းဒိုင်းနဲ့ ဖြေရှင်းချသွားတာမျိုးသည် ကိုယ့်ရဲ့အောင်မြင်မှုအတွက် အကျိုးမဖြစ်စေပါဘူး။ ဒါ့ကြောင့် သေသေချာချာအချိန်ယူကာ အကောင်းဆုံးနည်းလမ်းကို အသုံးချပြီး ဖြေရှင်းဖို့လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကို မြင့်မြင့်ထားပါ

အောင်မြင်မှု ဘဝတိုက်ပွဲ နည်းလမ်းကောင်း

တစ်စုံတစ်ယောက်သည် ကိုယ့်ကို မနာလိုလို့ ကဲ့ရဲ့ပြစ်တင်တဲ့အခါ ထိုထိုးနှက်ချက်များကြောင့် စိတ်ဓာတ်ကျမသွားဖို့ရန်အတွက် သင့်ရဲ့စိတ်ဓာတ်ကို အမြင့်ဆုံး အမြင့်တစ်နေရာမှာ ထားထားသင့်ပါတယ်။ ဒါမှ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေသည်လည်း ထိုအမြင့်ဆီသို့ ရောက်အောင် တိုက်ခိုက်နိုင်မှာမဟုတ်တော့ပါဘူး။

မတော်လို့ကိုယ်သည် စိတ်ဓာတ်ကျသွားခဲ့ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ပြန်သတိကပ်ပြီး စိတ်ငြိမ်အောင် အချိန်ပေးပါ။ မလိုလားသူတွေရဲ့ မကောင်းတဲ့မှတ်ချက်များကို ခေါင်းထဲက ထုတ်ပြီး စိတ်ငြိမ်သွားအောင် တရားထိုင်လိုက်ပါ။ ကိုယ့်ရဲ့စိတ်ဓာတ်ကို ပြန်လည်မြင့်မားလာအောင် ကိုယ်ကိုယ်တိုင်သာ စွမ်းဆောင်နိုင်တာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

အောင်မြင်မှု ဘဝတိုက်ပွဲ နည်းလမ်းကောင်း

Photo: Mensopedia

အောင်မြင်မှု အတွက် ဘဝတိုက်ပွဲ ကို အနိုင်တိုက်တဲ့အခါ အကောင်းဆုံး နည်းလမ်းကောင်း ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ ကိုယ် လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ သင့်ကိုယ်သင် ယုံကြည်တဲ့အခါ ထိုဘဝတိုက်ပွဲကို ၅၀ ရာခိုင်နှုန်းခန့် အနိုင်တိုက်နိုင်နေပြီဖြစ်ပါတယ်။ အရာအားလုံးအတွက် အရေးအကြီးဆုံးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြင်းထန်နေဖို့ပဲဖြစ်ပါတယ်။

အောင်မြင်နေတဲ့ အခြားသူတွေမှာလည်း တစ်နေ့လျှင် အချိန် ၂၄ နာရီသာ ရကြပြီး သူတို့မှာလည်း ခေါင်းတစ်လုံး၊ ဦးနှောက်တစ်ခုစီသာ ပါကြတာမဟုတ်လား။ အောင်မြင်သူနဲ့ မအောင်မြင်သူတွေအကြား ကွာခြားသွားတဲ့အချက်ကတော့ အောင်မြင်သူတွေသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြပြီး သူတို့သည် အရေးကြီးတဲ့ ပြဿနာရပ်များကိုသာ အာရုံထားကာ အချိန်ပေးဖြေရှင်းကြတာဖြစ်ပါတယ်။

Source: Personalexcellence

Featured Image Source: Freerangestock