ကျန်းမာပျော်ရွှင်စွာနဲ့ အနာရောဂါကင်းဝေးတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး ကိုယ့် ကျန်းမာရေး ကို ဂရုစိုက်တတ်တဲ့ ကွီး တို့အတွက် ကျန်းမာရေးကောင်းအောင် ကူညီပေးမယ့် ဖျော်ရည် အချို့ရှိပါတယ်။

အခုဖော်ပြပေးမယ့် ဖျော်ရည်များကို မှန်မှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်

fruit juice for kwee

ခရမ်းချဉ်သီးဖျော်ရည်ကတော့ အမျိုးသားတို့တွင် အဖြစ်များတတ်တဲ့ ဆီးကျိတ်ကင်ဆာရောဂါအန္တရာယ်မှ ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်များအရ ခရမ်းချဉ်သီး များများစားသုံးသော အမျိုးသားများ၊ ခရမ်းချဉ်သီးကို အခြေခံကာ ပြုလုပ်ထားတဲ့ အစားအစာများကို စားသုံးတဲ့အမျိုးသားများသည် ဆီးကျိတ်ကင်ဆာဖြစ်ပွားခြင်းကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။ သင့်အနေနဲ့ ခရမ်းချဉ်သီးကို ဖျော်ရည်လိုပဲသောက်သောက်၊ အစိမ်းပဲ စားစား၊ ချက်ပြုတ်ပြီးပဲ စားစား အာနိသင်ကတော့ အတူတူပါပဲ။

သကြားမုန်လာဖျော်ရည်

fruit juice for kwee

သကြားမုန်လာဖျော်ရည်ကတော့ သွေးကြောလေးများကို အားကောင်းစေပြီး သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးပါတယ်။ မကြာသေးမှီကမှ လေ့လာထားတဲ့ လေ့လာချက်အရ သကြားမုန်လာဖျော်ရည်ကို သောက်သုံးခြင်းသည် သွေးလှည့်ပတ်မှုကို ၄၀ ရာခိုင်နှုန်းခန့် လျော့ချပေးတယ်လို့ သိရှိရပါတယ်။

လိမ္မော်ရည်

ကျန်းမာရေး ကွီး ဖျော်ရည်

လိမ္မော်ဖျော်ရည်ကတော့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး အသားအရေလှပချင်သူများအတွက်သာမက ကျန်းမာရေး ကောင်းမွန်ချင်တဲ့ ကွီး တို့အတွက် ပုံမှန်သောက်သုံးပေးသင့်တဲ့ ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။

ပျားရည်နှင့် လိမ္မော်ဖျော်ရည်

ကျန်းမာရေး ကွီး ဖျော်ရည်

Photo: Wallpaper Flare

ပျားရည်နှင့် လိမ္မော်ရည်ကို ရောနှောသောက်သုံးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်က ဗီတာမင်စီဓာတ်ရော ဗီတာမင်အေဓာတ်ပါ ရရှိမှာဖြစ်ပါတယ်။ ထိုဗီတာမင်များသည် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးရုံသာမက မျက်စိအားကောင်းစေခြင်း၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း အစရှိတဲ့ ကျန်းမာရေးကောင်းကျိုးများ ခံစားရရှိစေပါတယ်။

နာနတ်သီးဖျော်ရည်

ကျန်းမာရေး ကွီး ဖျော်ရည်

နာနတ်သီးဖျော်ရည်တစ်ခွက်သည် သင့်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီစ်ဓာတ်ကို ထောက်ပံ့ပေးပြီး ထိုအာဟာရဓာတ်သည် အရိုးအဆစ်များ ကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးတာပါတယ်။ နာနတ်သီးဖျော်ရည်သောက်သုံးပေးခြင်းအားဖြင့် အရိုးအဆစ်များ သန်မာစေရုံသာမကဘဲ အစာချေစနစ်ကိုလည်း ကောင်းမွန်စေပြီး သွားများကို ကြံ့ခိုင်သန်မာစေပါသေးတယ်။ ဒါတင်မကသေးပါဘူး။ သူ့မှာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပမာဏလည်း နည်းနည်းပဲပါဝင်တာကြောင့် သင့်ရဲ့တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါသေးတယ်။

Source: Entrepreneur

Featured Image: iStock