မနက်ခင်း စောစောအချိန်တွင် အပြေး လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားပေးပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်းစေကာ နှလုံးသွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ဒီလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ ကောင်းမွန်အောင် ကူညီပေးတဲ့ အားကစားတစ်ခုကို ပုံမှန်ပြုလုပ်ပေးနိုင်ဖို့ရန်အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်များကို များများစားသုံးပေးဖို့လိုအပ်ပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအစများကို စားသုံးမှသာလျှင် အပြေးလေ့ကျင့်ခန်းကိုလည်း စွမ်းဆောင်ရည်အပြည့်နဲ့ ပြုလုပ်နိုင်မှာပါ။ အပြေးသမားများအနေနဲ့ ဘယ်လိုအစားအစာများကို အဓိကထား စားသုံးသင့်သလဲဆိုတော့ …

ကာဘိုဟိုက်ဒြိုက်ဓာတ်

food for runners

ကာဘိုဟိုဒြိုက်ဓာတ် ကြွယ်ဝတဲ့ အစားအစာများသည် စွမ်းအင်များရရှိအောင် ကူညီပေးပါတယ်။ အာလူး၊ အစေ့အဆံများ၊ ဂျုံဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ထမင်း၊ သစ်သီးများ စသည်တို့ကို စားသုံးပေးသင့်ပါတယ်။

ပရိုတင်းဓာတ်

food for runners

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများကတော့ စွမ်းအင်အတွက် လိုအပ်ရုံသာမကဘဲ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ဆဲလ်များ၊ တစ်သျှူးများကို ပြန်လည်ပြုပြင်ပေးပါတယ်။ ပရိုတင်းဓာတ် လုံလောက်စွာ ရရှိဖို့ရန်အတွက် ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ ငါး စသည်တို့ကို စားသုံးသင့်ပါတယ်။

အဆီဓာတ်

အပြေး လေ့ကျင့်ခန်း

ခန္ဓာကိုယ်အတွက် အဆီဓာတ်သည်လည်း မရှိမဖြစ် အရေးကြီးပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်ဖို့ရန်အတွက် သဘာဝအဆီများကို မှီဝဲပေးလိုက်ပါ။ ငါးကြီးဆီ၊ အစေ့အဆံမှရသော အဆီများ၊ အိုမီဂါသရီးဓာတ် ကြွယ်ဝသော အစားအစာများ စသည်တို့ကို စားသုံးသင့်ပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်

အပြေး လေ့ကျင့်ခန်း

အပြေးသမားများအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဗီတာမင်နှင့် သတ္တုဓာတ်များထံမှ မရရှိပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ဆဲလ်များကို ပြန်လည်ပြုပြင်ပေးဖို့ရန်အတွက်တော့ ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာများ လိုအပ်ပါတယ်။

ကယ်လ်စီယံဓာတ်၊ သံဓာတ်၊ ဆိုဒီယမ်ဓာတ် အစရှိတဲ့ အာဟာရဓာတ်များ ကြွယ်ဝသော အစားအစာများ စားသုံးပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် အလွန်အကျွံ ချွေးထွက်ပြီး ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးသွားတဲ့အခါ ဓာတ်ဆားလို ရေဓာတ် မြန်မြန်ဖြည့်တင်းပေးမယ့် ဖျော်ရည်များလည်း သောက်သုံးပေးသင့်ပါတယ်။

အပြေး လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ စားသုံးသင့်တဲ့ အစားအစာများနှင့် မစားသင့်တဲ့ အစားအစာများ

အပြေး လေ့ကျင့်ခန်း

အပြေး မလေ့ကျင့်ခင်မှာ စားသုံးတဲ့ အစားအစာတွေသည် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ အစားများများ စားချင်တယ်ဆိုရင်တော့ မပြေးခင် နှစ်နာရီအလိုကတည်းက စားသင့်ပါတယ်။ ဒါမှ မပြေးခင်မှာ အစာချေပြီးသားဖြစ်မှာပါ။ တကယ်လို့ ကိုယ်က အစာ နည်းနည်းပဲ စားမယ်ဆိုရင်တော့ တစ်နာရီအလိုလောက်မှ စားသင့်ပါတယ်။

မပြေးခင်မှာ စားသင့်တဲ့ အစားအစာများကတော့ အမျှင်ဓတ် ကြွယ်ဝသော အစားအစာများ၊ ကာဘိုဟိုက်ဒြိုက်၊ ပရိုတင်းနှင့် သဘာဝအဆီဓာတ် အနည်းငယ်တို့ကို မှီဝဲစားသုံးသင့်ပါတယ်။ ဥအမျိုးမျိုး၊ ဆော်လမွန်ငါး၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ဘယ်ရီသီးများ၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ မြေပဲထောပတ် စသည်တို့ကို စားသုံးသင့်ပါတယ်။

ရှောင်ကြဉ်ရမယ့် အစားအစာများကတော့ သကြားဓာတ် လွန်ကဲစွာ ပါဝင်သော အချိုရည်များ၊ စပ်လွန်းသော အစားအစများ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး စသည်တို့ကိုတော့ မစားသင့်ပါဘူး။

အပြေး လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက်မှာ စားသုံးသင့်တဲ့ အစားအစာများ

အပြေး လေ့ကျင့်ခန်း

ပြေးပြီးသွားတဲ့အခါမှာ ကုန်ဆုံးသွားတဲ့ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်မယ့် အစားအစာများကို စားသုံးရမှာပါ။ ကုန်ဆုံးသွားတဲ့ရေဓာတ်အတွက် ရေ၊ နို့ချောကလက်ဖျော်ရည်၊ ဓာတ်ဆားရည်၊ ပရိုတင်းရှိတ် စသည်တို့ကို မှီဝဲနိုင်ပါတယ်။

Source: Verywellfit

Featured Image: Runnersblueprint