တက်တူးချစ်သူ ကွီး တို့အတွက် ဒီတစ်ခါမှာတော့ ရဲရင့်တည်ကြည်မှုကို ဖော်ညွှန်းနေတဲ့ စစ်သည်တော် တက်တူး ဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။ ကွီး တို့အနေနဲ့ ဒီ စစ်သည်တော် တက်တူး များကို ထိုးပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးအနုပညာများကို အများမြင်အောင် ရှိုးထုတ်လို့ရပြီပေါ့။

ကွီး တို့ကို ဟိတ်ဟန်အပြည့်နဲ့ ကြည့်ကောင်းနေအောင် ကူညီပေးမယ့် စစ်သည်တော် တက်တူး ဒီဇိုင်းများကတော့ ….

စစ်သည်တော်ခေါင်းဆောင်းတက်တူး

warrior tattoos for kwee

ရင်အုပ်ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပြီး တက်တူးအကြီးကြီး မထိုးချင်သေးဘဲ တက်တူးအသေးနဲ့ အစပြုကာ ရေးထိုးချင်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံး ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

ဂျပန်စစ်သည်တော်တက်တူး

warrior tattoos for kwee

ကွီးတို့သည် အဖြူအမဲကာလာတက်တူးမျိုးကိုပဲ နှစ်သက်တယ်။ ပြီးတော့ ကိုယ့်ရဲ့ ကျောပြင်အပြည့်မှာ တက်တူးရေးထိုးချင်တယ်ဆိုရင်တော့ အခုလိုလေး ရေးထိုးနိုင်ပါတယ်။

စစ်သူကြီးတက်တူးကို ခပ်ကြီးကြီးလေး ရေးထိုးပြီးနောက် ကျန်တဲ့စစ်သည်တော်များကိုတော့ ဆိုဒ်အနည်းငယ် ချုံကာ ကျောပြင်အပြည့် ရေးထိုးနိုင်ပါတယ်။

လက်မောင်းပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

warrior tattoos for kwee

ဒီတက်တူးလေးကတော့ သင့်ရဲ့ လက်မောင်းပေါ်မှာ ဟိတ်ဟန်အပြည့်နဲ့ နေရာယူထားပြီး သင့်ရဲ့ တက်တူးဒီဇိုင်းကို ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

အရောင်စိုစိုလေးနဲ့ ကြည့်ကောင်းနေမယ့် တက်တူးဒီဇိုင်း

warrior tattoos for kwee

ကွီးတို့ရဲ့ တက်တူးတွေသည် ထိုးတာကြာလာတဲ့အခါ အရောင်တွေ မှိန်သွားတတ်ပါတယ်။ ဒါဆိုရင်တော့ တက်တူးဆရာရဲ့ ကျွမ်းကျင်မှုဖြင့် အရောင်ပိုစိုပြီး ပိုလှလာအောင် ပြုလုပ်နိုင်ပါတယ်။ စစထိုးချင်မှာလည်း အရောင်စိုစိုလေးနဲ့ ကြည့်ကောင်းနေစေချင်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။ ကွီးတို့ရဲ့ လက်မောင်းအိုးပေါ်မှာ ကြည့်ကောင်းနေစေမယ့်တက်တူးတစ်ခုဖြစ်ပါတယ်။

ချပ်ဝတ်ချပ်စား အပြည့်နှင့်စစ်သည်တော်

ကွီး စစ်သည်တော် တက်တူး

အားမာန်အပြည့်နဲ့ စစ်တိုက်နေတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဒီတက်တူးကနေတဆင့် ကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်ပါတယ်။

လက်ပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူး

ကွီး စစ်သည်တော် တက်တူး

ဒီတက်တူးလေးကတော့ ကွီး တို့ရဲ့လက်ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

ရင်အုပ်ပေါ်ရှိတက်တူး

ကွီး စစ်သည်တော် တက်တူး

ဒီတက်တူးကတော့ အတိုက်အခိုက်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ကြတဲ့ ဗိုက်ကင်းစစ်သည်တော်တစ်ဦးရဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

ရင်အုပ်ကြွက်သားပေါ်မှာ အစုံလိုက် ရေးထိုးနိုင်တဲ့တက်တူး

ကွီး စစ်သည်တော် တက်တူး

တက်တူးချစ်သူ ကွီးတို့အနေနဲ့ တက်တူးဒီဇိုင်းကို အစုံလိုက် ရေးထိုးချင်တယ်ဆိုရင်တော့ ရင်အုပ်ပေါ်မှာ ဟိုဘက်ဒီဘက် အစုံလိုက် ရေးထိုးနိုင်ပါတယ်။

ကျောပြင်ပေါ်မှာ ကြည့်ကောင်းနေစေမယ့် တက်တူးဒီဇိုင်း

ကွီး စစ်သည်တော် တက်တူး

အသက်ဝင်လွန်းလှတဲ့ တက်တူးဒီဇိုင်းမျိုး ရေးထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းလေးကို ရေးထိုးနိုင်ပါတယ်။

တက်တူးချစ်သူ ကွီးတို့အားလုံး အခုဖော်ပြသွားခဲ့တဲ့ စစ်သည်တော် တက်တူးဒီဇိုင်းများကို နှစ်ခြိုက်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Nextluxury

Featured Image: Joom