လူတစ်ယောက်ကို ချစ်ဖို့ စဉ်းစားရသလို မချစ်တော့ဖို့လည်း ဆုံးဖြတ်ရတာတွေ ရှိကြတာပါပဲ။ ချစ်တယ် ၊ မချစ်တော့ ဘူးဆိုတာ ပြောဖို့ လွယ်ပေမယ့် နှလုံးသားရေးရာ ပြဿနာဖြစ်လို့ ခေါင်းမသုံးဘဲ ဆုံးဖြတ်မိကြတာ အများသားပါ။ ဆုံးဖြတ်ပြီးမှ နောင်တရမယ့်အစား လမ်းခွဲတော့မယ်လို့ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ခင်လေး သိသင့်တဲ့အချက်တချို့ ပြောပြချင်ပါတယ်။

(၁) အရင်ဆုံး ညှိပါ

Couple

Photo : Pexels

အခြေအနေ အရပ်ရပ်ကြောင့် စိတ်ကုန်သွားတယ်ဆိုရင်တောင် ပြဿနာကို နှစ်ဦးသား မျက်နှာချင်းဆိုင်ပြီး ညှိပါလို့ ပြောချင်ပါတယ်။ ဘာက ဒီ Relationship ကနေ စွန့်ခွာစေချင်တာလဲ ၊ မပျော်နိုင်တာ ဘာကြောင့်လဲ။ ဘာတွေ ပြင်ပေးစေချင်သလဲ အရင်ဆုံး ညှိကြည့်ပါ။ သူမှားရင် ကိုယ့်ဘက်က ခွင့်လွှတ်ချင်စိတ်ထားဖို့ လိုပြီး ကိုယ်မှားရင် ဝန်ချတောင်းပန်ဖို့လည်း မမေ့ပါနဲ့။

(၂) အရင်လို ပြန်လက်တွဲလို့ ဖြစ်နိုင်မလား အဖြေရှာပါ

Hands

Photo : Pexels

ဘယ်လိုပဲ ဖြစ်ဖြစ် Breakup လုပ်ဖို့ ဆန္ဒမရှိသေးရင် တစ်ယောက်ကိုတစ်ယောက် အရင်လို နွေးထွေးမှုနဲ့ ပြန်ကြင်နာနိုင်မယ့် နည်းလမ်းရှာပါ။ ခံစားရတဲ့အတိုင်းကို အမှန်အတိုင်း ချပြပါ။ အတူတူ ဖြေရှင်းရမယ့် ကိစ္စတွေကို စာရင်းပြတ်အောင် ရှင်းထုတ်ပါ။ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိရင်လည်း ပြင်ပါ။ နှစ်ယောက်သားအတူ ရှိစဉ်က ကောင်းမွန်တဲ့ အမှတ်တရတွေကို ပြန်ဖော်ထုတ်ပါ။ ပြန်လက်တွဲဖို့ အဆင်ပြေသွားရင် လမ်းခွဲမယ့်အကြောင်း ခေါင်းထဲက ထုတ်နိုင်အောင် ကြိုးစားပါ။

(၃) ခဏလောက် အချိန်ယူပါ

Alone

Photo : Pexels

Breakup မလုပ်ခင် အနည်းဆုံး ၁ လလောက်ဖြစ်ဖြစ် နှစ်ဦး သဘောတူ အချိန်ယူစဉ်းစားတာ အကောင်းဆုံးပါ။ ဒီအတွင်းမှာ တစ်ယောက်ကို တစ်ယောက် သီးသန့်အချိန်တွေ ထားပေးဖို့ လိုပါတယ်။ Breakup မလုပ်ခင် အရင်ဆုံး ကိုယ်ရောသူပါ သီးခြားစီ အချိန်ယူပြီး ရှေ့ရေးအကြောင်း အလေးအနက် တွေးတာဟာ အခန့်မသင့်လို့ လမ်းခွဲခဲ့ရင်လည်း မှားတာကြောင့် ဝမ်းနည်းစရာဖြစ်မှာ မဟုတ်ပါဘူး။

(၄) သူငယ်ချင်းတွေ နဲ့ တိုင်ပင်ပါ

Friends

Photo : Pexels

သမီးရည်းစားကိစ္စကို သူငယ်ချင်းတွေနဲ့ တိုင်ပင်တာ အကြံဉာဏ်ကောင်း မဟုတ်ပေမယ့် တခါတလေမှာ အတော်လေး အသုံးဝင်ပါတယ်။ အကြောင်းအကျိုးသင့် မြင်တတ်တဲ့ သူငယ်ချင်းဆီက အကြံဉာဏ်ဟာ သင်တို့နှစ်ယောက် ပြန်လက်တွဲပြီး မြဲစရာ အကြောင်း ဖြစ်နိုင်ပါတယ်။

Featured Photo : irishtimes