ဆံပင် ခွဲကြောင်းထိပ်နားမှာ ဆံပင်ပါးသထက် ပါးလာပြီလား။ ဆံပင်ကျွတ်ခြင်းဟာ သွိုင်းရွိုက်နဲ့ဆက်စပ်တဲ့ ရောဂါ ၊ စိတ်ဖိစီးမှု ၊ သွေနီဥအားနည်းခြင်း ၊ ကိုယ်ခံအားစနစ် မမှန်ခြင်းတွေနဲ့ဆက်စပ်မှု ရှိနိုင်ပါတယ်။ တစ်ချို့ကလည်း မျိုးရိုးလိုက်ပြီး ထိပ်ပြောင် တာ ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ နဖူးစပ်က ဆံပင်တွေ ကျွတ်လာပြီဆိုရင် အခုပြောမယ့် အချက်တွေ ဂရုတစိုက် လိုက်နာသင့်ပါတယ်။
(၁) Dryer မသုံးပါနဲ့
Photo : The Manual
ဆံပင်ကျွတ်လာပြီဆိုရင် သတိထားပါ။ ရေချိုးခန်းက ထွက်လာတာနဲ့ Dryer သုံးပြီး အခြောက်ခံတာမျိုး မလုပ်မိဖို့လိုပါတယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါ အနုစားနဲ့ဖွဖွလေးသုတ်ပြီး သဘာဝအတိုင်း ခြောက်သွေ့အောင်ထားပါ။ ရေစိုနေချိန်မှာ ဆံပင်ကိုဘီးနဲ့ခပ်ကြမ်းကြမ်းဖြီးတာလည်း ရှောင်သင့်ပါတယ်။
(၂) ဆေးလိပ်ဖြတ်ပါ
Photo : Kerala Insider
ဆေးလိပ်ဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ဆံပင်ဖြူလွယ် ပျက်စီးလွယ်တယ်ဆိုတာတော့ သိတဲ့သူ နည်းပါတယ်။
(၃) ဆံပင်ကို ဆေးမဆိုးပါနဲ့
Photo : Men’s Health
ဆံပင် ကာလာတင်ခြင်းဟာ Hair Loss ဖြစ်ဖို့အလားအလာ ပိုများစေပါတယ်။ဆံပင် ဆံသားထဲ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဝင်ပြီး ပျက်စီးစေနိုင်လို့ဆံပင်ဆေးဆိုးတာမျိုး ရှောင်ပါ။
(၃) အာဟာရ
Photo : MyFitnessPal Blog
စားသောက်တဲ့ အာဟာရမလုံလောက်ရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်တွင်းမှာ သံဓါတ် ၊ ဇင့်နဲ့ဖက်တီအက်ဆစ် Level မှန်မမှန်သိဖို့သွေးစစ်တာပါပဲ။ ပြီးရင်တော့ Diet လုပ်ပြီး ဆံပင်ကျွတ်ခြင်းကို သက်သာအောင် ကာကွယ်သင့်ပါတယ်။
(၅) ဦးခေါင်းကို နှိပ်နယ်ပေးပါ
Photo : The Bodywise Clinic
လေ့လာမှုတစ်ခုအရ ဦးရေပြးကို ခပ်ဖွဖွ နှိပ်နယ်ပေးခြင်းဟာ ဆံပင်သန်စွမ်းစေတယ်လို့ဆိုပါတယ်။ နှိပ်ပေးခြင်းကြောင့် သွေးစီးဆင်းမှု ပိုများလာပြီး ဆဲလ်တွေကို ပိုပြီး နှိုးဆွနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆံပင်ကျွတ်ခြင်းဟာ စိတ်ဖိစီးမှု များသူတွေမှာ အဖြစ်များတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့လည်း အကြံပြုချင်ပါတယ်။
Featured Photo : X Hair Lounge