ပျက်စီးကြေကွဲစရာတွေဆီကို ဦးတည်နေတဲ့ ဆက်ဆံရေးကို Toxic Relationship လို့ ခေါ်ပါတယ်။ သူငယ်ချင်းအချင်းချင်း ပေါင်းသင်းဆက်ဆံမှုမှာ စိတ်ပျက်စရာတွေပဲ ရလာတဲ့ ဆက်ဆံရေးကို Toxic Friendship လို့ ခေါ်နိုင်မှာပါ။ လူအတော်များများဟာ ကိုယ့်အပေါ် တစ်စက်ကလေးမှ မကောင်းတဲ့ ဘော်ဒါ နဲ့ အဆက်မဖြတ်နိုင်ဘဲ မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ ဘဝနဲ့ နေကြတာ များပါတယ်။

ဒီလိုမျိုး Toxic Friendship ဘဝမှာ နေတာဟာ ကိုယ့်ကိုယ်ကိုယ် အနုနည်းနဲ့ ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ကြာလာရင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ရပြီး ဘယ်သူနဲ့မှ အပတ်သက်မလုပ်ချင်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး မဖြစ်ခင် Toxic ဝင်နေတဲ့ Friendship ကို ကုစားဖို့ သိထားသင့်တဲ့ ရှောင်နည်းဆောင်နည်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) တည့်ဖြေရှင်းပါ

Confront Them About Their Actions & Words

Photo : MensXp

Toxic လာပေးတဲ့ ဘော်ဒါကို ပွင့်ပွင့်လင်းလင်းပဲ ရင်ဆိုင်တာ ကောင်းပါတယ်။ ကိုယ့်အပေါ် လှောင်ပြောင် ရှုံ့ချတာတွေ ၊ လိမ်လည်လှည့်ဖျားတာတွေ လုပ်ရင် လုပ်တဲ့အကြောင်းကို တည့်မေးပါ။ ဒါမျိုး နောက်မလုပ်ဖို့ပါ ယဉ်ယဉ်ကျေးကျေး တောင်းဆိုပါ။ ပြဿနာ နည်းနည်းတက်နိုင်ပေမယ့် နောက်ကို ဒါမျိုး ကိုယ့်လာ စော်ကားဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။

(၂) အေးအေးဆေးဆေး ဆွေးနွေးပါ

Have A Conversation

Photo : MensXp

အရင့်အရင်ကတည်းက ပေါင်းလာတဲ့ ဘော်ဒါရင်းကြီးတွေလည်း ဖြစ်တယ် ၊ အခင်အမင်လည်း မပျက်ချင်ဘူးဆိုရင် အရင်ဆုံး သူနဲ့ အေးအေး ဆေးဆေးပဲ တစ်နေရာမှာ ထိုင်ပြီး ကိုယ်မကြိုက်တဲ့ သူ့အမူအကျင့်တွေအကြောင်း ဆွေးနွေးပါ။ ညှိနှိုင်းပါ။ ရှေ့လျှောက် အခင်အမင်မပျက် ဆက်သွားနိုင်ဖို့ Friendship မထိခိုက်စေချင်လို့ အခုလို အေးအေးဆေးဆေး ဆွေးနွေးတာ ဖြစ်ကြောင်းလည်း ပြောပြပါ။ ဒါမျိုးက ညှိလို့ လွယ်ပါတယ်။

(၃) ခပ်ခွာခွာ နေပါ

Take Some Space

Photo : MensXp

အကျင့်မကောင်းတဲ့ ဘော်ဒါတွေနဲ့ ခပ်ကင်းကင်း နေတာကလည်း တစ်နည်းကောင်းပါတယ်။ အာရုံမနောက်ချင်ရင် တစ်ခါတလေ ခပ်ခွာခွာနေဖို့ လိုပါတယ်။ ဒီလို ပြောလို့ လုံးဝကြီး အဆက်ဖြတ်တာမျိုး မဟုတ်ဘဲ အမြဲတမ်းကြီး မတွေ့ဖို ပြောတာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်နဲ့ ပွတ်တိုက်မှု မဖြစ်ချင်ရင် Space ထားဖို့ လိုပါတယ်။ ကိုယ့်အကန့်နဲ့ကိုယ် နေသွားရင် တစ်ဖက်လူလည်း ကိုယ့်လုပ်ရပ်ကို ထိန်းသွားနိုင်ပါတယ်။

(၄) အဆက်ဖြတ်ပါ

Cut Them Off

Photo : MensXp

နောက်ဆုံးအဆင့်အနေနဲ့ ဘယ်လိုမှ ညှိလို့ မရ ၊ အကန့်ထားပြီး ဆက်ဆံလို့ မရရင် လုံးဝအဆက်ဖြတ်ပစ်ဖို့ပဲ ရှိပါတယ်။ Friendship တွေဟာ တန်ဖိုးထားအပ်တဲ့ အရာပါ။ ဒါပေမယ့်လည်း ကိုယ့်အတွက် Toxic ဖြစ်လာပြီး ဖြေရှင်းလို့လည်း မဖြစ်နိုင်တော့ရင် ဆက်ပေါင်းစရာတော့လည်း မလိုပါဘူး။

Featured Photo : grottonetwork