Broken Family ကနေ ဆင်းသက်လာသူတွေသည် သူတို့ရင်ထဲမှာ စိတ်ဒဏ်ရာတွေ ရှိကြတဲ့အတွက်ကြောင့် သူတို့ကို ချစ်မိ တဲ့အခါ သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

Broken Family ဆိုရာမှာ မိဘအချင်းချင်း ကွာရှင်းပြတ်စဲထားခြင်းကြောင့်သော်လည်းကောင်း၊ အိမ်ထောင်ရေး နှိပ်စက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ မိဘထဲမှ တစ်ဦးဦး သေဆုံးသွားခြင်းကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ထိုအချက်များကြောင့် ငယ်စဉ်ကတည်းက သူတို့စိတ်ထဲမှာ စိတ်ဒဏ်ရာ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် Broken Family ကနေ ဆင်းသက်လာသူကို ချစ်မိ မယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များရှိပါတယ်။

Broken Family ကနေ ဆင်းသက်လာသူသည် ဘယ်လိုမျိုး စိတ်နေစိတ်ထားရှိသလဲဆိုတာလဲ သိထားသင့်ပါတယ်။

သူတို့သည် အခြားသူကို အလွယ်တကူ ယုံကြည်လေ့မရှိဘူး

Broken Family ချစ်မိ

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ အထူးသဖြင့် Broken Family ကနေ ဆင်းသက်လာသူကို ချစ်မိ တဲ့အခါ ယုံကြည်မှု တည်ဆောက်ဖို့ ပိုမိုခက်ခဲပါတယ်။

သူတို့သည် ငယ်ငယ်တုန်းက သူတို့မျက်စိရှေ့မှာ မြင်တွေ့ခဲ့ရတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်အကြာကြီးယူမှာဖြစ်ပါတယ်။ သင့်အနေနဲ့တော့ ပထမဆုံးအကြိမ်မှာ အောင့်သက်သက် ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းအသားကျသွားပါလိမ့်မယ်။

သမီးရည်းစား စဖြစ်ဖြစ်ချင်းမှာ သူတို့သည် သင်နဲ့ မထိုက်တန်ဘူးလို့ သိမ်ငယ်စိတ်ဝင်ပါလိမ့်မယ်

Broken Family ချစ်မိ

သင်သည် သူတို့အတွက် ပြီးပြည့်စုံလွန်းလှတဲ့အတွက်ကြောင့် သင့်အချစ်နဲ့ မထိုက်တန်ဘူးလို့ တွေးကောင်းတွေးတတ်ကြပါလိမ့်မယ်။ ထိုအတွေးသည်လည်း သူတို့စိတ်ထဲ အချိန်အကြာကြီး နေရာယူထားတာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ သူတို့ကို နားလည်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့သည် သူတို့ရဲ့ခံစားချက်များအားလုံးကို အပြုံးနဲ့ပဲ ဖုံးထားလေ့ရှိတာကြောင့် သင့်အနေနဲ့ သူတို့ကို သေချာအကဲခတ်ပြီးမှ သူတို့စိတ်ထဲ ခံစားနေရာတွေကို သိမြင်နိုင်မှာဖြစ်ပါတယ်။ Broken Family ကနေ ဆင်းသက်လာသူကို ချစ်မိ သွားတဲ့အခါ သင့်ဘက်က ကြိုးစားရမယ့်အရာတွေကတော့ အများကြီးပဲပေါ့။

စတွဲချိန်မှာလည်း သူတို့ရဲ့အကြောင်းကို အလုံးစုံဖွင့်ဟပြသလေ့မရှိဘူး

Broken Family ချစ်မိ

သူတို့ရဲ့အကြောင်းကို ခရေစေ့တွင်းကျ ပြောပြမှာမဟုတ်တဲ့အတွက်ကြောင့် သင့်ဘက်က သူ့ကို အတင်းကြီး ဖိအားပေးပြီး မေးနေတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ သူတို့မိဘအကြောင်း၊ မိသားစုအကြောင်းကိုလည်း သင့်ကို ဟိုတစ်စွန်း ဒီတစ်စ ပြောပြထားပါလိမ့်မယ်။ သင်က သူပြောပြလာတဲ့အချိန်မှာပဲ နားထောင်ပေးလိုက်ပါ။ ကိုယ့်ဘက်က သိချင်စိတ်အရမ်းများပြီး မေးခွန်းချည်းပဲ စွတ်မေးနေတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ သင့်ကို လုံးဝယုံကြည်လာတဲ့တစ်နေ့ကျရင် အရာအားလုံး ဖွင့်ပြောလာပါလိမ့်မယ်။

သူတို့သည် သင့်အပေါ်မှာ မမှီခိုချင်ဘူး

Broken Family ချစ်မိ

တခါတရံမှာ သင့် အကူအညီမလိုအပ်ဘူး၊ သူတစ်ယောက်တည်းနဲ့လည်း ရပ်တည်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး တွေ့ရပါလိမ့်မယ။် ထိုအချိန်မျိုးမှာ သင့်ဘက်က စိတ်ခုမသွားဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့သည် ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာအများအပြားနဲ့ ကြီးပြင်းလာခဲ့ရပြီး ငယ်ငယ်ကလေးနဲ့ ရင့်ကျက်လာသူတွေဖြစ်ပါတယ်။

တချို့ဆိုရင် ကိုယ့် ညီအစ်ကို မောင်နှမကို ငယ်ငယ်ကတည်းက စောင့်ရှောက်ရတာမျိုးတွေ ရှိပါတယ်။ သူတို့သည် သင်နဲ့ မတွေ့ခင်ကတည်းက တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်လာရတာဖြစ်တဲ့အတွက်ကြောင့် သင်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာလည်း သင့်အကူအညီ ယူချင်မှယူမှာပါ။ သင့်ဆီက အကူအညီ လိုအပ်နေရင်တောင်မှ မလိုအပ်တဲ့ပုံစံဖမ်းနေမှာ ဖြစ်ပါတယ်။

သင့်မိသားစုနဲ့ တွေ့ဆုံရတာသည် သူတို့အတွက် အခက်အခဲတစ်ခုဖြစ်နိုင်ပါတယ်

big family

အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ နွေးထွေးတဲ့မိသားစုကနေ ပေါက်ဖွားလာတာမဟုတ်တဲ့အတွက်ကြောင့် သင့်မိသားစုနဲ့ တွေ့ဆုံတဲ့နေရာမှာလည်း သူတို့အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်မိသားစုနဲ့ သူ့ကို ပေးမတွေ့ခင်မှာ သူ စိတ်သက်သာရာရအောင် ပြုလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။

တဆင့်ချင်းစီ ဖြည်းဖြည်းချင်း လုပ်ယူရမှာဖြစ်ပြီး သင့်ဘက်ကလည်း သူ့ကို အားပေးထောက်ခံဖို့လိုအပ်ပါလိမ့်မယ်။ သူ့ဘက်မှာ ရပ်တည်ပေးကြောင်း၊ သူ လိုအပ်တဲ့အခါ အဆင်သင့်ရှိနေပေးကြောင်း သူ ခံစားရအောင် ပြုလုပ်ပေးလိုက်ပါ။

သင့်ကို အလုံးစုံ ယုံကြည်သွားပြီဆိုရင်တော့ သူတို့ရဲ့စိတ်ခံစားချက်ကို အလုံးစုံဖွင့်ဟလာလိမ့်မယ်

couple talking

ဟုတ်ပါတယ်။ စောစောကပြောပြခဲ့တဲ့အချက်တွေလိုပါပဲ။ သူ့ကို အတင်းကြီး ဖိအားပေးလွန်းတဲ့အခါ သင့်အနားမှာ နေရတာ သူ့အတွက် မပျော်မရွှင်ဖြစ်လာပါလိမ့်မယ်။ သင့်အနေနဲ့ သူ့အမူအကျင့်အတိုင်း အလိုက်သင့်လေး နေပေးဖို့လိုအပ်ပါတယ်။ သူ(မ)သည် သင်နဲ့ အတူရှိရတာ သက်သောင့်သက်သာနဲ့ လွတ်လပ်ပျော်ရွှင်ရတဲ့ ခံစားချက်မျိုး ခံစားရလာပါက သူ့ဘက်က အလိုလို ပြောပြလာပါလိမ့်မယ်။ သူ စိတ်ညစ်တဲ့အခါတိုင်းမှာလည်း သင်နဲ့ အမြဲတမ်း တိုင်ပင်တတ်လာပါလိမ့်မယ်။

လက်ထပ်ကြမယ်လို့ ပြောတဲ့အခါ သူတို့အတွက် အနေခက်စေလိမ့်မယ်

man propsoe

သူတို့မျက်စိရှေ့မှာ သူ့မိဘတွေရဲ့ အိမ်ထောင်ရေးသည် အဆင်မပြေတဲ့အိမ်ထောင်ရေးဖြစ်တဲ့အတွက်ကြောင့် သင့်ကို လက်ထပ်ဖို့ဆိုတာကိုလည်း အစောပိုင်းမှာ ကြောက်ရွံ့နေပါလိမ့်မယ်။ ဒီလိုအမူအရာပြတဲ့အခါ သင့်ဘက်က နားလည်မှုအပြည့်အဝပေးထားဖို့ လိုအပ်ပါလိမ့်မယ်။

သင်နဲ့ အတူတူတည်ဆောက်ထားတဲ့ အနာဂတ်က ဘယ်လိုပုံစံလဲဆိုတာကို သူတို့ စိတ်ကူးမယဉ်ရဲသေးတာဖြစ်ပါတယ်။ သူ့မိဘတွေလိုမျိုး ဖြစ်လာမှာကိုလည်း သူ(မ)က စိုးထိတ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ထပ်ပြီးတဲ့အခါ သူ(မ)ကို စိတ်ပျော်ရွှင်အောင် ထားပါ့မယ် ဆိုတဲ့ နှုတ်ကတိတွေ ထပ်တလဲလဲပေးမယ့်အစား သူ(မ) တကယ် ယုံကြည်သွားအောင် သက်သေပြဖို့လိုအပ်ပါတယ်။ သူ(မ) တကယ်ယုံကြည်သွားပြီဆိုရင်တော့ သင့်အနေနဲ့ သူ(မ)ကို လက်ထပ်ခွင့်တောင်းတာ တစ်အိုးတစ်အိမ်ထူထောင်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။

Source: Lifehack

Featured Image: Lovedevani