အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Kwee ချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့ Kwee ပရိသတ်တွေအတွက် ဒီတစ်ခေါက် ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ ညနေ နေဝင်ဆည်းဆာအချိန်လေးမှာ တစ်နေ့တာရဲ့ ဘဝအမောတွေကို ဖြေဖျောက်ရင်း အေးအေးဆေးဆေး အနားယူ အပန်းဖြေလို့ ရမယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အင်းစိန်လမ်းမကြီးပေါ် က ဘာတာမှတ်တိုင် အနီးမှာရှိတဲ့ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။
ဒီဆိုင်လေးက လှိုင်မြို့နယ်ထဲမှာတော့ အကြီးဆုံး Rooftop Bar လို့ လူသိများတယ်ဗျ။ ဆိုတော့ ဒီ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးမှာ ဘယ်လိုမျိုး ထူးခြားမှုလေးတွေ ရှိမလဲ ၊ ဘယ်လို အရသာရှိတဲ့ အစားအသောက် Menu တွေရမလဲဆိုတာ ကျွန်တော်နဲ့ အတူတူလိုက်ပါ ကြည့်ရှု့ဖို့ ဖိတ်ခေါ် လိုက်ပါ တယ်ခင်ဗျာ။
ပထဆုံး ဒီဆိုင်လေးက Rooftop Bar ဆိုတဲ့အတိုင်း ဆိုင်နေရာအခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လပ်ပြီး သက်တောင့်သက်သာ ရှိတဲ့ ခံစားမှုကို အပြည့်အဝ ခံစားရတယ်။ ညနေခင်း နေချိန်ဆည်းဆာအချိန် View က ဒီ ဆိုင်လေး ရဲ့ အသက်လို့ ပြောရမယ်ဗျ။ သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝလေကို ရှုရှိုက်ရင်း နေဝင်ချိန်အလှကို Rooftop ပေါ်ကနေ တဝကြီး ကြည့်ရှု့ ခံစားပြီး တစ်နေ့တာ ပင်ပန်းခဲ့သမျှကို အကောင်းဆုံး Relax လုပ်လို့ ရမှာပဲ ဖြစ်ပါတယ်ဗျ။
Kanote Rooftop Bar & Restaurant ဆိုင်ရဲ့ အပြင်အဆင်ပိုင်းကို ပြောရမယ်ဆိုရင်တော့ တစ်ဆိုင်လုံး အုတ်တွေနဲ့ ဆောက်ထားပြီး ရိုးရိုးရှင်းရှင်းနဲ့ တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေစေတယ်။ နောက်ပြီး ဒီမှာက အမိုးအကာတွေမရှိဘဲ လွတ်လပ်တဲ့ Open Air Area ကိုခံစားနိုင်မယ့် နေရာလေးတွေရယ် ၊ အမိုးအောက်မှာဘဲ သက်တောင့်သက်သာနဲ့ အေးအေးဆေး Chill လို့ရမယ့် နေရာလေးတွေရယ်ဆိုပြီး ၂ ပိုင်းခွဲထားပေးတာဆိုတော့ အပြင်မှာဘဲ လွတ်လွတ်လပ်လပ်ထိုင်မလား ၊ အထဲမှာဘဲ အေးအေးဆေးဆေး သက်တောင့်သက်သာထိုင်မလား စိတ်ကြိုက်ရွေးလို့ရတယ်။ ဆိုင်နေရာကလည်း ကျယ်ကျယ် ဝန်းဝန်းဆိုတော့ ဘော်ဒါတွေစုပြီး Chill မလား ၊ မိသားစုနဲ့ဘဲ သောက်ရင်းစားရင်း အနားယူအပန်းဖြေမလား အဆင်ပြေတယ်။
နောက်ပြီး ဒီဆိုင်မှာက အပတ်စဉ် အင်္ဂါ / ကြာသပတေး / စနေ / တနင်္ဂနွေနေ့တွေမှာ Unplugged အစီအစဉ်လေး တွေလည်း ရှိတာဆိုတော့ သီချင်းတွေနားထောင်ရင်း စိတ်လက်ပေါ့ပါးစွာ အေးအေးဆေးဆေး အနားယူနိုင်မှာပဲ ဖြစ်ပါတယ်ဗျ။
ဆိုင်အပြင်အဆင်နဲ့ ထူးခြားမှုလေးတွေ ပြောပြီးပြီဆိုတော့ ဒီဆိုင်လေးမှာ ဘယ်လိုအရသာရှိတဲ့ အစားအသောက် Menu တွေ ရမလဲဆိုတာ ကျွန်တော်နဲ့အတူတူ သွားကြည့်လိုက်ကြမယ်။ ဒီဆိုင်မှာက သောက်စရာ Drink တွေ တော်တော်လေး စုံတယ်။ ဘီယာထဲမှာဆိုရင် Tiger ၊ Tuborg နဲ့ Burbrit ကအသစ်ထုတ်ထားတဲ့ ရွှေဘီယာ လည်းရတယ်။ အပြင်းထဲမှာဆိုရင်လည်း နိုင်ငံခြားဖြစ် ဝီစကီ Brand အစုံနဲ့ ပြည်တွင်းဖြစ် ဝီစကီ Brand တွေ ရွေးချယ်စရာ တော်တော်လေး စုံတယ်။ Cocktail ချစ်သူတွေအတွက်ကလည်း အရသာထူးကဲပြီး သောက်ချင်စရာ Cocktail အမျိုးအစားတွေ စုံစုံလင်လင်ရတယ်။
Hello May Cocktail
စားစရာတွေထဲမှာတော့ ကနုတ်ဆိုင်ခွဲတိုင်းရဲ့ လူကြိုက်အများ ဆုံး အထူးဟင်းလျာတစ်ပွဲဖြစ်တဲ့ ပီကင်းဘဲပေါင်း ၊ နောက်ထပ် ကနုတ်ရဲ့ Signature ဟင်းပွဲ အရိုးလွတ် ကနုတ်စီချွမ်မာလာငါးကင် ၊ နံရိုးတုံး အကိတ်ကြီးတွေနဲ့ ရှုးရှဲ ဝက်နံရိုးမီးတောက် ၊ ရှူးရှဲပင်လယ် စာဗန်းကြီးအပြင် ဝါရင့် စားဖိုမှုးကြီးတွေရဲ့ ယိုးဒယား စတိုင် ဟင်းပွဲတွေ ၊ ထိုင်းငပိထောင်း ၊ မာလာရှမ်းကော ၊ ဝက်ဂုတ် သားကင်သုပ် ၊ ပင်လယ်စာအရက် သမားဟင်း ၊ အကြော် ၊ အလှော် ၊ အသုပ် ၊ အထောင်း ၊ အမယ်စုံတဲ့ BBQ အကင်တွေနဲ့ တခြားအရသာထူးကဲ ဟင်းပွဲတွေလည်း တော်တော်ကြီးကို ရွေးချယ်စရာ စုံတယ်ဗျ။ ကဲဒါဆို ကျွန်တော်တို့ ဒီဆိုင်လေးရဲ့ အရသာအကောင်းဆုံး Signature Menu တွေ မြည်းစမ်းကြည့်လိုက်ကြမယ်ဗျာ။
ထိုင်းစတိုင်ဂဏန်းကော်ရည်ဟင်းပွဲလေးကတော့ ချိုမြမြအရသာနဲ့ သောက်လို့ကောင်းတဲ့ ဟင်းပွဲတစ်ခွက်ဖြစ်ပြီး ငပိထောင်းလေးနဲ့ ရှုးရှဲအရသာလေးဖန်တီးပြီးလည်းစားလို့ရသေးတယ်ဗျ။
ဒီဝက်ခေါက်ကိုက်လန်ကြော် ဟင်းပွဲလေးကတော့ ဝက်ခေါက်ရဲ့ကြွပ်ရွမှု၊ကိုက်လန်ရဲ့ခါးသက်သက်အရသာလေးကို ငရုတ်သီးစိမ်းအရသာလေးပေါင်းဖက်ထားလို့ ကွီးတို့ ခံတွင်းတွေ့စေမယ့် ဟင်းပွဲတစ်ခွက် ဆိုတာအသေအချာပါပဲဗျ။
ကြက်ကချင်ချက်လေးကတော့ ကချင်စတိုင်ဟင်းပွဲအရသာပေါ်လွင်အောင် ဖက်ဖယ်ရွက်လေးနဲ့ ချဥ်စော်ကားသီးတို့ကို ပေါင်းစပ်ဖန်တီးထားပြီး မွှေးကြိုင်တဲ့ အနံ့နဲ့ အရသာက ကွီးတို့ကို ဆွဲဆောင်နိုင်မှာအသေအချာပါပဲ။
ငါးအသားချောင်းကြော်လေးနဲ့ တွဲစားရတဲ့ ဆော့စ်လေးက ဒီဟင်းပွဲရဲ့အသက်ပါပဲ။ ချိုပြီးဆိမ့်တဲ့ဘက်ကိုသွားလို့ လူတိုင်းအကြိုက်နဲ့ကိုက်ပြီး ဟင်းပွဲမှာပါတဲ့ portionကလည်းများတာကြောင့် မိသားစု၊ဘော်ဒါအပေါင်းအသင်းတွေ စုံတဲ့အခါ မပါမဖြစ်မှာစားသင့်တဲ့ ဟင်းပွဲလေးပေါ့ဗျာ။
ဆိတ်ဆာတေးလေးကတော့ မွေးကြိုင်ပြီး နူးညံ့သောအသားနဲ့ လိုက်ဖက်ညီတဲ့ ချဥ်ပြုံးပြုံး ဆော့စ်လေးကို တွဲဖက်စားလိုက်တဲ့အခါ အရမ်းတွေမိုက်တယ်ဗျ။
ရခိုင်ပင်လယ်စာအစုံထောင်းလေးကတော့ ချဥ်ငံစပ်အရသာထိထိမိမိနဲ့ ပင်လယ်စာကြိုက်နှစ်သက်တဲ့ ကွီးတို့မှာစားသင့်တဲ့ ဟင်းပွဲလေးပါ။
အနှစ်ချုပ်အနေနဲ့ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးက ပြောရမယ်ဆိုရင် ဆိုင်နေရာကျယ်ကျယ် ဝန်းဝန်းနဲ့ အေးအေးဆေးဆေး Relax လုပ်လို့ကောင်းတယ် ၊ မိသားစုဘဲလာလာ ၊ ဘော်ဒါအပေါင်းအသင်းတွေနဲ့ ဘဲလာလာ ထိုင်လို့အဆင်ပြေတယ်။ နောက်ပြီး ဒီမှာက အစားအသောက်ချစ်သူတွေကို လုံးဝစိတ်ကျေနပ်မှုပေးနိုင် မယ့် အရသာရှိတဲ့ အစားအသောက် Menu တွေအစုံရတယ်။ အပတ်စဉ် Unplugged Live Show ဖျော်ဖြေမှုတွေ လည်းရှိသေးတာဆိုတော့ ဘာလိုသေးလဲဗျ။
Open Area မှာ လေတဖြူးဖြူးနဲ့ ညနေခင်း နေဝင်ဆည်းဆာအလှ ကို ခံစားရင်း တစ်နေ့တာပင်ပန်းမှုတွေကို အကောင်းဆုံး အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ လှိုင်ရတနာ ဈေးဘေးကပ်ရပ် ၊ ဘာတာမှတ် တိုင်အနီး ၊ ၁၂ ရပ်ကွက် ၊ အင်းစိန်လမ်းမကြီး ၊ လှိုင်မြို့နယ်မှာရှိတဲ့ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးကို သွားရောက်ခံစားကြည့်ဖို့ ညွန်းပေးလိုက်ပါတယ် ခင်ဗျာ။