ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ပြီး အနာရောဂါ ကင်းဝေးဖို့အတွက်ဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာများနှင့် ပုံမှန် လေ့ကျင့်ခန်းမျာ ပြုလုပ်ပေးဖို့လိုအပ်သလိုပဲ အိမ်ထောင် တစ်ခု ထာဝစဉ် တည်တံ့ ခိုင်မြဲ ဖို့အတွက်ဆိုရင် အဓိကကျတဲ့ အချက်များကို သိထားဖို့လိုအပ်ပါတယ်။

ယခုဖော်ပြပေးမယ့် အဓိကအချက်များကို သေသေချာချာ လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အချစ်တွေ ပိုပိုတိုးလာပြီး ထာဝစဉ်တည်တံ့တဲ့ အိမ်ထောင် တစ်ခုအဖြစ် ခိုင်မြဲ သွားမှာကတော့ အမှန်ပါပဲ။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပါ

အိမ်ထောင် ခိုင်မြဲ

လက်ထပ်ပြီးသွားတဲ့အခါ တစ်ယောက်မျက်နှာ တစ်ယောက် နေ့တိုင်းမြင်တွေ့နေရတာပဲ သပ်သပ်ကြီး အချိန်ပေးစရာမလိုဘူးလို့ မထင်ပါနဲ့။ အားလပ်ရက်တွေမှာ အလုပ်အကြောင်းတွေ ခဏမေ့ထားပြီး တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပါ။ ဒီလို တစ်ယောက်ကို တစ်ယောက် သေသေချာချာ အချိန်ပေးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာများကို ကြိုတင်ရှောင်ရှားပြီးသားဖြစ်သွားပါလိမ့်မယ်။

စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ မမေ့ပါနဲ့

အိမ်ထောင် ခိုင်မြဲ

မတူညီတဲ့ လူနှစ်ယောက်သည် အရာရာတိုင်းမှာ စိတ်သဘောထားချင်း တိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုငတဲ့အရာတွေပါ။ ဒီလိုစိတ်သဘောထားချင် မတိုက်ဆိုင်တာနဲ့ပဲ တစ်ယောက်ကို တစ်ယောက် ရန်စောင်နေမယ်ဆိုရင်တော့ ထို အိမ်ထောင် သည် ခိုင်မြဲ မှာမဟုတ်ဘဲ အနှေးနဲ့ အမြန် ပြိုကွဲသွားမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့အချိန်မျိုးမှာ သေချာညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါမှ နှစ်ယောက်စလုံးသည် စိတ်လုံခြုံမှုကို ခံစားရမှာဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် လေးစားပါ

အိမ်ထောင် ခိုင်မြဲ

စုံတွဲများ၊ အိမ်ထောင်ဘက်များသည် တစ်ယောက်ကို တစ်ယောက် လေးစားမှု မရှိတော့တဲ့အခါ ထိုအိမ်ထောင်ရေးသည် အနှေးနဲ့ အမြန် ပြိုကွဲသွားမှာပဲဖြစ်ပါတယ်။ လူတိုင်းမှာ အားနည်းချက်တွေဆိုတာကတော့ ရှိစမြဲပါပဲ။ တစ်ယောက်ရဲ့ အားနည်းချက်ကို ချုပ်ကိုင်ကာ ဖိနှိပ်မထားဘဲ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကာ လေးလေးစားစားဆက်ဆံဖို့လိုအပ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ပါ

couple and marriage

တစ်ခါတစ်ရံမှာ ဘာမဟုတ်တဲ့အသေးအဖွဲအရာများနှင့် တစ်ယောက်ကိုတစ်ယောက် နားလည်မှုလွဲကာ အကြီးအကျယ်ရန်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ပြီးနောက်မှာ တစ်ယောက်ကိုတစ်ယောက် အငြိုးအတေးမထားဘဲ နားလည်ခွင့်လွှတ်ပေးဖို့လိုအပ်ပါတယ်။ ခွင့်လွှတ်သည်းခံခြင်းသည် အိမ်ထောင် တစ်ခု ထာဝစဉ် ခိုင်မြဲ ဖို့အတွက် လိုအပ်တဲ့ အဓိကသော့ချက်တစ်ခုပဲဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်က အမှားကျူးလွန်မိခဲ့ရင်လည်း ကိုယ့်အမှားကို ပြန်လည်သိမြင်ကာ သုံးသပ်ကာ တောင်းပန်တတ်ဖို့လိုအပ်ပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်တိုကာ ရန်ဖြစ်နေတဲ့အချိန်မှာလည်း နားမခံသာတဲ့ စကားလုံးများနှင့် ဆဲရေးတိုင်းထွာခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ထိုကဲ့သို့ ဆဲရေးတိုင်းထွာကာ ရန်ဖြစ်ခြင်းသည် ကာယကံရှင်နှစ်ယောက်အတွက်လည်း မကောင်းသလို သားသမီးများရှေ့ ထိုကဲ့သို့ ရန်ဖြစ်ခြင်းသည် သားသမီးများအတွက် စိတ်ဒဏ်ရာ ရစေပြီး စိတ်မလုံခြုံမှုကို ဖြစ်စေပါတယ်။

အခြားတစ်ယောက်အတွက် အကောင်းဆုံးအရာများ ဖြည့်ဆည်းပေးပါ

couple and marriage

ကိုယ့်လက်တွဲဖော်ကို အမှန်တကယ်ချစ်မြတ်နိုးသူတွေသည် သူတို့အတွက် အကောင်းဆုံးသောအရာတွေကိုသာ လက်ဆောင်ပေးချင်ကြတာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပေးအယူမျှနေမယ်ဆိုရင်တော့ ထို အိမ်ထောင် ရေးသည် ရေရှည် တည်တံ့ ခိုင်မြဲ နေမှာပဲဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလည်း လိုအပ်ပါတယ်

couple and marriage

Photo: Thesavvycouple

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ဆိုတဲ့နေရာမှာ လိင်ဆက်ဆံခြင်းတစ်ခုတည်းကိုသာ အသားပေး ပြောဆိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်သည် စိတ်ချင်းနီးစပ်ပြီး တစ်ယောက်ရဲ့စိတ်ကို အပြည့်အဝ နားလည်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သူ့အကြိုက် ကိုယ့်အကြိုက်တွေကို သေချာသိမြင်လာမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အနီးစပ်ဆုံးလူသားများအဖြစ် အချိန်အကြာကြီး လက်တွဲနေနိုင်မှာဖြစ်ပါတယ်။

Source: Wespath

Featured Image:  Inspiring Tips