နည်းပညာ တိုးတက်လာမှုနဲ့အတူ စမတ်ဖုန်း တွေဟာ ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ စမတ်ဖုန်းတွေကို ဆက်သွယ်ရေး ကဏ္ဍအတွက်တင်မဟုတ်ဘဲ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေ ၊ ဖျော်ဖြေးရေး ၊ သတင်းအချက်အလက်စီးဆင်းမှု နောက်ဆုံး ငွေပေးချေမှုတွေအတွက်ပါ စမတ်ဖုန်းတွေနဲ့ လုပ်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် ပိုမိုလွယ်ကူအဆင်ပြေအောင် ကူညီပေးနိုင်တဲ့ အံ့သြသင့်ဖွယ်ရာ စမတ်ဖုန်း Gadgets တွေလည်း ရှိပါသေးတယ်။ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့  ပစ္စည်းတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) အပူချိန်တိုင်း ကိရိယာ

Photo : Bright Side

ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ အပူချိန်တိုင်းတဲ့ သာမိုမီတာတွေ ဘာလို့ဆက်သုံးနေဦးမှာလဲ။ အပူချိန်တိုင်းတာဖို့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ နည်းပညာမြင့် Gadget တွေ ထွက်နေပါပြီ။ ဒီပစ္စည်းလေးကတော့ အချိန်နေရာမရွေး အလွယ်တကူ ဖုန်းနဲ့ချိတ်ဆက်ပြီး ကိုယ်အပူချိန်တိုင်းနိုင်မယ့် အမိုက်စား Gadget လေးတစ်ခု ဖြစ်ပါတယ်။

(၂) Game ခလုတ်


Photo : Bright Side

Gamers တွေအကြိုက်တွေ့စေမယ့် Gadget လေးတစ်ခု ဖြစ်ပါတယ်။ ဒီပစ္စည်းလေးက PUBG ၊ Fortnite နဲ့ Call of Duty တို့လို ပစ်ခတ်တိုက်ခိုက်ရတဲ့ Battle Royale Games တွေကစားချိန်မှာ ပိုပြီး လွယ်ကူလျင်မြန်စွာ ထိန်းချုပ်ကစားနိုင်ဖို့ ကူညီပေးပါတယ်။

(၃) ဒစ်ဂျစ်တယ် Highlighter


Photo : Bright Side

ဒီ Device လေးကတော့ Highlighter ဘောပင်တစ်ချောင်းလို့ လုပ်ဆောင်ပေးတဲ့ Gadget လေး ဖြစ်ပါတယ်။ ပိုမိုက်တာတစ်ခုက ကိုယ် Highlight လုပ်ချင်တဲ့ စာပုဒ်တွေကို Digital Format အနေနဲ့ ပြန်ပြီး သိမ်းထားပေးနိုင်ပါတယ်။ အထူးသဖြင့် ကျောင်းသားကျောင်းသူတွေအတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခု ဖြစ်ပါတယ်။

(၄) ဘက်စုံသုံး စမတ်ဖုန်းကာဗာ

Photo : Bright Side

ဘက်စုံသုံး စမတ်ဖုန်းကာဗာ ဆိုတဲ့အတိုင်း ကွီးတို့ရဲ့ဖုန်းကို ပွန်းရာခြစ်ရာဒဏ်တွေကနေ ကာကွယ်ပေးနိုင်ရုံမကဘဲ ဖြတ်တာ ၊ ညှပ်တာ ၊ ဖွင့်တာ ၊ ဖောက်တာ စသည်ဖြင့် အရေးပေါ် တစ်ခုခုလိုအပ်လာချိန်တိုင်းမှာ အသေးစား Tool Case လေးတစ်ခုအနေနဲ့ အသုံးပြုနိုင်မယ့် ပစ္စည်းလေး ဖြစ်ပါတယ်။

(၅) လှုပ်ရှားမှု ခြေရာခံစက်

Photo : Bright Side

အားကစားသမားတွေနဲ့ ကျန်းမာရေး လိုက်စားသူတွေအတွက် အသုံးဝင်တဲ့ Gadget တစ်ခု ဖြစ်ပါတယ်။ လှုပ်ရှားမှု ခြေရာခံစက် Activity Tracker ဆိုတာထက် ရင်ထိုးလေးတစ်ခုနဲ့ ပိုတူပါတယ်။ ကွီးတို့ရဲ့ တစ်နေ့တာမှာ ဘယ်လောက်လှုပ်လှုပ်ရှားရှား လုပ်ဖြစ်လဲဆိုတာ စောင့်ကြည့်ခြေရာခံပေးမှာ ဖြစ်ပါတယ်။

(၆) အယ်လ်ကိုဟော တိုင်းတာစက်


Photo : Bright Side

ယာဉ်ထိန်းရဲတွေမှ မဟုတ်ပါဘူး ကျန်းမာရေးဂရုစိုက်သူတိုင်း ဆောင်ထားသင့်တဲ့ Gadget လေး ဖြစ်ပါတယ်။ ဒီစက်လေးက သောက်ကြစားကြတဲ့အခါ ကိုယ့်ရဲ့ ရေချိန်ထက် ကျော်လွန်နေပြီလားဆိုတာ စစ်ဆေးနိုင်မယ့် Alcohol Level Checker ကိရိယာလေး ဖြစ်ပါတယ်။

(၇) စမတ်ပန်းအိုး


Photo : Bright Side

ကွီးတို့က အပင်စိုက်ရတာ ကြိုက်တယ်ဆိုရင်တော့ ဒီ စမတ်ပန်းအိုးတစ်လုံး ဝယ်ထားသင့်ပါတယ်။ ဒီပန်းအိုးလေးက ကိုယ့်ရဲ့အပင်အတွက် ဘယ်အချိန်မှာ ရေလောင်းရမယ် ဒါမှမဟုတ် နေရောင်ခြည်ဓာတ် လိုအပ်နေတယ်ဆိုတာကို စမတ်ဖုန်း ကနေတဆင့် ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ အိမ်တွင်းအပင်လေးတွေ စိုက်ရတာ ဝါသနာပါသူတိုင်းအတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခု ဖြစ်ပါတယ်။

(၈) အသားအရေ အစိုဓာတ် တိုင်းတာတဲ့စက်

Photo : Bright Side

ကွီးတို့ရဲ့ အသားအရေက အစိုဓာတ် လုံလုံလောက်လောက်ရှိရဲ့လားဆိုတာ သိဖို့ကလည်း အရေးကြီးတယ် မဟုတ်လား။ အသားအရေရဲ့ အစိုဓာတ် Level ကို စစ်ဆေးရတာကလည်း ပြောသလောက် လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ Gadget လေးကို ကွီးတို့ရဲ့ စမတ်ဖုန်း မှာ တပ်ဆင်ပြီး အရေပြားကို ထိလိုက်တာနဲ့ အသားအရေ အစိုဓာတ် လုံလောက်မှုရှိ မရှိဆိုတာသိနိုင်မှာ ဖြစ်ပါတယ်။

(၉) စမတ်ဖုန်း ပိုးသတ်စက်

Photo : Bright Side

ကျွန်တော်တို့ စမတ်ဖုန်း တွေရဲ့ မျက်နှာပြင်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ များစွာရှိနေတာ အသေအချာပါပဲ။ လက်ကနေတဆင့် နေရာစုံထိတွေ့ကိုင်တွယ်ရာကနေ ကပ်ပါလာတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်နဲ့ ကိုယ်ထည်မှာ အများအပြား စုဝေးနေတက်ပါတယ်။ ဒီပစ္စည်းလေးကတော့ စမတ်ဖုန်းပေါ်က မမြင်နိုင်တဲ့ မိုးမွှားတွေ အားလုံးကို ရှင်းထုတ်သန့်စင်ပေးနိုင်တဲ့ Smartphone Sterilizer စက်လေး ဖြစ်ပါတယ်။

(၁၀) မိုက်ခရိုစကုပ် ဓာတ်ပုံရိုက်စက်

Photo : Bright Side

ဒီပစ္စည်းလေးကတော့ မျက်စိနဲ့ သဲသဲကွဲကွဲမြင်နိုင်ဖို့ ခက်တဲ့ Micro Level သေးငယ်တဲ့ အရာလေးတွေကို ဓာတ်ပုံရိုက်တဲ့နေရာမှာ အသုံးပြုနိုင်မယ့် Gadget လေး ဖြစ်ပါတယ်။

Featured Photo : Gadget Flow