မက်မွန်နံ့လေး သင်းတဲ့ Peach Schnapps လေးနဲ့ လိမ္မော်ရည် Orange Juice တို့ စပ်ထားတဲ့ Fuzzy Navel ကော့လ်တေး  ဟာ အခုမှပေါ် ပေါက်လာတာ မဟုတ်ပါဘူး။ Fuzzy Navel ကော့တ်တေးကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ Bartender Magazine တည်ထောင်သူနဲ့ ဘားကိုင်ဖြစ်သူ Ray Foley က တီထွင်ခဲ့တာပါ။

fuzzy-navel

Photo : delish

၁၉၈၀ ပြည့်လွန်နှစ်တွေက စပြီး ကျော်ကြားလာခဲ့တဲ့ Fuzzy Navel လေးကို ကိုယ့်အိမ်မှာလည်း ကိုယ်တိုင်ဖျော်စပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

Fuzzy Navel လေးတစ်ခွက် လုပ်ဖို့ Peach Schnapps ၃ အောင်စ နဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ Orange Juice ၃ အောင်စ လိုပါတယ်။

Photo : Persnickety Plates

လုပ်နည်းအဆင့်များ

Fuzzy Navel အတွက် Highball Glass တစ်ခွက်ထဲမှာ ရေခဲတုံးပေါ်  Peach Schnapps နဲ့ Orange Juice တို့ ရောထည့်ရမှာပါ။ ပြီးရင် သမသွားအောင် မွှေပြီး အပေါ်က လိမ္မော်သီးခြမ်းလေး ထည့်ပေးရုံပါပဲ။

Featured Photo : greatist