Galaxy Watch စီးရီးတွေဟာ သုံးစွဲသူတွေကြားမှာ အာရုံစိုက်မှုအများဆုံး ရရှိနေပေမယ့် Samsung အနေနဲ့ Smart Bands တွေကိုလည်း ဆက်လက်ထုတ်လုပ်လျက် ရှိပါတယ်။ Galaxy Fit2 ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ Galaxy Tab A7 နဲ့အတူ ကြေညာခဲ့ပြီး နောက်ပိုင်း အသစ်ထပ်မံ ထွက်ရှိလာခြင်း မရှိခဲ့ပါဘူး။ အဲ့ဒါဟာ မကြာခင် ပြောင်းတော့မယ်လို့ မျှော်လင့်ရပါတယ်။

Photo : GizChina.it

အဆိုပါ အချက်အလက်တွေဟာ ကိုရီးယားဌာနခွဲရဲ့ Samsung Community ဆွေးနွေးပွဲကနေတဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အသုံးပြုသူတစ်ဦးက Samsung Galaxy Fit3 နဲ့ ၎င်းကို ဘယ်အချိန်မှာ ထွက်လာနိုင်လဲဆိုတာ မေးမြန်းခဲ့ရာ ဒီနှစ် ဒုတိယ နှစ်ဝက်နဲ့ နောက်နှစ် ပထမနှစ်ဝက်မှာ ထွက်လာဖို့ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

Galaxy Fit3 ဟာ ကိုရီးယာဝမ် ၄၉၀၀၀ ကနေ ၅၀၀၀၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ယခင်ထွက်ခဲ့တဲ့ Galaxy Fit2 ကို ဝမ် ၄၉၅၀၀ နဲ့ ရောင်းချခဲ့တာကြောင့် Fit2 ရဲ့ ဈေးနဲ့ အတူတူနီးပါး ဖြစ်ပါတယ်။ ဒါကြောင့် Galaxy Fit3 ကိုလည်း နိုင်ငံအလိုက် Fit2 ယခင်ရောင်းချခဲ့တဲ့ ဈေးနှုန်းတွေအတိုင်း ( ဥပမာ – ယူအက်မှာ ဒေါ်လာ ၆၀ ၊ ဥရောပမှာ ယူရို ၅၀) ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။

Galaxy Fit3 မှာ ဘယ်လို Features အသစ်တွေ ပါလာမယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ၂၀၂၀ တုန်းက ထွက်ခဲ့တဲ့ Fit2 ဟာ မူလ Fit1 နဲ့ ယှဉ်ပါက ဘက်ထရီစွမ်းဆောင်ရည်ပိုင်းမှာ ပိုမိုအားသာပြီး ပိုကြီးတဲ့ Display နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : Christian Today

သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ Fit2 ဟာ SpO2 Sensors ၊ Built-in GPS Receivers တွေနဲ့ တခြား လုပ်ဆောင်ချက်တွေမှာ အခုအသစ်ထွက်လာမယ့် Smart Bands တွေနဲ့ ယှဉ်ရင် နောက်ကျကျန်နေခဲ့ပြီလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Galaxy Fit3 နဲ့ပတ်သတ်ပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေဟာ Community မန်နေဂျာ ဆီကနေ လာတာကြောင့် ၁၀၀ ရာခိုင်နှုန်း မှန်ကန်မယ်လို့တော့ ယုံကြည်လို့မရပါဘူး။ Samsung ရဲ့ ထုတ်ကုန်သစ်ရောင်းချခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ ကုမ္ပဏီရဲ့ ရာထူးအကြီးပိုင်းက သူတွေကသာ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ Galaxy Fit3 ကို Galaxy Watch 5 မိတ်ဆက်ပွဲမှာ အတူတူ ကြေညာဖို့ဆိုတာ သိပ်မဖြစ်နိုင်တာကြောင့် ဘာပဲဖြစ်ဖြစ် ဆက်လက်စောင့်ကြည့်ရဦးမှာဘဲ ဖြစ်ပါတယ်။

Featured Photo : GizChina.it