အားကစားအမျိုးအစား အများအပြားရှိကြသလို အားကစားသမားများသည်လည်း အများအပြားရှိကြပါတယ်။ ထိုအားကစားသမားအများအပြားရှိတဲ့အနက်မှ ယခုနှစ်အတွင်း အခန့်ညား ဆုံးလို့ သတ်မှတ်ခံထားရတဲ့ နယ်ပယ်အသီးသီးရှိ အားကစားသမား များက ဘယ်သူတွေ ဖြစ်မလဲဆိုပြီး စိတ်ဝင်စားနေတဲ့ ကွီးတို့အတွက် ဒီဆောင်းပါးလေးကို ဝေမျှပေးလိုက်ရပါတယ်။
Lionel Messi

ကမ္ဘာ့ အခန့်ညား ဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ အားကစားသမား ကတော့ Lionel Messi ပဲဖြစ်ပါတယ်။ သူကတော့ ၁၉၈၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ၊ Santa Fe စီရင်စု၊ Rosario မြို့တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူသည် အသက် ၅ နှစ်အရွယ်ကတည်းက သူ့မြို့ရှိ လူငယ်ဘောလုံးအသင်းမှာ ဘောလုံးစကန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့အဖေက ဘောလုံးနည်းပြတစ်ယောက်ဖြစ်လို့ပါပဲ။
ထို့နောက် ၂၀၀၀ ပြည့်နှစ်မှာတော့ FC Barcelona တွင် ဝင်ရောက်ကစားခဲ့ပါတယ်။ သူသည် ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့တဲ့ ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။
David Beckham

ဒုတိယ အခန့်ညား ဆုံး အားကစားသမား သည်လည်း ဘောလုံးလောကကပဲဖြစ်ပါတယ်။ သူကတော့ ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် ကစားခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ဘောလုံးလောကမှ အနားယူလိုက်ပြီဖြစ်ပါတယ်။ ဘောလုံးလောကမှ အနားယူလိုက်ပေမယ့် သူ့ရဲ့ ကျော်ကြားမှုကတော့ ရပ်တန့်မသွားခဲ့ပါဘူး။
Marcel Nguyen

သူကတော့ ဂျွမ်းဘားအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Marcel Van Minh Phuc Long Nguyen ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပြီး ဂျာမန်နှင့် ဗီယက်နမ်ကပြားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ဆွဲဆောင်မှုအရှိဆုံးစာရင်းထဲတွင် နံပါတ် (၃) နေရာမှာ ရှိနေပါတယ်။
Cristiano Ronaldo

နံပါတ် (၄) နေရာမှာ ရပ်တည်နေသူကတော့ အခြားမဟုတ်ပါဘူး။ Cristiano Ronaldo ဖြစ်ပါတယ်။ ပေါ်တူဂီဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးလောကတွင် နာမည်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဂိုးပေါင်းများစွာ သွင်းပေးနိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
Fabio Cannavaro

သူကတော့ အီတလီလူမျိုး ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘောလုံးလောကမှ အနားယူလိုက်ပြီဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း အီတလီနိုင်ငံ နိုင်ငံဘောလုံးအသင်းတွင် ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။
Ning Zetao

နောက်ထပ်အားကစားသမားတစ်ယောက်ကတော့ ရေကူးအားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူသည်လည်း ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးရရှိခဲ့တဲ့ ရေကူးချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။
Marat Safin

Photo: Tennisnet
သူကတော့ ၁၉၈၀ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ ယခုဆိုလျှင် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားအဖြစ် နာမည်ကြီးပါတယ်။ သူ့ရဲ့ တင်းနစ်အားကစားသမားဘဝကို ၁၉၉၇ ခုနှစ်က အစပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Hall Of Fame တွင် ရွေးချယ်ခံလိုက်ရတဲ့ ပထမဦးဆုံး ရုရှားကစားသမားတစ်ဦးပဲဖြစ်ပါတယ်။
Kaka

အခန့်ညား ဆုံး နံပါတ် (၈) နေရာမှာ ရပ်တည်နေတဲ့ အားကစားသမားကတော့ Kaka ပဲဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Ricardo Izecson Dos Santos Leite ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလူမျိုးဖြစ်ပြီး ကွင်းလယ် တိုက်စစ် အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တွင် AC Milan တွင် ဝင်ရောက်ကစားခဲ့ပြီး ဥရောပ ချန်ပီယံဖလားကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ ကစားနိုင်စွမ်းကြောင့် European Ballon d”Or ဆုနှင့် FIFA World Player Of Football ဆုကို ရရှိခဲ့ပါတယ်။
Neymar

နံပါတ် (၉) နေရာမှာ ရပ်တည်နေသူကတော့ Neymar ဖြစ်ပါတယ်။ သူကတော့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ဘောလုံးလောကတွင် နာမည်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူသည် အသက် ၁၁ နှစ်အရွယ်ကတည်းက Santos ဘောလုံးကလပ်တွင် ဝင်ရောက်ကစားခဲ့ပြီး ထိုမှတဆင့် နာမည်ကြီးကလပ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။
Shaolin Sandor Liu

Shaolin Sandor Liu ကတော့ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က ဘူဒါပက်စ်မြို့၊ ဟန်ဂေရီနိုင်ငံတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဟန်ဂေရီလူမျိုး စကိတ်အားကစား သမားတစ်ယောက်ဖြစ်ပါတယ်။
သူသည် ၂၀၁၆ တုန်းက ကျင်းပတဲ့ ကမ္ဘာ့စကိတ်စီးချန်ပီယံပြိုင်ပွဲတွင် မီတာ ၅၀၀ တန်းမှ ဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင်လည်း မီတာ ၁၀၀၀ တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ တွင် မီတာ ၅၀၀၀ ပြိုင်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဆုတံဆိပ် အသီးသီး ဆွတ်ခူးခဲ့ပြီး မီတာ ၅၀၀၀ အတွက်တော့ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးခဲ့ပြန်ပါတယ်။ သူကတော့ ကမ္ဘာ့ ဆွဲဆောင်မှု အရှိဆုံးအားကစားသမားအဖြစ် နံပါတ် (၁၀) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Globehour
Featured Image: Metro
