ဆံပင်အုံထူ တဲ့ ကွီး တွေအတွက်တော့ ဘယ်ဆံပင်စတိုင်လ်မျိုးနဲ့မဆို လိုက်ဖက်တဲ့အတွက်ကြောင့် ကံကောင်းကြပါတယ်။ ဆံပင်အထူအပါးကို စိတ်ပူစရာမလိုပါဘူး။ တစ်ခုပဲ စိတ်ပူရမှာပါ။ အဲ့ဒါကတော့ မျက်နှာကျ အချိုးအစားပါပဲ။

ဆံပင်အုံထူ ပေမယ့် ကွီး တို့သည် ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေမျိုးကို သေချာရွေးချယ်နိုင်မှသာလျှင် ဆွဲဆောင်မှုရှိတဲ့ ဆံပင်စတိုင်လ်မျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဆံပင်အုံထူ တဲ့ ကွီး တို့အနေနဲ့ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်မျိုးကို ဘယ်လိုရွေးချယ်ရမလဲဆိုတော့ …

လေးထောင့်စပ်စပ် မျက်နှာကျပိုင်ရှင်များ

ဆံပင်အုံထူ ကွီး

လေးထောင့်စပ်စပ် မျက်နှာကျမျိုးကို ပိုင်ဆိုင်ထားတဲ့ ကွီးတို့အနေနဲ့ ဒီလိုဆံပင်စတိုင်လ်မျိုးကို ရွေးချယ်နိုင်ပါတယ်။ ခံ့ညားလှပပြီး ရင့်ကျက်တဲ့အသွင်ကို ဖန်တီးပေးမယ့် ဆံပင်ကေမျိုးပါ။

မျက်နှာသွယ်တဲ့ ကွီးတို့အတွက်

ဆံပင်အုံထူ ကွီး

မျက်နှာကျသွယ်သွယ်လေးနဲ့ မျက်နှာသေးတဲ့ ကွီးတို့အတွက်ကတော့ အခုလိုဆံပင်စတိုင်လ်မျိုးနဲ့ လိုက်ဖက်ပါတယ်။ ကိုယ်က ဆံပင်အုံကလည်း ထူပြီး မျက်နှာကလည်း သေးတဲ့အတွက်ကြောင့် ဆံပင်တစ်ခုလုံးက မျက်နှာကို ဖုံးသွားတာမျိုး မဖြစ်စေအောင် ဂရုစိုက်ရပါမယ်။

နောက်ပြန်လှန် ဖြီးထားတဲ့စတိုင်လ်

ဆံပင်အုံထူ ကွီး

ဒီဆံပင်စတိုင်လ်မျိုးကတော့ မျက်နှာကျဝိုင်းတဲ့သူတွေကလွဲရင် ကျန်မျက်နှာကျပိုင်ရှင်များနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာဝိုင်းတဲ့သူက ဒီလိုစတိုင်လ်မျိုး ညှပ်ထားမယ်ဆိုရင်တော့ လိုက်ဖက်မှာမဟုတ်တဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ဆံပင်အလယ်ခွဲစတိုင်လ်

ဆံပင်အုံထူ ကွီး

ဆံပင်အုံထူပြီး ဆံကေသာ ပျော့ပျောင်းတဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်မျိုးဖြစ်ပါတယ်။ ဒီဆံပင်စတိုင်လ်ကတော့ မျက်နှာကျရှည်တဲ့သူကလွဲရင် အခြားသော မျက်နှာကျပိုင်ရှင်များနဲ့ လိုက်ဖက်ပါတယ်။

ရင့်ကျက်မှုကို ဖော်ဆောင်ပေးတဲ့ ဆံပင်စတိုင်လ်

ဆံပင်အုံထူ ကွီး

ဒီလိုဆံပင်စတိုင်လ်မျိုး ဖန်တီးမယ်ဆိုရင်တော့ ခေါင်းလိမ်းဂျယ်လ်အများအပြား လိုအပ်မှာဖြစ်ပါတယ်။ ဆံပင် အလယ်ခြမ်းကို ဂျယ်လ်အသုံးပြုပြီး အနောက်သို့ လှန်ကျနေအောင် ထိန်းပေးထားရတာဖြစ်ပါတယ်။

ဆံပင်ကောက်ကောက်စတိုင်လ်

man thick hairstyles

ကိုယ့်ဆံပင်က ဆံသားတွေ ကောက်လိမ်နေလို့ စိတ်မညစ်လိုက်ပါနဲ့။ သဘာဝဆံပင်ကေလေးကိုမှ ကပိုကရိုစတိုင်လ်လေးထားခြင်းသည်လည်း ယနေ့ခေတ်လူငယ်များအကြား ခေတ်စားနေပါတယ်။

မတိုမရှည် ဆံပင်စတိုင်လ်

man thick hairstyles

ကွီးတို့အနေနဲ့ ဘဝမှာ တစ်ခါလောက်တော့ ဆံပင်အရှည် ထားဖူးချင်တယ်ဆိုရင်တော့ ဒီဆံပင်အရှည်လောက်အထိ ထားသင့်ပါတယ်။ ဆံပင်အနည်းငယ် ရှည်လာပြီဆိုရင်တော့ ကွီးတို့စိတ်ကြိုက် လိုသလို ပုံသွင်းလိုက်လို့ရပါပြီ။

ဘေးနှစ်ဖက်နှင့် နောက်စေ့နားကို မပြောင်တပြောင်ရှင်းထားတဲ့ စတိုင်လ်

man thick hairstyles

ဒီစတိုင်လ်လေးကတော့ လတ်တလောမှာ ရေပန်းစားနေတဲ့ ဆံပင်စတိုင်လ်မျိုးဖြစ်ပါတယ်။ ဆံပင်ကို အနောက်လှန်ဖြီးထားချင်ပေမယ့် အဘိုးကြီးပုံစံပေါက်သွားမှာ စိုးရိမ်နေတဲ့ ကွီးတို့အတွက် ဒီလိုမျိုး ဘေးနှစ်ဖက်ကို မပြောင်တပြောင်လေး ရိတ်ပေးလိုက်တဲ့အခါ လူငယ်ဆန်ဆန်နဲ့ ဆွဲဆောင်မှု တိုးနေမှာဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်များကို ဆံပင်အုံထူတဲ့ ကွီးတို့အားလုံးလည်း နှစ်ခြိုက်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Outfittrends

Featured Image: Manofmany