ကွီးတို့ရေ ယေဘုယျအားဖြင့် အရက်ယမကာများသည် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု မယူဆခြင်းက အတိုင်းအတာတစ်ခုအထိ မှန်ကန်သော်လည်း ဘီယာ၊ ဝီစကီ၊ ဘရန်ဒီနှင့် ဝိုင်နီတို့ကဲ့သို့ အချို့သောအရက်ဖျော်ရည်များကို ပြုလုပ်ခဲ့သော သုတေသနနှင့် လေ့လာမှုများစွာက ၎င်းတို့ကို တော်ရုံတန်ရုံ ပမာဏ သောက်သုံးခြင်းသည် အံ့ဩဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကို ပေးစွမ်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဘီယာ မှာ ဝိုင်ထက် ပရိုတင်းဓာတ်နဲ့ ဗီတာမင် B ပါဝင်မှု ပိုများတာကို သိလိုက်ရင် ကွီးတို့ အံ့သြသွားပါလိမ့်မယ်။ ကဲ ဘီယာ ရဲ့ အံ့သြဖွယ် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာလဲ ဆိုတာကြည့်လိုက်ကြရအောင်။

အံ့သြဖွယ် ကျန်းမာရေး

Photo : MensLine Australia

(၁) ကျောက်ကပ်နဲ့ သည်းခြေ ကျောက်တည်နိုင်ခြေကို လျော့ချပေးပါတယ်။ပထမဆုံး အနေနဲ့ ဘီယာက ကျောက်ကပ် ကျန်းမာရေးအတွက် ကောင်းပါတယ်။ လေ့လာမှုများအရ ကွီးတို့သောက်တဲ့ ဘီယာတစ်ပုလင်းစီက ကျောက်ကပ် ကျောက်တည်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျော့ကျစေသည်ဟု လေ့လာမှုများက ဖော်ပြထားပါတယ်။ ဘီယာကို အတန်အသင့် သောက်သုံးခြင်းက သည်းခြေရည်စူးစိုက်မှုကို လျော့ကျစေပြီး သည်းခြေ ကျောက်တည်နိုင်ခြေကို လျှော့ချပေးပါတယ်။

(၂) အစာအိမ်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဘီယာသောက်ခြင်းက ရတဲ့ နောက်ထပ် အံသြဖွယ် ကျန်းမာရေး အကျိုးကျေးဇူး တစ်ခုကတော့ အထူးသဖြင့် အနက်ရောင်ဘီယာတွင် ပျော်ဝင်နိုင်သော အမျှင်ဓာတ်၊ Flavonoids နှင့် Antioxidants အများအပြားပါဝင်သောကြောင့် အစာအိမ်နှင့် အစာခြေစနစ် ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု ယူဆကြပါတယ်။ ဘီယာကို အလွန်အကျွံမဟုတ်ဘဲ သင့်တင့်သော ပမာဏသောက်သုံးခြင်းက အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အဆိပ်အတောက်များကို ဖယ်ရှားရာတွင်လည်း ကူညီပေးတယ်လို့ ဆိုကြပါတယ်။

အံ့သြဖွယ် ကျန်းမာရေး

Photo : Drinktec Blog

(၃) စိတ်ဖိစီးမှု ကိုလျော့ကျစေပါတယ်။ ဘီယာသောက်ခြင်းသည် နှလုံးရောဂါဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်သည့် နေ့စဉ်စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို တိုက်ဖျက်နိုင်ပြီး ကွီးတို့ရဲ့ Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ပမာဏကို ထိန်းသိမ်းရာတွင် ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ဘီယာသောက်သူများသည် ဘီယာမသောက်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးဖောက်နိုင်ခြေ ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း သိရပါတယ်။ ဒါပေမယ့် အလွန်အကျွံ သောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။

Beer
Photo : Quit Victoria

(၄) ဘီယာ ရဲ့ အံ့ဩဖွယ် ကျန်းမာရေး အကျိုးကျေးဇူး နောက်တစ်ခုကတော့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဘီယာ နွေးနွေးလေးသောက်တာက သွေးလည်ပတ်မှုကောင်းစေပြီး သွေးကြောပိတ်နေချိန်မှာ အသက်ရှုရလွယ်ကူစေပါတယ်။ ဘီယာပူပူသောက်တာက အဆစ်အမြစ်ကိုက်ခဲတာကို သက်သာစေပြီး သတိရှိရှိ သောက်သုံးမယ်ဆိုရင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

(၅) ဘီယာမှာပါတဲ့ Flavonoids နဲ့ Antioxidants တွေဟာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါ၀င်ပါတယ်။ ပြီးတော့ Flat Beer တွေကို Hair Conditioner ကောင်းတစ်ခုလို့ ယူဆလို့ရတာကြောင့် ဗောက်ပျောက်ဖို့နဲ့ ဆံကေသာကို တောက်ပြောင်ပြီး ကျန်းမာစေဖို့အတွက် ကွီးတို့ရဲ့ ဆံပင်ကို ဘီယာတစ်ပုလင်းနဲ့ လျော်လိုက်ပါ။

Beer

Photo : Shutterstock

အထက်မှာ ဖော်ပြပေးလိုက်တဲ့ အကြောင်းအရာတွေကတော့ ဘီယာ ရဲ့ အံသြဖွယ် ကျန်းမာရေး ကျေးဇူးများဖြစ်ပါတယ်။ ဒါပေမယ့်အလွန်အကျွံမဟုတ်ဘဲ သင့်တင့်သော ပမာဏကိုသာ ချင့်ချိန်ပြီး သောက်သုံးသင့်ပါတယ်။

Source : Ten Benefits

Featured Photo : Menshealth