သင်သည် ခရီးသွား ဖို့ရန်အတွက် ရယ်ဒီဖြစ်နေလို့ မိမိ နေအိမ် က စတင်ထွက်ခွာခဲ့ပေမယ့် အခုဖော်ပြပေးမယ့် အချက်တွေကို ပြုလုပ်ခဲ့ရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ သင် ခရီးသွား နေစဉ်မှာ သင့်ရဲ့ နေအိမ် သည် ဘေးကင်းလုံခြုံမှုရှိပြီး အိမ်ပြန်ရောက်တဲ့အခါ သက်သောင့်သက်သာရှိနေဖို့ လိုအပ်ပါတယ်။
အိမ်အတွက် လုံခြုံရေး

Photo: Thales blog
အိမ်ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို သေသေချာချာသော့ခတ်သွားပါ။ တကယ်လို့ အဆင့်မြင့်စနစ်များ တပ်ဆင်ထားတယ်ဆိုရင်တော့ Alarm System လေးတွေပါ တပ်ဆင်ထားလိုက်ပါ။ ဒါမှ သင် ခရီးသွား နေစဉ်မှာ သင့် နေအိမ် ထဲသို့ မကောင်းတဲ့ လူဆိုး သူခိုးတွေ ဝင်ရောက်မလာမှာဖြစ်ပါတယ်။
ရေဘုံဘိုင်ခေါင်းတွေ သေချာပိတ်ထားခဲ့ရဲ့လား

Photo: IndiaTV News
သင် အိမ်ပြန်ရောက်တဲ့အချိန်မှာ သင့်ရဲ့အိမ်ထဲမှာ ရေတွေပြည့်လျှံနေတာကို မမြင်ချင်ဘူးမလား။ ဒါဆိုရင်တော့ အိမ်က မထွက်ခင်မှာ နေအိမ်ထဲက ရေဘုံဘိုင်ခေါင်းတွေ သေချာပိတ်ထားခဲ့ဖို့ လိုပါလိမ့်မယ်။
မီးတွေလည်း သေချာပိတ်သွားပါ

Photo: Martha Stewart
လျှပ်စစ်ဒယ်အိုး စတဲ့ ချက်ပြုတ်ခြင်းအစ အဲကွန်း၊ မီးပူစတဲ့ လျှပ်စစ်ပစ္စည်းများအဆုံး သေချာစစ်ဆေးသွားခဲ့ပါ။ အကောင်းဆုံးကတော့ အဓိကမိန်းကို သေချာပိတ်သွားရင်တော့ အကောင်းဆုံးပါပဲ။
ခရီးသွား ဖို့ တစ်ရက်အလိုမှ နေအိမ် ကို သန့်ရှင်းရေး ပြုလုပ်သွားပါ

Photo: Martha Stewart
ဒီအချက်က သင့်အတွက်တော့ အနည်းငယ် ကြောင်စီစီ နိုင်နိုင်ပါတယ်။ သို့သော် သင် ခရီးက ပြန်ရောက်မှ အိုးခွက် ပန်းကန်တွေက မဆေးရသေးဘူးဆိုရင် အနံ့အသက်တွေက အောက်သိုးသိုးအနံ့တွေ ထွက်လာမှာဖြစ်ပြီး သင့်အိမ်အခန်းတွေထဲမှာလည်း ထိုအနံ့အသက်က အချိန်အကြာကြီး စွဲကျန်နေမှာဖြစ်ပါတယ်။ ကြွက်တွေ၊ ခြင်၊ ယင်များလည်း အသားကုန် သောင်းကျန်းနေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင် ခရီးက ပြန်လာတဲ့အချိန်မှာလည်း ခရီးပန်းနေမှာဖြစ်တဲ့အတွက်ကြောင့် အိမ်အလုပ်တွေလည်း ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ခရီးသွား ခါနီး တစ်ရက်အလို (သို့) တစ်ညအလိုမှာ အိမ်သန့်ရှင်းရေးတွေကို အကုန် လုပ်သွားလိုက်ပါ။ ဒါမှ ခရီးက ပြန်ရောက်လာတဲ့အခါ အေးအေးဆေးဆေး အနားယူနိုင်မှာမဟုတ်လား။
ဘေလ်များ ပေးဆောင်ထားပါ

Photo: Audacy
တခါတရံမှာ ခရီးသွားနေတော့ အပျော်လွန်ပြီး ဘေလ်ပေးချေဖို့ ရက်တွေ လွန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ နောက်ကျကြေးတွေ ပေးဆောင်ပြီး အပိုဝင်ငွေ မထွက်ချင်ဘူးဆိုရင်တော့ အချိန်မှီ ဆောင်သွားဖို့လိုပါလိမ့်မယ်။
ဒီအချက်များကို သေချာစီစစ်ပြီး ခရီးသွားမယ်ဆိုရင်တော့ သင် ခရီးသွားနေစဉ်မှာ သင့်ရဲ့နေအိမ်က လုံခြုံစိတ်ချမှုရှိနေမှာဖြစ်ပါတယ်။
Source: Familyhandyman
Featured Image: Kdanmobile
