ယနေ့ခေတ်မှာ စမတ်ဖုန်းတွေ ပေါ်ပေါက်လာသည်နှင့်အမျှ လူသားများသည် ဓာတ်ပုံ ဆရာ တစ်ယောက်အလား ဓာတ်ပုံ ရိုက်ရတာကို ဝါသနာပါလာကြပါတယ်။ အခြားသူကို ဓာတ်ပုံရိုက်ပေးရင်းပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်ရင်း ဆယ်လ်ဖီဆွဲရင်ပဲဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင် ရိုက်ကူးတတ်ဖို့လိုအပ်ပါတယ်။ ဒါမှ လှပတဲ့ ဓာတ်ပုံတွေ ထွက်လာမှာမဟုတ်လား။

ဖုန်းတွေမှာ ပါဝင်တဲ့ ကင်မရာ နည်းပညာတွေက တဖြည်းဖြည်း မြှင့်မားလာသည်နှင့်အမျှ ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံတွေကိုလည်း အများအပြား ရိုက်ကူးနိုင်ပြီပဲဖြစ်ပါတယ်။

ဒီလိုလှပတဲ့ ဓာတ်ပုံတွေ ထွက်လာဖို့ဆိုရင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံ ဆရာ တွေသာ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းအချို့ကို အသုံးပြုဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒီနည်းလမ်းတွေက ကွီး တို့ကို ကျွမ်းကျင် ဓာတ်ပုံ ဆရာ တစ်ယောက်အလား ကူညီပေးပါလိမ့်မယ်။

အလင်း အမှောင်ကို ချိန်ညှိတတ်ဖို့

ဓာတ်ပုံ ဆရာ

သဘာဝက ပေးတဲ့ အလင်းရောင်ကို ကောင်းစွာ အသုံးချတတ်ခြင်းသည် ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အလင်း အမှောင် နှစ်ခုကို သေချာ ချိန်ညှိတတ်ဖို့လိုမှာဖြစ်ပါတယ်။ အချို့ဖုန်းတွေကတော့ အမှောင်ထဲမှာတင် Night Mode ရိုက်လို့ရနေပြီဖြစ်ပါတယ်။

Grid လေး ဖွင့်ရိုက်ပါ

ဓာတ်ပုံ ဆရာ

ကျွမ်းကျင်ပညာရှင်များတောင်မှ သူတို့ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အခါ Grid ဖွင့်ရိုက်လေ့ရှိပါတယ်။ သင့်ရဲ့ ဖုန်းကိုလည်း ဓာတ်ပုံ ရိုက်တော့မယ်ဆိုရင် Grid ဖွင့်ရိုက်ပေးလိုက်ပါ။ ဒါမှ ပုံတွေက အချိုးအစားညီညီညာညာနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီ Grid လေးတွေသည် Rule Of Thirds လိုမျိုး ဓာတ်ပုံရိုက်သူအား ဘယ်နေရာမှာတော့ ဘယ်လို အချိုးအစားနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

သင့်ဖုန်းရဲ့ ကင်မရာအကြောင်းကို နောကျေအောင် သိထားဖို့လိုအပ်ပါတယ်

ဓာတ်ပုံ ဆရာ

ကိုယ့်ကင်မရာက ဘယ်လို Features မျိုး ရှိသလဲ။ Portrait Mode ၊ Night Mode စသည့်အရာတွေပါသလား။ ဘယ် Features နဲ့ ရိုက်ရင် ရုပ်ထွက်အလှဆုံးဖြစ်သလဲဆိုတာကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ဒါမှ ဓာတ်ပုံလှလှလေးတွေ ထွက်လာအောင် ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

လက်ကို ငြိမ်ငြိမ်ထားပါ

take a photo with phone

Photo: Theschoolofphotography

ဒီအချက်ကတော့ အဓိက အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အသက်သည် လက်ကို ငြိမ်အောင်ထားပြီး ဓာတ်ပုံရိုက်တတ်ခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်သည် လက်မငြိမ်သူတစ်ယောက်ဆိုရင်တော့ သင့်ဖုန်းရဲ့ နည်းပညာများကို အသုံးပြုနိုင်ပါတယ်။ ဥပမာ သင့်ဖုန်းရဲ့ အသံ အတိုး၊ အကျယ် ခလုတ်နဲ့ ကင်မရာ ရိုက်ကူးနိုင်တယ်ဆိုရင် ဖုန်းကို လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး ဖုန်းရဲ့ဘေးဘောင်က ခလုတ်ဖြင့် ဓာတ်ပုံရိုက်ယူလိုက်ပါ။

ပုံကို Edit ပြန်လုပ်ဖို့လည်း မမေ့ပါနဲ့

take a photo with phone

ကိုယ့် စိတ်ကြိုက် ဓာတ်ပုံများကို ရိုက်ကူးပြီးတဲ့နောက်မှာ ဆိုရှယ်မီဒီယာများပေါ် မတင်ခင်မှာ ကိုယ် ရိုက်ယူထားပြီးသားပုံတွေကို Edit ပြန်လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ ဖုန်းမှာ Built-In ပါပြီးသား App နဲ့ Edit လုပ်နိုင်သလို Editing App တစ်ခုခုကို ဒေါင်းလုတ်ဒ်ချကာ ဓာတ်ပုံများကို ပြန်ပြင်နိုင်ပါတယ်။

ဒီအခြေခံအဆင့်များကို သိသွားပြီဆိုရင်တော့ ကွီးတို့လည်း ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးရာမှာ လှပတဲ့ ပုံများထွက်လာအောင် ရိုက်ကူးနိုင်ပြီပဲ ဖြစ်ပါတယ်။

Source: Pcmag

Featured Image: Benchmarkone