ကွီးတို့ရေ ဘယ်သူကမှတော့ အမြဲတမ်း ပြဿနာဖြစ်ပြီး မကောင်းတဲ့  Relationship ကို လိုချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Relationship တစ်ခုဆိုတာ လူနှစ်ယောက် စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ပါ ပတ်သက်ဆက်နွယ်နေတာ ဖြစ်တဲ့အတွက် အမြဲတမ်း အဆင်ပြေချောမွေ့ဖို့ ဆိုတာလည်း ခဲယဉ်းပါတယ်။ သာယာပျော်ရွှင်တဲ့ မည်သည့် Relationship ကိုမဆို ပိုင်ဆိုင်ချင်ရင် ကွီးတို့ ကိုယ်တိုင် တည်ဆောက်လို့ ရပါတယ်။ ဒါကြောင့် ကွီးတို့အတွက် သာယာပျော်ရွှင်တဲ့ Relationship တစ်ခု တည်ဆောက်ဖို့ အခြေခံကျတဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁) အရှိကိုအရှိအတိုင်း လက်ခံပေးပါ

သာယာပျော်ရွှင်တဲ့ Relationship

Photo : Stocksy

ကွီးတို့ရေ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျပြီး တူညီနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကွီးတို့ဖြစ်စေ ချင်တဲ့အတိုင်း ထိုသူကိုပုံသွင်းဖို့ဆိုတာလည်း နှစ်ယောက်စလုံးအတွက် ခဲယဉ်းပါတယ်။ ဒါကြောင့် သာယာပျော်ရွှင်တဲ့ Realationship တစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် ကွီးတို့အနေနဲ့ ကွီးတို့ ရွေးချယ်ထားတဲ့ လူရဲ့ အရာတော်တော်များများကို အမှန်အတိုင်း လက်ခံပေးပါ။ အတင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကွီးတို့ ကိုယ်တိုင်ကလည်း တစ်ဖက်သူကို ကိုယ့်ရဲ့အမှန်အတိုင်း၊ အရှိအတိုင်း လက်ခံပေးဖို့ ညှိနှိုင်း ဆွေးနွေးပါ။

(၂) အချိန်ပေးပြီး စကားပြောပါ

သာယာပျော်ရွှင်တဲ့ Relationship

Photo : Fatherhood Channel

ကွီးတို့ရေ သာယာပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်ဖို့ဆိုရင် နှစ်ဦးနှစ်ဖက် အချိန်ပေးပြီးစကားပြောဖို့ လိုပါတယ်။ ကွီးတို့ရဲ့တစ်ဖက်သားကို မေးခွန်းတွေ မေးပါ။ တစ်ဖက်လူရဲ့ အကြောင်းအရာကို သေချာနားထောင်ပြီး စိတ်ဝင်တစား ဆွေးနွေးပေးပါ။ ကွီးတို့ရဲ့ ခံစားချက် ၊ အတွေ့အ ကြုံတွေ၊ အရေးပါတဲ့အကြောင်းအရာ တွေကို ဝေမျှပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိခြင်းကလည်း ကွီးတို့ရဲ့ Relationship သာ ယာဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

(၃) လိုက်လျောညီထွေ ဖြစ်ပါစေ

Healthy RS

Photo : Verywell Mind

တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားတဲ့ အရာတွေ၊ သဘောကျတဲ့အရာတွေ မတူညီကြပေမဲ့လည်း လိုက်လျောညီထွေရှိပါစေ။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လိုက်လျောပေးခြင်း၊ နားလည်ပေးခြင်းဖြင့်လည်း ကွီးတို့ရဲ့ ချစ်ခင်ကြင်နာမှုကိုပြသရာ ရောက်သလို  ကွီးတို့ရဲ့ Relationship ကို သာယာပျော်ရွှင်စေဖို့ အထောက်အပံပေးပါလိမ့်မယ်။

(၄) Fair Fight ဖြစ်ပါစေ

Healthy RS

Photo : AskMen

ကွီးတို့ရေ Relationship တစ်ခုမှာ အမြဲသာယာ အဆင်ပြေနေဖို့တော့ မလွယ်ပါဘူး။ လူနှစ်ယောက် ပေါင်းစည်းထားတာဖြစ်တဲ့အတွက် ပြဿနာဖြစ်တဲ့အချိန်၊ ရန်ဖြစ်တဲ့အချိန် ဆိုတာရှိမှာပါ။ ဒီလို အခြေအနေမျိုးဆို အရင်ဆုံး စိတ်အေးအေးထားပါ။ ကွီးတို့ရဲ့ ခံစားချက်တွေ၊ ဒေါသတွေ အနည်းငယ်ငြိမ်သွားအောင်စောင့်ပြီးမှ စကားပြောတာ၊ ပြဿနာကို အဖြေရှာတာမျိုးက ပိုအကျိုးရှိစေပါတယ်။ ဒေါသထွက်နေစဉ် နောင်တရမဲ့ အပြောအဆိုမျိုးနဲ့ ဒေါသအလျှောက် အကြမ်းဖက်တာမျိုးရှောင်ပါ။ အမှားတွေရှိရင် တရားမျှတစွာ တာဝန်ယူမှုရှိပါစေ။ လက်ရှိ ပြဿနာပေါ်မှာအာရုံစိုက်ပြီး ကွီးတို့ အတူတူ အပြုသဘောဆောင်တဲ့ ဖြေရှင်းချက်မျိုး ထုတ်ပါ။ ပြဿနာများကို တရားမျှတစွာနဲ့  အေးအေး ဆေးဆေး ဖြေရှင်းခြင်းကလည်း ကွီးတို့ကို သာယာပျော်ရွှင်တဲ့ Relationship တည်ဆောက်ရမှာ အထောက်အကူပြုမှာပါ။

(၅) ယုံကြည်ပါ ၊ သစ္စာရှိပါ

Healthy RS

Photo : Unplash

ကွီးတို့ရေ Relationship တစ်ခုမှာ အရးကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုနဲ့ သစ္စာရှိမှုပါ။ အရင်ဆုံး ကွီးတို့ ကိုယ်တိုင် စစ်မှန်ပါစေ၊ အရာတိုင်းကို မဆိုလိုသော်လည်း တစ်ဖက်သားကို ကိုယ့်ရဲ့ သိသင့်သိထိုက်သော အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းသိရှိပါစေ။ သံသယတွေနဲ့ပြည့်နှက်နေတဲ့ Relationship မျိုးက ပျော်ရွှင်မှုရမှာမဟုတ်ပါဘူး။ ကွီးတို့ဘက်က ဟန်ဆောင်မှု ကင်းတဲ့စစ်မှန်ခြင်းနဲ့ သစ္စာရှိမှုကို အရင်ဆုံးပေးလိုက်ပါ။ တစ်ဖက်သူ ကလည်း ထိုနည်းအတိုင်း ကွီးတို့အပေါ်ရောင်ပြန်ဟပ်ပါလိမ့်မယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့  သာယာပျော်ရွှင်တဲ့ Relationship တည်ဆောက် နိုင်ဖို့ အခြေခံကျတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ သာယာချောမွေ့ တဲ့ Relationship တစ်ခုဟာ ကွီးတို့ကို စိတ်ဖိစီးမှု နည်းစေပြီး ပျော်ရွှင်မှုအရသာကို သေချာခံစားရမှာပါ။

Source : Amherst Collage

Featured Photo : Glamour