ကျွန်တော်တို့ အမျိုးသားတွေဟာ လိင်မှုကိစ္စ မှာအမျိုးသမီးတွေထက် ပွင့်လင်းမှုပိုရှိတယ် ၊ ယုံကြည်မှုပိုမြင့်တယ်လို့ ယေဘုယျအားဖြင့် တွေးထင်ကြပါတယ်။ အမှန်တကယ်တော့ အမျိုးသားတွေရဲ့ စိတ်ထဲမှာလည်း အိပ်ရာပေါ် က ချစ်ရေးချစ်ရာ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး  စိုးရိမ်ကြတဲ့ အချက်လေးတွေ ရှိကြပါတယ်။ တချို့က သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးကြပေမဲ့ တချို့ကတော့ တစ်ယောက်တည်း  တိုးတိုးတိတ်တိတ် ကြိတ်မှိတ် စိုးရိမ်ပူပန်နေမိကြတာ ဖြစ်ပါတယ်။ အခုပြောပြမှာကတော့ အိပ်ရာ ပေါ်က ချစ်မှုရေးရာ ကိစ္စနဲ့ ပတ်သတ်ပြီး အမျိုးသား အများစု စိုးရိမ်လေ့ရှိတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

(၁) အဖွင့်မကောင်းမှာ

Photo : Askmen

အတွေ့အကြုံ ရင့်သန်ပြီးသား အမျိုးသား တွေအတွက်တော့ အိပ်ရာပေါ်မှာ ဘယ်လိုဘယ်ပုံအစပျိုးရမယ်ဆိုတာ ကောင်းကောင်းသိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သူတွေကတော့ ကစားပွဲစဖို့ ခရာ မ,မှုတ်ခင်ကတည်းက ဇောချွေး ပြန်နေရတဲ့ Introvert တွေ ဖြစ်ပါတယ်။ ကိုယ့်ပါတနာနဲ့ ကောင်းကောင်း ချစ်စခန်းဖွင့်နိုင်ဖို့ ဘယ်လိုအစပျိုးရမလဲဆိုတာနဲ့ ပတ်သတ်ပြီး စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ အတွေ့အကြုံနဲ့ ၊ ကိုယ်နဲ့ ကိုယ်ပါတနာကြားက ရင်းနှီးမှု တိုးလာတာနဲ့အမျှ ဒီပြဿနာက လျော့နည်းသွားမှာ ဖြစ်ပါတယ်။

(၂) စွမ်းဆောင်ရည် မကောင်းမှာ

Photo : Envato Elements

အမျိုးသားတိုင်း အိမ်ရာပေါ်က စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ကိုယ့်ပါတနာကို ကျေနပ်အောင် မစွမ်းဆောင်နိုင်မှာ ၊ အချိန်မတိုင်မီ သုတ်လွတ်စောမှာ စသည်ဖြင့်ပေါ့။ တကယ်တော့ ဒီလိုစိုးရိမ်တဲ့စိတ်ကပဲ အမျိုးသား တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို ကျစေတဲ့ အဓိကတရားခံတွေထဲမှာ ပါပါတယ်။ အိပ်ရာပေါ်ရောက်ချိန်မှာ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ တက်နိုင်သလောက်လျော့ထားတာက ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အထိုက်အလျောက် တိုးတက်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

(၃) အရွယ်အစားအပေါ် ကျေနပ်မှုမရှိမှာ

Photo : Cosmopolitan

အမျိုးသား တော်တော်များများက ညီလေးရဲ့ Size နဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု မရှိကြပါဘူး။ လိင်မှုကိစ္စမှာ အရွယ်အစားက နံပါတ်တစ် အရေးကြီးဆုံးလို့ ထင်မှတ်ထားကြပါတယ်။ ဒါကြောင့် ကိုယ့်ပါတနာနဲ့ အတူနေတဲ့အခါ အရွယ်အစားအပေါ် သူမကျေနပ်မှုမရှိမှာကို အလွန်ပဲစိုးရိမ်မိကြတာ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသမီးတွေအတွက် အရွယ်အစား က အဓိက မကျပါဘူး။ ကစားပွဲကို ကွီးတို့ ဘယ်လိုဦး ဆောင်မလဲဆိုတာနဲ့ အထိအတွေ့ ၊ အကြင်နာ ၊ အယုအယ စွမ်းဆောင်ရည်တွေ အပေါ်မှာပဲ စိတ်ဝင်စားတာ ဖြစ်ပါတယ်။

(၄) သုတ်လွှတ်မြန်မှာ

Photo : Ekran.mk

စစ်မရောက်ခင် မြှားကုန်တဲ့ အဖြစ်မျိုး ဘယ်ယောကျာ်းမှ မကြုံချင်ကြပါဘူး။ အချိန်မတိုင်ခင် သုတ်လွှတ်စောမှာ ၊ သုတ်လွှတ်မြန်မှာကို စိုးရိမ်တဲ့ ပြဿနာမျိုးဟာ အထူးသဖြင့် လိင်မှုကိစ္စနဲ့ နဖူးတွေ့ ဒူးတွေ့မကြုံဖူးသေးတဲ့ လူငယ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ ဒါဟာ လိင်မှုစွမ်းဆောင်ရည်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

(၅) စိတ်ဝင်စားမှု လျော့လာမှာ

Photo : iNews

အမျိုးသား တွေဟာ အသက်ကြီးလာတဲ့အခါ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ခန္ဓာကိုယ် အသွင်အပြင်အပေါ် မေးခွန်ထုတ်လေ့ရှိကြပြီး ပါတနာရဲ့ စိတ်ဝင်စားမှု လျော့ကျလာမှာကို စိုးရိမ်စိတ် ဝင်တက်ကြပါတယ်။ လေ့လာမှုတွေအရတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အမျိုးသားတွေအပေါ် အသက်ကြီးလာတာနဲ့အမျှ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ခံစားကြရပါသတဲ့။

Photo : News Medical Net