အကောင်းစား အယ်လ်ကိုဟောဖျော်ရည်များကို သောက်သုံးချင်တဲ့ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဝီစကီ ကို အဓိကထားကာ အရသာရှိတဲ့ ကော့တေး ဖျော်ရည်တစ်ခွက် ဖန်တီးပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်း များကို ဝေမျှပေးချင်ပါတယ်။
အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဝီစကီ ရှိရင်ပဲ အမိုက်စား အယ်လ်ကိုဟော ကော့တေး ဖျော်ရည်ကို ဖော်စပ်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များကို လက်မလွတ်တမ်း လေ့လာကြည့်ဖို့တော့ လိုမယ်နော်။
ရနံ့မွှေးပျံ့တဲ့ Cinnamon Maple Whiskey Sour တစ်ခွက် ပြုလုပ်နည်း
လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ မိမိကြိုက်နှစ်သက်ရာ ဝီစကီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ Maple Syrup (သို့) ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန်း၊ သစ်ကြမ်းပိုးခေါက် အနည်းငယ် (သစ်ကြမ်းပိုးခေါက်ကတော့ မထည့်လည်းရပါတယ်)။
ပြုလုပ်နည်း အဆင့်ဆင့်
အရင်ဦးဆုံး ကော့တေးလှုပ်ခါမယ့် ခွက်တစ်ခုထဲသို့ ရေခဲတုံးများကို ခွက်ရဲ့ သုံးပုံ နှစ်ပုံခန့် ဖြည့်လိုက်ပါ။ ဝီစကီထည့်ပါ။ သံပုယိုရည်၊ Maple Syrup နှင့် သစ်ကြမ်းပိုးခေါက်တို့ထည့်ကာ ကော့တေး Shaker ရဲ့ အဖုံးကို ပိတ်လိုက်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါလိုက်ပါ။
ရရှိလာတဲ့အယ်လ်ကိုဟောဖျော်ရည်လေးကို ဝီစကီဖန်ခွက်ထဲထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ဒီနည်းလမ်းကတော့ ဝီစကီ ကို အဓိကထား အသုံးပြုကာ ကော့တေး ဖော်စပ်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။
Classic စတိုင်လ်လေး ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Bourbon Old-Fashioned ဖျော်နည်း
ဒီကော့တေးဖျော်စပ်ဖို့ရန်အတွက် လိုအပ်တဲ့အရာများကတော့ Syrup (သို့) ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ Bitters အနည်းငယ်၊ ရေခဲတုံး အကြီးတစ်တုံး၊ ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ လိမ္မော်ခွံ အနည်းငယ်၊ အလှဆင်ဖို့ရန်အတွက် ချယ်ရီသီး တစ်လုံး တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ …
ကော့တေးဖန်ခွက်ထဲသို့ Syrup (သို့) ပျားရည်များ လောင်းထည့်လိုက်ပါ။ ထို့နောက် Bitters များ ထည့်ပါ။ ပြီးရင်တော့ ရေခဲတုံးအကြီးတစ်တုံး ပစ်ထည့်လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့တော့ ဝီစကီထည့်ရမှာပဲ ဖြစ်ပါတယ်။
ပြီးရင်တော့ဖျော်ရည်များကို အနည်းဆုံး ၁ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ အေးအေးလေး သောက်ချင်တယ်ဆိုရင်တော့ ကြာကြာလေး မွှေပေးဖို့ လိုအပ်ပါလိမ့်မယ်။
နောက်ဆုံးမှာတော့ လိမ္မော်ခွံနှင့် ချယ်ရီသီးတို့ထည့်ကာ ဇိမ်ကျကျလေး သောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။
အကောင်းဆုံး Manhattan Cocktail ပြုလုပ်နည်း
ဒီ ဝီစကီ နဲ့ ကော့တေး ပြုလုပ်ရမယ့် နည်းလမ်းကောင်း ကလည်း လွယ်ကူရိုးရှင်းပါတယ်။ လိုအပ်မယ့် ပစ္စည်းများကတော့ ရေခဲတုံး၊ ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ Sweet Vermouth စားပွဲတင်ဇွန်း ၂ ဇွန်း၊ Bitter အနည်းငယ်နှင့် အလှဆင်ဖို့ရန်အတွက် ချယ်ရီသီး တစ်လုံးတို့လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်းအဆင့်ဆင့်ကတော့ …
အရင်ဦးဆုံး ဖန်ခွက်တစ်လုံးထဲသို့ ရေခဲတုံးများထည့်လိုက်ပါ။ ဝီစကီထည့်ပါ။ Sweet Vermouth နှင့် Bitter တို့ထည့်ကာ ၁ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။
ရရှိလာတဲ့ အယ်လ်ကိုဟောဖျော်ရည်ကို ဖန်ခွက်လှလှလေးထဲသို့ထည့်ကာ ချယ်ရီသီးဖြင့် အလှဆင်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။
Mint Julep လို့အမည်ရတဲ့ ဝီစကီ ကော့တေး တစ်ခွက် ဖန်တီးနိုင်မယ့် နည်းလမ်းကောင်း
ပါဝင်ပစ္စည်းများကတော့ ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ လတ်ဆတ်သော Mint ၁ စည်း၊ ရေခဲတုံးအနည်းငယ်၊ ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ Syrup (သို့) ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် အနည်းငယ်၊ အလှဆင်ဖို့ရန်အတွက် Mint အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်း အဆင့်ဆင့်
အရင်ဦးဆုံး အိုးမကပ်တဲ့ ဒယ်အိုးထဲတွင် ရေနျင့် သကြားတို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် Mint များထည့်ကာ မီးပိတ်ထားပြီး ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ပုလင်းထဲတွင် အရည်ချည်းပဲ သီးသန့် စစ်ယူထားပါ။
ဖန်ခွက်ထဲတွင် ရေခဲတုံး၊ ဝီစကီ၊ Syrup နှင့် သံပုယိုရည်တို့ ထည့်ပါ။ စောစောက ကျိုထားတဲ့ ဖျော်ရည်များ လောင်းထည့်ကာ ၁ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ နောက်ဆုံးမှာတော့ Mint အရွက်အနည်းငယ်ဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ရနံ့မွှေးမွှေးလေးနဲ့ ကွီးတို့အားလုံး အကြိုက်တွေ့စေမယ့် Mint Julep ဝီစကီကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတာကတော့ ပြုလုပ်ရလွယ်ကူပြီး ကွီးတို့အားလုံး ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်နိုင်မယ့် ဝီစကီကော့တေး ပြုလုပ်နည်းတွေပဲဖြစ်ပါတယ်။
Source: Insanelygoodrecipes
Featured Image: Bonappetit