ဘီယာသည် နေ့စဉ်ဆေးဖြစ်ဝါးဖြစ် မှီဝဲချင်လို့ပဲဖြစ်ဖြစ် နေ့ထူးနေ့မြတ်များအတွက် သုံးဆောင်ချင်လို့ပဲဖြစ်ဖြစ် သောက်သုံးနိုင်တဲ့ အယ်လ်ကိုဟောဖျော်ရည်တစ်ခုပဲ ဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာ ရေပန်းစား နေတဲ့ နာမည်ကြီး ဘီယာ များလည်း အများအပြားရှိတာကြောင့် ဘီယာချစ်သူများအတွက် ရွေးချယ်စရာတွေ စုံလင်လှပါတယ်။

လက်ရှိမှာ ရေပန်းစား နေတဲ့ ဘီယာ များကလည်း ဘီယာအပျော့စားကနေ ဘီယာအပြင်းစားအထိ အမျိုးစုံရှိတာကြောင့် ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ရန်အတွက် အခုပဲ ဝေမျှပေးလိုက်ရပါတယ်။

Peace Tree Blonde Fatale

best beer

ဒီဝီစကီလေးကတော့ Best Overall ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ နာမည်ကြီးနေတာဖြစ်ပါတယ်။ အရသာရော ထုပ်ပိုးမှုပုံစံပါ ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့အတွက်ကြောင့် ဒီနာမည်လေး ရရှိထားတာဖြစ်ပါတယ်။

Estrella Inedit Damm

best beer

စပိန်နိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်ပြီး အပျော့စားဘီယာတစ်မျိုး သောက်သုံးချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမယ့် ဘီယာလေးပဲဖြစ်ပါတယ်။ သစ်သီးများရဲ့ ချိုမြိန်တဲ့အရသာနဲ့ အစပ်အဟပ်တည့်အောင် အချဉ်ဖောက်ကာ ဖော်စပ်ထားတဲ့ ဘီယာတစ်မျိုးပဲဖြစ်ပါတယ်။

Lagunitas DayTime IPA

best beer

ကယ်လိုရီအနည်းဆုံး ဘီယာလေးကို သောက်သုံးချင်ပါသလား။ ဒီဘီယာလေးကတော့ ဝိတ်ချချင်သူများအကြား ရေပန်းစား နေတဲ့ ဘီယာ တစ်မျိုးပဲဖြစ်ပါတယ်။

Weihenstaphaner Hefe

best beer

ဂျာမနီနိုင်ငံထုတ် အကောင်းစား ဘီယာလေးကို သောက်သုံးချင်တယ်ဆိုရင်တော့ ဒီဘီယာလေးကို သောက်သုံးနိုင်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ ကျော်ကြာအောင် အသုံးပြုခဲ့တဲ့ နည်းပညာများနှင့် ဖော်စပ်ထားတဲ့အတွက်ကြောင့် နာမည်ကြီးရခြင်းဖြစ်ပါတယ်။

Toppling Goliath King Sue

ရေပန်းစား ဘီယာ

Iowa ဒေသထုတ် ဘီယာတစ်ခုဖြစ်ပြီး ဒေသထွက် သစ်သီးများ၊ အချဉ်ဓာတ် ကြွယ်ဝသော သစ်သီးများဖြင့် ဖော်စပ်ထားတဲ့ အမိုက်စားဘီယာတစ်မျိုးဖြစ်ပါတယ်။ ချီကာဂိုရှိ ပြတိုက်တစ်ခုနှင့် Partnership တွဲကာ ပြုလုပ်ထားတဲ့အတွက်ကြောင့် ဘီယာရဲ့ ဒီဇိုင်းကာလာက အခုလို အလန်းစားဒီဇိုင်းဖြစ်နေရတာပါ။

Dogfish Head SeaQuench Ale

ရေပန်းစား ဘီယာ

ဒီဘီယာလေးကတော့ Best Sour ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ နာမည်ကြီးနေတာဖြစ်ပါတယ်။ သူ့ကို သောက်သုံးလိုက်တဲ့အခါ ချဉ်တဲ့အရသာလေး ပါဝင်တဲ့အတွက်ကြောင့် လန်းဆန်းတက်ကြွနေမှာပဲဖြစ်ပါတယ်။

Samuel Smith’s Organic Chocolate Stout

ရေပန်းစား ဘီယာ

ဒီချောကလက် Stout လေးသည် အော်ဂဲနစ်ပစ္စည်းများကို အသုံးပြုကာ ဖော်စပ်ထားပြီး သားသတ်လွတ်သမားများအတွက်လည်း အဆင်ပြေပါတယ်။ အရမ်းလည်း မချိုလွန်းတာကြောင့် အားလုံးပဲ အကြိုက်တွေ့ကြမယ့် ဘီယာတစ်မျိုးပဲဖြစ်ပါတယ်။

Hitachino Nest White Ale

ရေပန်းစား ဘီယာ

ဂျပန်ဝီစကီလေးကို တောင့်တနေတဲ့ ကွီးတို့အတွက်တော့ Hitachino Nest White Ale လေးက အသင့်စောင့်ကြိုနေပါတယ်။ ဈေးနှုန်းကလည်း ၆ ဒေါ်လာ ဝန်းကျင်ပဲ ပေးဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့် အမိုက်စား ဘီယာကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ဝယ်သောက်ချင်တယ်ဆိုရင်တော့ ဟော့ဒီက ဂျပန်ဘီယာလေးကို မြည်းစမ်းကြည့်နိုင်ပါတယ်။

Modelo Negra

ရေပန်းစား ဘီယာ

မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး ဘီယာထုတ်လုပ်တဲ့နိုင်ငံတစ်ခုဖြစ်ပြီး သူ့နိုင်ငံက ထုတ်လုပ်တဲ့ ဘီယာများသည် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ဘီယာချစ်သူများအကြား ရေပန်းစား လူကြိုက်များတဲ့ ဘီယာ လေးပဲဖြစ်ပါတယ်။

သူ့ရဲ့ဈေးနှုန်းကလည်း Hitachino Nest White Ale နဲ့ ဈေးချင်းအတူတူပဲဆိုတော့ ကွီးတို့အနေနဲ့ အရသာနှစ်မျိုးကို ယှဉ်တွဲကာ စမ်းသပ်သောက်သုံးနိုင်ပါသေးတယ်။

ဒီဘီယာလေးတွေကို စမ်းသပ်ကာ မြည်းစမ်းပြီးသွားတဲ့အခါ ဘယ်ဘီယာက အကောင်းဆုံးလဲဆိုတာကို အခြားသောဘီယာချစ်သူများအတွက် ဝေမျှပေးခဲ့ပါဦး။

Source: Lliquor

Featured Image: Tatler Asia