ယခုကဲ့သို မိုးရွာလိုက် နေပူလိုက်ဖြစ်နေချိန် သို့မဟုတ် အပူချိန်ပြင်းနေချိန် မိုးရွာခြင်းကြောင့်လည်းကောင်း စတဲ့ အခြေအနေအမျိုးမျိုးကြောင့် အအေးမိခြင်း၊ အပူရှပ်ပြီး ဖျားနာခြင်း စသည်တို့ ဖြစ်ပွားတတ်ပါတယ်။ ထို့အပြင် မိုးရာသီကလည်း ကျန်နေသေးတဲ့အတွက် မိုးမိခြင်းကြောင့် အအေးမိဖျားနာခြင်းများလည်း ဖြစ်နိုင်ပါသေးတယ်။ ဖျားနာခြင်းကြောင့် ကွီးတို့လုပ်ငန်းဆောင်တာတွေ၊ တာဝန်ဝတ္တရားတွေ လစ်ဟင်းနိုင်ပါတယ်။ ထို့ကြောင့် အအေးမိဖျားနာခြင်းကို ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် ကွီးတို့ကို မိုးတွင်းမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်း တွေကို ကာကွယ်နိုင်မဲ့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

မိုးတွင်းမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်း ကိုကာကွယ်နိုင်မဲ့နည်းလမ်းတွေက ဘာပါလဲ။

(၁) အခြေခံ အချက်များကို အမြဲလိုက်နာပါ

မိုးတွင်းမှာ အအေးမိဖျားနာခြင်း

Photo : Penn Medicine

ကွီးတို့ အနေနဲ့ အပြင်မှ ပြန်လာချိန် မိုးမိလျှင် ချက်ချင်း ရေစိုအဝတ်အစားများကို လဲပါ။ အဝတ်အစိုနဲ့ အချိန်ကြာကြာနေခြင်းကို ရှောင်ပါ။ ရေနွေး ပူပူလေးတစ်ခွက် သောက်ပါ။ ထို့နောက်လက်ဆေးပါ။ လက်ဆေးခြင်းက ကိုဗစ်-၁၉ ကြောင့် ကွီးတို့တော်တော်များများ အကျင့်ရနေမယ်လို့ ထင်ပါတယ်။ မိုးတွင်းမှာ အအေးမိဖျားနာခြင်းက တုပ်ကွေးရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြင်တစ်နေရာမှ ပြန်လာပြီးရင် လက်ဆေးပါ။ သို့မဟုတ် အအေးမိ ဖျားနာနေသူနဲ့ ထိတွေ့မိလျှင်လည်း လက်ဆေးပါ။

(၂) Phytochemicals ပါဝင်သော အစားအစာများကို စားပါ

မိုးတွင်းမှာ အအေးမိဖျားနာခြင်း

Photo : Future Learn

မိုးတွင်းမှာ အအေးမိဖျားနာခြင်း ကိုကာကွယ်နိုင်မဲ့ နည်းလမ်းနောက်တစ်ခုကတော့ Phytochemicals ပါဝင်သောအစားအစာများကို စားပေးခြင်းပဲ ဖြစ်ပါတယ်။ “Phyto” ဆိုသည်မှာ အပင်များကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတွင်ပါဝင်သော သဘာဝဓာတုပစ္စည်းများသည် အစားအသောက်များတွင် ဗီတာမင်ဓာတ်ကို အထူးအားဖြည့်ပေးပါတယ်။ ဒါကြောင့် ဗီတာမင်ဆေးလုံးတွေကို ဘေးဖယ်လိုက်ပါ။ ထိုအစား အစိမ်းရင့်ရောင်၊ အနီရောင်၊ အဝါရောင် အသီးအနှံတွေနဲ့ သစ်သီဝလံများကို များများစားသုံးပေးပါ။ ကွီးတို့ရဲ့ ကိုယ်ခံအားကောင်းဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

(၃) ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ

မိုးတွင်းမှာ အအေးမိဖျားနာခြင်း

Photo : Urban Company

Workout သို့မဟုတ် အေးရိုးဗစ်ကဲ့သို့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်းက ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ ထို့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေသောကြောင့် အအေးမိဖျားနာဖြစ်ခြင်းကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။ တစ်နေ့ကို အနည်းဆုံး နာရီဝက် သို့မဟုတ် တစ်နာရီခန့် အချိန်ပေးပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။

(၄) ဆေးလိပ်မသောက်ပါနဲ့

Fever

Photo : Very Well Mind

ဆေးလိပ် အလွန်အကျွံသောက်သူများဟာ သာမာန်လူများထက် မကြာခဏဆိုသလို ပြင်းထန်တဲ့ ဖျားနာအအေးမိခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဆေးလိပ် ကိုယ်တိုင်သောက်သုံးသူ မဟုတ်ပဲ အနီးနားက ဆေးလိပ်ငွေ့ကို ရှုမိလျှင်တောင် ပိုးမွှားတွေကို ခုခံကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ဖို့ လိုပါတယ်။ ထို့အတူ အရက်အလွန်အကျွံသောက်ခြင်းကလည်း ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ အရက်သည် ခန္ဓာကိုယ်အား ရေဓာတ်ခမ်းခြောက်စေပါတယ်။

(၅) ပြည့်ပြည့်ဝဝအနားယူပါ

Fever

Photo : The Cold Wire

ကွီးတို့ခန္ဓာကိုယ် မှာရှိတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးတဲ့ စနစ်ဟာ ပြည့်ပြည့်ဝဝ အနားယူခြင်းကြောင့် ကောင်းမွန်လာပါလိမ့်မယ်။ အနားယူခြင်းကြောင့် စိတ်ဖိစီးမှုတွေ ပြေလျော့သွားပြီး ကိုယ်ခံအားစနစ်ကို ပြန်လည်တိုးတတ်ကောင်းမွန်လာတယ်လို့ အထောက်အထားတွေအရ ဆိုပါတယ်။ ကွီးတို့အနေနဲ့ ပြည့်ပြည့်ဝဝ အနားယူခြင်းမရှိပါက မိုးတွင်းမှာ သို့မဟုတ် ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်းသာမက အခြားသောရောဂါများ ၊ ဗိုင်းရပ်စ်များပါ အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ မိုးတွင်းမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်းကို ကာကွယ်နိုင်မဲ့ နည်းလမ်းများပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ဒီအချက်လေးများကို အလေးထားလိုက်နာခြင်းဖြင့် ယခုကဲ့သို့ မိုးရာသီကာလမှာ အအေးမိဖျားနာခြင်းနဲ့ အခြားသော တုတ်ကွေးရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးပါစေရန် ဆန္ဒပြုလိုက်ပါတယ်။

Source : WebMD

Featured Photo : Vicks