ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ရုပ်ထွက် အကောင်းဆုံး အလန်းစား စမတ်ဖုန်း များကို စုစည်းတင်ဆက်ပေးလိုက်ချင်ပါတယ်။

အခုဖော်ပြပေးမယ့် စမတ်ဖုန်းတွေသည် ဈေးကွက်ထဲမှာ ရောင်းအားသွက်နေပြီး လူကြိုက်များတဲ့ စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။

Samsung Galaxy S22 Ultra

ဓာတ်ပုံ ရုပ်ထွက် စမတ်ဖုန်း

Photo: News.samsung

ဒီဖုန်းလေးကတော့ အရှေ့ဘက်ကင်မရာဘက်မှာ 40MP ပါဝင်တဲ့ အမိုက်စား စမတ်ဖုန်းတစ်ခုပဲဖြစ်ပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီလတုန်းက ထွက်ရှိခဲ့တဲ့ ဖုန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဆယ်လ်ဖီ ဆွဲချင်သူတွေအတွက်ရော အလှဓာတ်ပုံရိုက်ချင်သူတွေအတွက်ပါ သင့်တော်တဲ့ ဖုန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဖုန်းတန်ဖိုးက အနည်းငယ်တော့ ဈေးမြှောက်ပါတယ်။

ရွေးချယ်စရာ Storage တွေကတော့ 128GB ၊ 256GB နှင့် 1TB စသည်ဖြင့် အစားအစား ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Google Pixel 6 Pro

ဓာတ်ပုံ ရုပ်ထွက် စမတ်ဖုန်း

Photo: Mysmartprice

ဒီဖုန်းကတော့ အောက်တိုဘ ၂၀၂၁ ကတည်းက ထွက်ရှိခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Ultrawide ဖြင့် ရိုက်ကူးနိုင်သည်သာမကဘဲ 48MP f/3.5 Telephoto လည်း ပါဝင်တဲ့အတွက်ကြောင် ဓာတ်ပုံ ရိုက်ချင်သူတွေအတွက် ရုပ်ထွက် အလန်းစား ဖြစ်စေမယ့် စမတ်ဖုန်း တစ်လုံးပဲဖြစ်ပါတယ်။

သူ့မှာ ရွေးချယ်စရာ Storage တွေကတော့ 128GB ၊ 256GB နှင့် 512GB စသည်ဖြင့် သုံးမျိုးသုံးစားရှိပါတယ်။

Samsung Galaxy S21 Ultra

ဓာတ်ပုံ ရုပ်ထွက် စမတ်ဖုန်း

Photo: Samsung

Samsung ရဲ့ ဒုတိယရောင်းအားအကောင်းဆုံး ကင်မရာဖုန်းကတော့ Galaxy S21 Ultra ပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၀၂၁ ကတည်းက ထွက်ရှိခဲ့တဲ့ ဖုန်းတစ်လုံးပါ။

Storage တွေကတော့ 128GB ၊ 256GB နှင့် 512GB ဆိုပြီး သုံးမျိုးသုံးစားရှိပါတယ်။ 12MP f2.2 Ultrawide ပါဝင်တဲ့အတွက်ကြောင့် ဘယ်လိုပုံမျိုး ရိုက်ကူးချင်သလဲ အလှဆုံးဖြစ်အောင် ရိုက်ကူးပေးပါတယ်။

Apple iPhone 13 Pro

Apple iPhone 13 Pro

Photo: Digital Trends

နောက်ထပ် အမိုက်စား ကင်မရာဖုန်းကတော့ Apple က ထုတ်လုပ်တဲ့ iPhone 13 Pro ပဲဖြစ်ပါတယ်။ လတ်တလောထွက်ရှိထားတဲ့ iPhone များအနက် အကောင်းဆုံးတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

Storage ပိုင်းကတော့ 128GB ၊ 256GB ၊ 512GB နှင့် 1TB ဆိုပြီး မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Rear ကင်မရာတွေအနေနဲ့ကတော့ 12MP f/1.5 တစ်လုံး၊ 12MP f/1.8 Ultrawide ကင်မတရာတစ်လုံးနှင့် 12MP f/2.8 Telephoto စသည်ဖြင့် ဖန်ရှင်အမျိုးအစား စုံလင်လှပါတယ်။ ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါသူတွေအတွက် ရုပ်ထွက် အလှဆုံးဖြစ်အောင် ကူညီပေးမယ့် Flagship စမတ်ဖုန်း တစ်လုံးပဲဖြစ်ပါတယ်။

Realme GT 2 Pro

Realme

Photo: Zdnet

Realme အမျိုးအစားကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Realme GT 2 Pro ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အမိုက်စား 2K Display ကိုပါ မြင်တွေ့ရမှာဖြစ်ပြီး ၁၅၀ ဒီဂရီ Ultra-Wide ကင်မရာပါ ပါရှိတဲ့အတွက်ကြောင့် အမိုက်စား ခံစားချက်ကို တွေ့ကြုံခံစားရစေမှာပါ။ Telephoto တော့ မပါပေမယ့် Front Camera က 32MP တောင် ပါရှိတာဆိုတော့ ဆယ်လ်ဖီဆွဲရတာ ဝါသနာပါသူတွေအတွက်တော့ အကြိုက်တွေ့ကြမယ့် ကင်မရာဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Source: Digitalcameraworld

Featured Image: Gsmarena