ဘော်ဒါ တွေ စုဖွဲ့ကာ ပျော်ပျော်ပါးပါးနှင့် မိုဘိုင်းလ်ဂိမ်း ဆော့ကစားချင်တဲ့ ကွီးတို့အတွက် အမိုက်စား ဂိမ်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းတွေသည် ကွီးတို့အားလုံးကို စိတ်ကျေနပ်မှု အပြည့်အဝရစေမယ့် ဂိမ်းတွေပဲဖြစ်ပါတယ်။

Raid: Shadow Legends

ဘော်ဒါ မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းလေးကတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က ထွက်ရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဘော်ဒါ တွေနဲ့အတူတူ Battle ဆိုင်ကာ ဆော့ကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Magic: The Gathering Arena

ဘော်ဒါ မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းလေးကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုပါ။ နည်းဗျူဟာကျကျနဲ့ ဆော့ကစားချင်သူများအတွက် အမိုက်စား ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

Genshin Impact

ဘော်ဒါ မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းကတော့ Andriod ဖုန်းများသာမက iOS သမားများရော PlayStation 4 ၊ PlayStation 5 မှာပါ ဆော့ကစားနိုင်ပါတယ်။ အကောင်းဆုံး မိုဘိုင်းလ်ဂိမ်းဆုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။

League Of Legends: Wild Rift

ဘော်ဒါ မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းကတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပြီး ဘော်ဒါ တွေ အများကြီးနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။ Android ရော iOS သမားများအတွက်ပါ ဆော့ကစားနိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။

Mario Kart Tour

ဘော်ဒါ မိုဘိုင်းလ်ဂိမ်း

ကားမောင်းပြိုင်ရတာ ကြိုက်နှစ်သက်သူတွေအတွက် Mario Kart Tour ဆိုတဲ့ ဂိမ်းတစ်ခုရှိပါတယ်။ ၂၀၁၉ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ယနေ့ထိတိုင် လူအများအပြား ဆော့ကစားနေကြတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Call Of Duty: Mobile

multiplayer mobile game

တိုက်ခိုက်ရတာ နှစ်သက်တဲ့ ကွီးတို့အတွက် Call Of Duty: Mobile ဆိုတဲ့ ဂိမ်းလေးကတော့ အမိုက်စား ခံစားချက်အတွေ့အကြုံကို ခံစားသွားရစေမှာပါ။ ဒီဂိမ်းသည်လည်း BAFTA Games Award for Best Game ဆုနှင့် VGX Award for Best First-Person Action ဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

Hearthstone

multiplayer mobile game

နောက်ထပ် အမိုက်စားဂိမ်းတစ်ခုကတော့ Hearthstone ဂိမ်းပဲဖြစ်ပါတယ်။ Digital Collectible Card Game အမျိုးအစားဖြစ်ပြီး ဆု (၂) ဆု ဆွတ်ခူးရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Gwent

multiplayer mobile game

နောက်ထပ် Digital Collectible Card Game မျိုးကို နှစ်သက်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကို ရွေးချယ်နိုင်ပါတယ်။ Mode ကို Multiplayer အဖြစ် ပြောင်းထားမယ်ဆိုရင်တော့ ဘော်ဒါ တွေနဲ့အတူတူ ဆော့ကစားနိုင်မယ့် မိုဘိုင်းလ်ဂိမ်း တစ်ခုဖြစ်သွားပါလိမ့်မယ်။

ကွီးတို့ရော ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး ဆော့စားဖို့ဆိုရင် ဘယ်လိုဂိမ်းမျိုးကို ရွေးချယ် ဆော့ကစားလေ့ ရှိပါသလဲ။

Source: Pockettactics

Featured Image: Approov