တောင်ကြီးမြို့ဟာ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ကနေ အမြင့် (၄၇၁၂) ပေ ရှိတဲ့ တောင်စခန်းမြို့ဖြစ်ပါတယ်။ အေးမြတဲ့ရာသီဥတုရှိတာ၊ စားချင်စရာ တိုင်းရင်းသား အစားအစာ တွေပေါတာ၊ ကားလမ်း မီးရထား လေကြောင်းတွေနဲ့ အလွယ်အကူ ရောက်နိုင်တာ၊ အနီးပတ်ဝန်းကျင်မှာ လည်ပတ်ဖို့ကောင်းတဲ့ ဘုရားကျောင်းကန်တွေ ရေအိုင်နဲ့ သဘာဝဂူတွေ ကြောင့် ပြည်တွင်းပြည်ပ ခရီးသည်တွေ အတွက် အကောင်းဆုံးလည်ပတ်စရာနေရာ ဖြစ်ပါတယ်။ ကွီးတို့အတွက် တောင်ကြီး ရောက်ရင် မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ နေရာ တွေကိုဝေမျှပေးချင်ပါတယ်။

တောင်ကြီး မြို့ပေါ်မှာတော့ လည်ပတ်သင့်တဲ့ နေရာများထဲမှာ ပထမဦးဆုံးအနေနဲ့ စူဠာမုနိလောကချမ်းသာစေတီ၊ ရွှေဘုန်းပြည့်ဘုရား၊ ရပ်တော်မူဘုရား၊ တောင်ကြီးဈေး၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်၊ ဆစ်ဘုရားကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်းတွေ စသည်တို့ကို ဖူးမျှော် လေ့လာနိုင်ပါတယ်။

 (၁) ပင်းတယလိုဏ်ဂူ

တောင်ကြီး လည်ပတ်သင့်တဲ့

Photo : Kated

တောင်ကြီး ရောက်ရင် လည်ပတ်သင့်တဲ့ နေရာ နောက်တစ်ခုကတော့ တောင်ကြီးမြို့ကနေ အလွယ်တကူသွားနိုင်တဲ့ ပင်းတယမြို့မှာရှိတဲ့ သဘာဝ ထုံးကျောက်လိုဏ်ဂူ ဖြစ်တဲ့ ပင်းတယရွှေဥမင်လိုဏ်ဂူကို သွားရောက်ပြီး ဗုဒ္ဓဆင်းတုတွေကို ဖူးမျှော် ကြည်ညို နိုင်သလို ဘုတ်တလုတ်ကန်၊ ရှေးဟောင်းညောင်ပင်ကြီးတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ကုံလုံဆရာတော်ကြီးရဲ့ စံကျောင်းတော်ကို လေ့လာနိုင်ပါတယ်။

(၂)အင်းလေးကန်

တောင်ကြီး လည်ပတ်သင့်တဲ့

Photo : Aye Yar River View Resort

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှာ ရှိတဲ့ အင်းလေးကန်ဟာ(၄၄.၉) စတုရန်းမိုင် ကျယ်ဝန်းပြီး  မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးရေကန်ကြီးဖြစ်ပါတယ်။ အင်းလေးကန်ထဲမှာ လှေစီးပြီး အင်းလေး ဖောင်တော်ဦးဘုရားကို ဖူးမျှော်နိုင်သလို ကျွန်းမျောတွေ ချည်ထည်နဲ့ လက်မှုလုပ်ငန်းတွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် အင်းထဲမှာ ထင်းရှားတဲ့ ရွှေအင်တိမ်ဘုရား၊ ငဖယ်အောင်း ဘုန်းတော် ကြီးကျောင်းတွေကိုလည်း ဝင်ရောက် ဖူးမျှော်လေ့လာနိုင်ပါတယ်။

(၄) မွေတော်ကက္ကူဘုရား

တောင်ကြီး လည်ပတ်သင့်တဲ့

Photo :  Eleven Media Group

တောင်ကြီးကနေ တစ်နာရီလောက် ကားမောင်းသွားရင် မွေတော်ကက္ကူ ဘုရားကို ရောက်ပါတယ်။ ဘုရားစေတီပေါင်း (၂၀၀၀) ကျော်ကို ဖူးတွေ့နိုင်ပြီး ဒေသထွက် အစားအစာတွေကို မြည်းစမ်းရင် ဒေသထွက်ကုန်တွေကို အားပေးနိုင်ပါတယ်။

(၅) ကလောမြို့

Taunggyi

Photo : Ayarwaddy Legand

နွေရာသီ အပန်းဖြေစခန်းမြို့ အဖြစ် ထင်ရှားတဲ့ ကလောမြို့လေးကိုလည်း ဝင်‌ရောက် လေ့လာနိုင်ပါတယ်။ ကလောဈေး၊ ကလော ထင်းရှူးတော ရှုခင်း အပြင် ကလောမြို့အနားက မြင်းမထိတောင်ကိုလည်း သွားရောက်နိုင်ပါတယ်။

(၆) ထမ့်စမ်းဂူ

Taunggyi

Photo : Royal Taunggyi Hotel

တောင်ကြီး ဟိုပုံး လွိုင်လင်ကားလမ်းပေါ်မှာရှိတဲ့ ထမ့်စမ်းဂူ လိုဏ်ဂူဟာ ပင်းတယ ရွှေဥမင်လိုဏ်ဂူလို ထင်ရှားလူသိများတဲ့ သဘာဝလိုဏ်ဂူဖြစ်ပါတယ်။ သဘာဝလိုဏ်ဂူအတွင်း ဗုဒ္ဓ ရုပ်ပွားတော်များကို ကြည်ညိုရင်း အေးမြတဲ့ တောတောင်သဘာဝအလှတွေကို ခံစားနိုင်ပါတယ်။

(၇) မိန်းမရဲသခင်မတောင်

Taunggyi

Photo : TimesAyeyar

တောင်ကြီး ကွီးတို့ မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာ ကတော့ သဘာဝအလှခံစားရင်း ခြေလျှင် တော်တက် အပန်းဖြေလမ်းလျှောက်ရင်း ဘုရားဖူးနိုင်တဲ့ မိန်းမရဲသခင်မတောင်ဘဲ ဖြစ်ပါတယ်။

(၈) အေးသာယာမြို့

Taunggyi

Photo : Myanmar Net

နောက်ထပ် သွားရောက်ဖို့ အကောင်းဆုံးနေရာ တစ်နေရာကတော့ အေးသာယာ စပျစ်ခြံနဲ့ ဝိုင်စက်ရုံရှိတဲ့ ‌ အေးသာယာမြို့ ပဲဖြစ်ပါတယ်။

ကွီးတို့ရေ တောင်ကြီး ရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာ တွေက အများကြီးရှိပါတယ်။ တကယ်ကို လှပပြီးအေးမြတဲ့မြို့ ဖြစ်လို့ တစ်ခေါက်တစ်ခါလောက်တော့ အရောက်လှမ်းလာသင့်ပါတယ်။

Featured Photo : Culture