လူတိုင်းဟာ တိုးတတ်အောင်မြင် တဲ့ဘဝကို လိုချင်ကြတဲ့ သူတွေချည်းပါပဲ။ သို့သော်လည်း တကယ့်လက်တွေ့မှာတော့ လူတိုင်းက အောင်မြင်မှုကို မရနိုင်ပါဘူး။ ဘဝမှာ တိုးတတ်အောင်မြင်မှုတွေကို ရဖို့အတွက် ကြိုးစားမှုတွေ၊ အလေ့အကျင့်ကောင်းတွေ၊ စည်းကမ်းတွေစသည်ဖြင့် အများကြီး ဖြတ်ကျော်ခဲ့ရမှာပါ။ တိုးတတ်အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူတော့ မရနိုင်ပါဘူး။ အောင်မြင်ချင်ရင် ပထမဆုံးအဆင့်အနေဖြင့် မိမိရဲ့ လက်ရှိဘဝကိုတိုးတတ်အောင် လုပ်ရပါမယ်။ စည်းကမ်းရှိပြီး ၊ အလေ့အကျင့်ကောင်းတွေကို မွေးမြူရမယ်။ မကောင်းတဲ့အကျင့်တွေကို ပြုပြင်ပြောင်းလဲ ပစ်ရပါမယ်။ ဒါမှသာ တိုးတတ်အောင်မြင်မှု ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ ဘဝ တိုးတက်ရေးကို နှောင့်ယှက်နေတဲ့ ချက်ချင်းရပ်တန့်ပစ်ရမဲ့ အကျင့်ဆိုး များ ကို သိရှိနိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။
(၁) လုပ်ငန်းခွင်အတွင်း ဖုန်းခဏခဏ ကြည့်တတ်တဲ့ အကျင့်ကို ပြင်ပါ

Photo : Travelers Insurance
ယနေ့ခေတ်မှာ အသက်အရွယ်မရွေး ဆိုရှယ်မီဒီယာကို စွဲလမ်းလာကြပါတယ်။ အားလပ်ချိန်မှာ ဖုန်းသုံးတာဟာ ကိစ္စမရှိပေမဲ့ လုပ်ငန်းခွင်မှာပါ အလုပ်လုပ်နေရင်း ခဏခဏ ဖုန်းကို ကြည့်နေမိတယ်ဆိုရင် ကွီးတို့အလုပ်အပေါ် အာရုံစူးစိုက်မှုကို လျော့နည်းစေပါတယ်။ ထို့အပြင် ဖုန်းကြည့်နေမိခြင်းကြောင့် မိမိတိုလုပ်ဆောင်ရမဲ့ အလုပ်တွေကိုလည်း အချိန်မှီမပေးနိုင်ဘဲ ကြန့်ကြာစေပါတယ်။ လုပ်ငန်းခွင်တွင်သာ မဟုတ်ဘဲ တစ်ခုခုကို လေ့လာသင်ယူနေသူတစ်ဦးဆိုလျှင်လည်း ကိုယ့်ရဲ့သင်ခန်းစာပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းလာပြီး သင်ယူမှုကို ထိခိုက်စေပါတယ်။
အချိန်ကြာလာလျှင် ကိုယ်လုပ်ရမဲ့အရာများအပေါ် အာရုံစူးစိုက်မှုလျော့နည်းခြင်းကြောင့် အလုပ်အကိုင်အပေါ်ထိခိုက်လာတာမျိုးရှိလာနိုင်ပါတယ်။ တစ်နည်းအားဖြင့် အချိန်တွေက ကွီးတို့ ဘဝတိုးတတ်ရေးအတွက် ကြိုးစားရမဲ့နေရာမှာ လက်ကိုင်ဖုန်းပေါ်မှာပဲ ကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အချိန်ဟာ ကွီးတို့ဘဝတိုးတတ်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာဖြစ်စေ၊ စာလေ့လာရာမှာဖြစ်စေ ကွီးတို့ဘဝ တိုးတတ်ရေးကို နှောင့်ယှက်နေတဲ့ ဖုန်းခဏခဏ ကြည့်နေမိတဲ့ အကျင့်ဆိုး ကိုပြင်ပါ။
(၂) အချိန်ဆွဲတတ်တဲ့ အကျင့်ကိုပြင်ပါ

Photo : Plink Sheet
ကွီးတို့ ဘဝ တိုးတက်ရေးကို နှောင့်ယှက်နေတဲ့ ချက်ချင်းရပ်တန့်ပစ်ရမဲ့ အကျင့်ဆိုး များ ထဲက နောက်တစ်ခုကတော့ အချိန်ဆွဲတတ်တာပါပဲ။ လူတွေဟာ တစ်ခါတစ်လေကျရင် ချက်ချင်းထလုပ်သင့်တဲ့ အရာမျိုးကို မလုပ်ပဲ အချိန်ရှိသေးတယ်၊ ညမှလုပ်မယ်။ မနက်မှလုပ်မယ်စသည်ဖြင့် အချိန်ဆွဲတတ်ကြပါတယ်။ ဒီလိုမျိုးလုပ်တတ်ရင် ချက်ချင်းရပ်တန့်လိုက်ပါ။
ယနေ့ခေတ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နေတဲ့သူတွေဟာ အချိန်ရဲ့တန်ဖိုးကို သိရှိနားလည်ပြီး အချိန်ဆွဲတတ်တဲ့ အကျင့်မရှိပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့လည်း တစ်စုံတစ်ခုကို လုပ်ရန်ဖြစ်စေ၊ တစ်ခုခုကို အစပျိူးတာမျိုးဖြစ်စေ ချက်ချင်းထလုပ်လိုက်ပါ။ ကွီးတို့ကို အချိန်ကစောင့်နေမှာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ အချိန်ကို အသုံးချပုံက တစ်ချိန်ချိန်မှာ ကွီးတို့ရဲ့အနာဂတ်ကို သတ်မှတ်ပေးမှာပါ။
(၃) တစ်ချိန်တည်းမှာ အလုပ်အများကြီးလုပ်ခြင်းကိုရှောင်ပါ

Photo : Youngisthan. In
အလုပ်တစ်ခုတည်းကို အာရုံစူးစိုက်ပြီးမလုပ်ဘဲ အလုပ်များစွာကိုတစ်ပြိုင်နက်တည်း လုပ်ခြင်းက ဘယ်အလုပ်ကိုမှ သေချာစွာမပြီးပြတ်တာမျိုး ဖြစ်တတ်ပါတယ်။ ၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော Stanford မှာလေ့လာမှုတစ်ခုအရ တစ်ချိန်တည်းတွင် အလုပ်များစွာလုပ်သောသူများ (Multitaskers) များထက် တစ်ကြိမ်လျှင် အလုပ်တစ်ခုကိုသာ အာရုံစိုက်ပြီးလုပ်သူများ က ပိုမိုအလုပ်ပြီးမြောက် အောင်မြင်ကြောင်း တွေ့ရပါတယ်။ ထိုသို့အလုပ်အများကြီးကို တစိပြိုင်နက်တည်း လုပ်ဆောင်ခြင်းက ကျွမ်းကျင်မှုတစ်ခုမဟုတ်ပါ။ ထိုအကျင့်ကို စွန့်လွှတ်ရပါမယ်။ အရင် ဦးစားပေးလုပ်ရမဲ့ အလုပ်တစ်ခုကိုသာ အာရုံစူးစိုက်မှုအပြည့်နဲ့ အောင်မြင်အောင်လုပ်ပြီး၊ တစ်ခုပြီးမှသာ နောက်တစ်ခု ဆက်လက်လုပ်ဆောင်ပါ။
(၄) မနက်ခင်းနိုးစက်ကိုပိတ်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်ကိုပြင်ပါ

Photo : ABC
ကွီးတို့ရေ မနက်နှိးစက်မြည်တာနဲ့ ချက်ချင်းမထသေးဘဲ ၅ မိနစ်၊ ၁၀ မိနစ်စသည်ဖြင့် ပြန်လည်အိပ်တတ်တဲ့ အကျင့်ရှိပါသလား။ ဒီအချက်ကလည်း ကွီးတို့ဘဝ တိုးတတ်ရေးကို နှောင့်ယှက်နေတဲ့ အကျင့်ဆိုး ထဲမှာပါပါတယ်။ နှိုးစက်မြည်တာနဲ့ ပြန်အိပ်တတ်တဲ့ အကျင့်ဟာ ကွီးတို့ရဲ့မနက်ခင်းမှစ၍ တစ်နေ့တာလုံးအတွက် အချိန်နှောင့်နှေးတာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် နှိုးစက်မြည်တာနဲ့ ချက်ချင်းတန်းထပါ။ မနက်ခင်းလုပ်ဆောင်စရာများ ဖြစ်တဲ့ မနက်စာစားခြင်း၊ Workout လုပ်ခြင်းစသည်တို့ကို အချိန်လုံလုံလောက်လောက်နဲ့ စတင်ပြီးတစ်နေ့တာလုံးအတွက် လန်းဆန်းစွာဖြတ်သန်းလိုက်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ကွီးတို့ရဲ့အချိန်ဆွဲတတ်တဲ့ အကျင့်ကိုလည်း ပြင်ပြီးသားဖြစ်စေပါတယ်။
(၅) ဆင်ခြေပေးတတ်တဲ့ အကျင့်ကိုပြင်ပါ

Photo : Brave Scence
ကိုယ့်ရဲ့အမှားတစ်ခုကိုဖြစ်စေ၊ အလုပ်တစ်ခုကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါဖြစ်စေ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေပေးခြင်းကိုရှောင်ပါ။ ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ ကြိုးစားမှုလိုအပ်ချက်ကို မပြုပြင်ဘဲ ဆင်ခြေပေးတတ်တဲ့ အကျင့်ဟာလည်း ကွီးတို့ဘဝ တိုးတတ်အောင်မြင်ရေးကို ထိခိုက်စေတဲ့ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါ။
ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ဘဝ တိုးတက်ရေးကို နှောင့်ယှက်နေတဲ့ ချက်ချင်းရပ်တန့်ပစ်ရမဲ့ အကျင့်ဆိုး များပဲဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ အမူအကျင့်တွေ၊ ကိုယ်လုပ်မိနေတာတွေက ကိုယ့်ဘဝအတွက် ကောင်းတဲ့သက်ရောက်မှုတွေကို မပေးနိုင်ဘူးဆိုရင် စွန့်လွှတ်ရပါမယ်၊ ပြုပြင်ရပါမယ်၊ ရပ်တန့်ပစ်ရပါမယ်။ ဒါမှသာကွီးတို့ ဘဝလက်ရှိပိုင်ဆိုင်ထားတဲ့ အနေအထားကနေပြီး ပိုပိုမြင့်မားတဲ့ ဘဝတိုးတတ်မှုကိုရရှိမှာပါ။ ထိုမှတဆင့် ကွီးတိုလိုချင်တဲ့ အောင်မြင်မှုကိုမလွဲမသွေ ဆွတ်ခူးနိုင်မှာ အသေအချာပါပဲ။
Source : Maddyness
Featured Photo : Vecteezy
