ခရီးသွားခြင်းသည် စိတ်လက်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ်။ ရိုးရိုးခရီးသွားတာထက် စွန့်စား ခရီးသွား ခြင်းကျတော့ စိတ်အပန်းပြေစေတဲ့အပြင် စိတ်လှုပ်ရှားမှုကိုလည်း ပေးစွမ်းပါသေးတယ်။ ဒါ့ကြောင့် ဘဝမှာ တစ်ခါလောက်တော့ စွန့်စား ခရီးသွား သင့်တာဖြစ်ပါတယ်။

စွန့်စား ခရီးသွား ရတာ နှစ်သက်တဲ့ ကွီးတို့အတွက် ကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာဒေသတွေ အများအပြားရှိပါတယ်။ ထိုနေရာများသို့ သွားရောက်နိုင်ရန်အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

Peru ရှိ Machu Picchu သို့ တောင်တက်ကြမယ်

စွန့်စား ခရီးသွား

ဒီနေရာလေးသည် ခြေလျင်လျှောက်လို့လည်းရသလို ဘတ်စ်ကားဖြင့် တောင်တက်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။ အချိန်ရသူများကတော့ ခြေလျင်တောင်တက်ကြတာကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကတော့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုရှုမြင်ခံစားနိုင်အောင် ကူညီပေးပါတယ်။

Greenland နိုင်ငံရှိ ရေခဲပြင်များဆီ ခြေဆန့်ကြမယ်

စွန့်စား ခရီးသွား

Greenland နိုင်ငံကတော့ လည်ပတ်ရတာ အနည်းငယ် ဈေးကြီးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံရဲ့ အလှအပတွေသည် မပျက်စီးသေးဘဲ ယနေ့ထိတိုင် ဆန်းသစ်လှပနေဆဲဖြစ်ပါတယ်။ နှစ်ပေါင်း ရာချီ သက်တမ်းရှိတဲ့ ရေခဲပြင်တွေကို ကြည့်ရှုခံစားရင်း ပင်လယ်ပြင်မှာ လေညှင်းခံချင်သူများအတွက် ဒီနေရာလေးက အသင့်တော်ဆုံးပါပဲ။

တူရကီနိုင်ငံတွင် မိုးပျံပူဖောင်း စီးကြမယ်

စွန့်စား ခရီးသွား

မိုးပျံပူဖောင်း စီးခြင်းသည် တူရကီနိုင်ငံရှီ Cappadocia ဒေသသည် နာမည်အကြီးဆုံးပဲဖြစ်ပါတယ်။ တစ်မြို့လုံးရဲ့အလှအပကို မိုးပျံပူဖောင်းထဲကနေ ကြည့်ရှုခံစားနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် လက်မလွတ်သင့်ပါဘူး။

ရေအောက်ရှိ သန္တာကျောက်တန်းများရဲ့ အလှအပကို ကြည့်ရှုခံစားကြမယ်

စွန့်စား ခရီးသွား

ပင်လယ်ကမ်းခြေသို့ ခရီးထွက်ဖြစ်တဲ့အခါ သန္တာကျောက်တန်းများရဲ့ အလှအပကိုလည်း ကြည့်ရှုခံစားဖို့ မမေ့ပါနဲ့။ မိမိ နှစ်သက်ရာကမ်းခြေတစ်ခုကို ရွေးချယ်ကာ ရေငုပ်နိုင်သလိုပဲ Great Barrier သန္တာကျောက်တန်းသို့သွားပြီးလည်း ရေငုပ်နိုင်ပါသေးတယ်။ ဒီသန္တာကျောက်တန်းတွေမှာတော့ ငါးမျိုးပေါင်း ၁၅၀၀ ကျော်ခန့်ကို တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရှိ လူသွားအများဆုံး သန္တာကျောက်တန်းတစ်ခုပဲဖြစ်ပါတယ်။

ဧဝရတ်တောင် တက်ပါ

စွန့်စား ခရီးသွား

စွန့်စား ခရီးသွား ရတာကို နှစ်သက်တဲ့ကွီးတို့အတွက် နောက်ထပ်ရွေးချယ်သင့်တဲ့ ခရီးတစ်ခုကတော့ ဧဝရတ်တောင် တက်ခြင်းပဲဖြစ်ပါတယ်။ ဧဝရတ်တောင် တက်ဖို့အတွက်ဆိုရင် သက်လုံကောင်းဖို့လည်း လိုအပ်ပြီး လေ့ကျင့်မှု ဆင်းထားဖို့လည်း လိုအပ်ပါသေးတယ်။ ဒါ့ကြောင့် တောင်မတက်ခင်မှာ ကျွမ်းကျင်တောင်တက်သမားများနှင့်အတူ တောင်တက် Training ဆင်းပြီးမှသာ ဧဝရတ်တောင်တက်ဖို့ အကြံပေးချင်ပါတယ်။

Northern Lights တွေကို လိုက်လံဖမ်းဆီးပါ

adventure trip for men

အော်ရိုရာအလင်းတန်းများသည်လည်း လှပတဲ့အလင်းတန်းများဖြစ်တာကြောင့် တစ်သက်မှာ တစ်ခါလောက် သွားရောက်ကြည့်ရှုသင့်ပါတယ်။ အော်ရိုရာအလင်းတန်းများကို ကြည့်ရှုနိုင်တဲ့ နေရာဒေသများကတော့ နော်ဝေးနိုင်ငံရှိ Tromso ၊ Iceland နိုင်ငံရှိ Reykjavik ၊ ကနေဒါရှိ Yukon ၊ Greenland ရှိ Ilulissat နေရာဒေသများပဲဖြစ်ပါတယ်။ အလက်စကာ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံများတွင်လည်း အော်ရိုရာများကို ကြည့်ရှုနိုင်ပါသေးတယ်။

ဂျပန်နိုင်ငံရှိ ဖူဂျီတောင်သို့ သွားပါ

adventure trip for men

ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံးနေရာကတော့ ဖူဂျီတောင်ပဲဖြစ်ပါတယ်။ ထိုနေရာသို့ လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ စက်တင်ဘာလလယ်လောက်ပဲဖြစ်ပါတယ်။ ထိုအချိန်သည် တောင်တက်လို့ကောင်းပြီး သဘာဝရှုခင်းများကိုလည်း တဝကြီး ကြည့်ရှုခံစားနိုင်ပါသေးတယ်။

မက်ဆီကိုနိုင်ငံရှိ ရေအောက်လှိုဏ်ဂူမှာ ရေကူးကြမယ်

adventure trip for men

မက်ဆီကို နိုင်ငံရှိ Yucatán ကျွန်းဆွယ်သည် သဘာဝအလှတရားများနှင့် ပြည့်နှက်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဘာနဲ့မှမတူတဲ့ ခံစားချက်မျိုးကို ခံစားချင်တယ်ဆိုရင်တော့ ထိုနေရာရှိ ရေအောက်လှိုဏ်ဂူများထဲတွင် ရေကူးကာ အတွေ့အကြုံသစ်များကို ခံစားရရှိနိုင်ပါတယ်။

Source: Cntraveler

Featured Image: Springwatercapital