Malibu Rum ဆိုတာကတော့ Caribbean Rum နဲ့ ပြုလုပ်ထားတဲ့ Coconut Liqueur ဖြစ်ပါတယ်။ Malibu Rum က ၁၉၈၀ ခုနှစ်ကာလတွေမှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ Alcohol ၂၁ ရာခိုင်နှုန်း (ABV) နဲ့ သကြားထပ်ပေါင်းထားတဲ့အတွက် ပုံမှန် Rum တွေနဲ့ မတူပါဘူး။ မွှေးပျံ့တဲ့ သင်းရနံ့နဲ့ ချိုမြိန်ပြီး Fruity ဖြစ်တဲ့အရသာရှိတာကြောင့် Tropical Drinks တွေအတွက် ရောစပ်သောက်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ Malibu Rum နဲ့ ဖျော်စပ်ထားတဲ့ လူကြိုက်အများဆုံး ကော့လ်တေး တွေကို ပြောပြပေးချင်ပါတယ်။
(၁) Bahama Mama
Photo : A Couple Cooks
Malibu နဲ့ ဖျော်စပ်တဲ့ ကော့လ်တေး တွေထဲမှာတော့ Bahama Mama က လူကြိုက်အများဆုံး နဲ့ နာမည်အကြီးဆုံး ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ကမ်းခြေကော့လ်တေးလို့လည်း လူသိများတဲ့ Bahama Mama ကို Malibu ၊ Dark Rum ၊ Pineapple Juice ၊ Lime Juice တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ ချိုမြိန်လန်ဆန်းပြီး ပေါ့ပါးလွတ်လပ်တဲ့ Vibes မျိုးရစေပါတယ်။
(၂) Malibu Bay Breeze

Photo : A Couple Cooks
နောက်ထပ် နာမည်ကြီးတဲ့ Malibu Rum ကော့လ်တေး ကတော့ Malibu Bay Breeze ဖြစ်ပါတယ်။ Malibu ၊ Pineapple Juice ၊ Cranberry Juice တို့နဲ့ အဓိကဖျော်စပ်ပါတယ်။ ရင်သပ်ရှုမောဖွယ် ၂ ရောင်စပ်ကာလနဲ့ လန်းဆန်းချိုမြတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။
(၃) Malibu Sunset

Photo : A Couple Cooks
Malibu ၊ Pineapple Juice ၊ Orange Juice ၊ Grenadine စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိကဖျော်စပ်တဲ့ Malibu Sunset ကော့လ်တေးကလည်း လူကြိုက်များပါတယ်။ နေဝင်ဆည်းဆာအလှကို ကြည့်ရသလို လှပတဲ့အရောင်ရောစပ်မှုပုံစံနဲ့ အမိုက်စား ကော့လ်တေးတစ်မျိုးပါ။ ညနေခင်း ပါတီပွဲတွေမှာ တည်ခင်းလို့အကောင်းဆုံး ဖြစ်ပါတယ်။
(၄) Malibu And Pineapple

Photo : A Couple Cooks
အလွယ်ကူအရိုးရှင်းဆုံးနဲ့ အရသာရှိတဲ့ ကော့လ်တေး တစ်ခွက်ကိုပြောပါဆိုရင် Malibu And Pineapple ကိုညွှန်းရမှာပါပဲ။ Malibu နဲ့ Pineapple Juice ၂ မျိုးတည်းနဲ့သာ အဓိကဖျော်စပ်ပါတယ်။ အသီးရနံ့သင်းပျံ့ပြီး မွှေးမွှေးလေးနဲ့ လန်းဆန်းတဲ့ အရသာကို ပေးစွမ်းမယ့် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။
Featured Photo : Malibu Rum

