လွန်ခဲ့တဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုလောက်အထိ စမတ်ဖုန်း အသုံးပြုသူများအကြား VPN ဆိုတာ သိပ်ပြီး ရေပန်းမစားသေးပါဘူး။ နည်းပညာပိုင်း ကျွမ်းကျင်သူများကသာ VPN ကို အသုံးပြုကြတာဖြစ်ပြီး နည်းပညာနဲ့ ဝေးကွာသူများကတော့ VPN ဆိုတာကို မသိကြပါဘူး။

အချို့ဝိုင်ဖိုင်များ၊ မိုဘိုင်းဒေတာများ အသုံးပြုတဲ့အခါမှာလည်း VPN အသုံးပြုမှ အင်တာနက်အသုံးပြုလို့ရတာမျိုးရှိသလို အချို့ကတော့ VPN မသုံးလည်းပဲ အင်တာနက်သုံးနေနိုင်ပါတယ်။

VPN ခံမှ အင်တာနက် အသုံးပြုလို့ရသူတွေအတွက်ကတော့ ရွေးချယ်စရာမရှိပေမယ့် VPN မခံလည်း အင်တာနက်သုံးလို့ရတဲ့သူတွေကျပြန်တော့ ဘယ်လိုလုပ်ရမလဲ။ စမတ်ဖုန်း သုံးတဲ့အခါ VPN ခံသင့်သလား၊ မခံသင့်ဘူးလား။

ထိုအဖြေလေးကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုရင်း အဖြေရှာကြည့်လိုက်ပါ။

သင့်ကို ခြေရာခံလို့ရမှာ မဟုတ်တော့ဘူး

tracking

Photo: Kaspersky

စမတ်ဖုန်း သုံးတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ PC သုံးတဲ့အခါမှာပဲဖြစ်ဖြစ် VPN ခံပြီးသုံးတဲ့အခါ သင့်ရဲ့ တည်နေရာကို ခြေရာခံလို့ မရတော့ပါဘူး။ စမတ်ဖုန်းထဲမှာ ထည့်ထားတဲ့ အချို့သော အက်ပလီကေးရှင်းများသည် သင် ရှာဖွေတဲ့ သတင်းအချက်အလက်များကို ရယူကာ သင် ဘာကို လိုအပ်နေသလဲ။ သင် ဘာဝယ်ချင်နေသလဲဆိုတာကို မျက်စိဒေါက်ထောက်ကြည့်နေတာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ သတင်းအချက်အလက်များအားလုံးကို Private ဆန်ဆန် ထားရှိချင်တယ်ဆိုရင်တော့ VPN ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ သင့်ရဲ့ တည်နေရာကိုလည်း အခြားသူတွေ မသိစေချင်ဘူးဆိုရင် VPN က မပါမဖြစ်ပါပဲ။

Video Call ပြောတဲ့အခါမှာလည်း ပိုပြီးလုံခြုံစိတ်ချမှုရှိတယ်

စမတ်ဖုန်း VPN

Photo: Hybridsim

FaceTime ၊ Skype ၊ Zoom အစရှိတဲ့ Wi-Fi ကို အခြေခံက ဖုန်းခေါ်ဆိုရတဲ့ Video Call များ အသုံးပြုတဲ့အခါ ဟက်ကာများသည် သင့်ရဲ့ Chat (သို့) Call ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Public Wi-Fi တွေဆိုရင် ပိုပြီး အန္တရာယ်များပါတယ်။ သင့်အနေနဲ့ ကော်ဖီဆိုင်တွေမှာပဲဖြစ်ဖြစ်၊ တစ်နေရာရာက Public Wi-Fi တွေ အသုံးပြုပြီး Video Call ပြောမယ်ဆိုရင် VPN ခံတာက စိတ်အချရဆုံးပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဒေတာ (သို့) အိမ်သုံးဝိုင်ဖိုင်နဲ့ သုံးမယ်ဆိုရင်တော့ အဟက်ခံရနိုင်ခြေ နည်းတယ်ဆိုပေမယ့် ရာနှုန်းပြည့် အဟက်မခံရနိုင်တာတော့မဟုတ်ပါဘူး။

ကိုယ့်ရဲ့ကိုယ်ပိုင်ဒေတာများကို အခြားသူများ မယူနိုင်တော့ဘူး

စမတ်ဖုန်း VPN

Photo: Teiss.co.uk

Free VPN တွေ အသုံးပြုတဲ့အခါ အချိန်အကန့်အသတ်ဖြင့် အသုံးပြုရတာမျိုး၊ VPN က သူ့အလိုလို ပိတ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ VPN ကို အချိန်အကန့်အသတ်မရှိဘဲ သူ့ချည်းပဲ မနက်ကတည်းက ဖွင့်ထားပြီး တောက်လျှောက် သုံးချင်တယ်၊ သူ့အလိုအလျောက် ပိတ်မသွားစေချင်ဘူးဆိုရင်တော့ လိုင်စင်ဗားရှင်းတွေ အသုံးပြုတာ အကောင်းဆုံးပါပဲ။ ယနေ့ခေတ်မှာ VPN လိုင်စင်ဗားရှင်းများသည်လည်း ဝယ်ယူရလွယ်ကူပြီး ဈေးနှုန်းလည်း သက်သာတဲ့အတွက်ကြောင့် သုံးပျော်ပါတယ်။ ကိုယ့်ဖုန်းနှင့် PC ထဲက ကိုယ့်ရဲ့ကိုယ်ပိုင်ဒေတာများကိုလည်း မသမာသူများလက်ထဲ မရောက်စေချင်ဘူးဆိုရင်တော့ VPN သည် မဖြစ်မနေ အသုံးပြုသင့်တဲ့အရာတစ်ခုပါ။

ဒါဆိုရင်တော့ ကွီးတို့လည်း ကိုယ့်ရဲ့ စမတ်ဖုန်း နဲ့ PC တွေ အသုံးပြုတဲ့အခါ VPN ကို ခံသင့်သလား၊ မခံသင့်ဘူးလားဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Featured Image: T3