သင့်ချစ်သူကောင်မလေးက သင့်ကို သဝန်တိုခြင်းသည် သင့်ကို တကယ်ချစ်တဲ့ လက္ခဏာတစ်ခုပဲလို့ လူတွေက သင့်ကို ပြောကြပါလိမ့်မယ်။ သင့်ကို ဆုံးရှုံးရမှာကြောက်လို့ လို့ ပြောကြပါလိမ့်မယ်။ နားထောင်ရတာ ရိုမန့်တစ်တော့ ဆန်ပါတယ်။ သို့သော် လိုတာထက် ပိုပြီး သဝန်တို လွန်းတဲ့ ချစ်သူ ကောင်မလေး (သို့) အိမ်ထောင်ဖက် နဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းရတာသည် အနည်းငယ် ခက်ခဲနိုင်ပါတယ်။

အနည်းငယ် သဝန်တို တတ်တဲ့ ချစ်သူ ကောင်မလေး (သို့) အိမ်ထောင်ဖက် ရဲ့ အပြုအမူက ချစ်ဖို့ကောင်းနိုင်ပေမယ့် အလွန်အကျွံ သဝန်တိုလွန်းတဲ့အခါကျတော့ နှစ်ဦးကြားဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။

ကွီးတို့မှာလည်း လိုအပ်တာထက်ပိုပြီး သဝန်တို လွန်းတဲ့ ချစ်သူ ကောင်မလေး (သို့) အိမ်ထောင်ဖက် တွေ ရှိမယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ထားသင့်ပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းကောင်းတွေကတော့ သဝန်တိုလွန်းတဲ့ ပြဿနာကို ချစ်စရာကောင်းပြီး လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။

စိတ်အေးအေးထားပါ

သဝန်တို ကောင်မလေး အိမ်ထောင်ဖက်

သင့်မှာ သဝန်တိုလွန်းတဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ရှိတဲ့အခါ မေးခွန်းပေါင်းများစွာကို တရစပ် အမေးခံနေရမှာဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း ဟိုလူနဲ့ စွပ်စွဲလိုက်၊ ဒီလူနဲ့ စွပ်စွဲလိုက်ဖြင့် အစွပ်စွဲ ခံနေရမှာပါ။ သင့်ဘက်က မခံမရပ်နိုင်ဖြစ်တဲ့အခါမှာ စကားများ ရန်ဖြစ်ရပါလိမ့်မယ်။ ဒီလို နှစ်ဦးနှစ်ဖက် တင်းမာတဲ့ အခြေအနေကနေ ကာကွယ်ဖို့ဆိုရင် သင့်ရဲ့ လေသံကို (လုံးဝ) မမြင့်ဘဲ ပြဿနာကို ခေါင်းအေးအေးထားကာ ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ သင့်ကောင်မလေးရဲ့ လိုက်ပြိုင်ပြီး လေသံတင်းတင်းနဲ့ ပြောနေမယ်ဆိုရင်တော့ အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။

အရမ်းကြီး ကာကွယ်မနေပါနဲ့

သဝန်တို ကောင်မလေး အိမ်ထောင်ဖက်

တခါတရံမှာ မေးခွန်းပေါင်း မြောက်မြားစွာ၊ အစွပ်စွဲခံရမှုများစွာကြောင့် သင့်အနေနဲ့ မွန်းကြပ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။ ငါလည်း ဘာအမှားမှ မလုပ်ထားဘဲနဲ့ ဒီလိုတွေ အမေးခံနေရတယ်၊ ယိုးစွပ်ခံနေရတယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ရဲ့ ဖြူစင်မှုကို ကာကွယ်ချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒါသည်လည်း သဘာဝကျပါတယ်။

သို့သော် သင့်ရဲ့ကောင်မလေးက သဝန်တိုလွန်းနေတဲ့အခါ သင့်ဘက်က ပြန်ကာကွယ်မှုသည် သင် အမှားတစ်ခုခု လုပ်ထားလို့ ဖုံးဖိနေတယ်လို့ ယူဆသွားပါလိမ့်မယ်။

အကောင်းဆုံး အခြေအနေကတော့ သူ(မ)ကို စိတ်အေးအေးထားခိုင်းပြီး နားလည်အောင် ရှင်းပြပေးလိုက်ပါ။ သင့်ဘက်က ဘာမှ ဖုံးကွယ်ထားတာမရှိလို့ သူ(မ)အနေနဲ့ ဘာမှ စိတ်ပူစရာမလိုဘူးဆိုတာကို သေသေချာချာ ပြောပြပေးလိုက်ပါ။

သူ(မ)ကို သင် ချစ်ကြောင်း သူ(မ) သိသွားပါစေ

သဝန်တို ကောင်မလေး အိမ်ထောင်ဖက်

သင့်ကောင်မလေး သဝန်တိုလွန်းရခြင်း အကြောင်းပြချက်တစ်ခုသည် သင် သူ့ကို ချစ်ကြောင်း မပြသလို့လည်း ဖြစ်နိုင်ပါတယ်။ သူ(မ)ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ကြောင်း၊ သင့်အချစ်တွေသည် သူ(မ) တစ်ယောက်တည်းအတွက်သာဖြစ်ကြောင်း ပြသပေးလိုက်ပါ။ သင့်ရဲ့စစ်မှန်တဲ့ ချစ်ခြင်းတရားတွေကို ခံစားရတဲ့အခါ သူ(မ)ရဲ့ စိတ်ထဲမှာ သဝန်တိုခြင်းအတွက် နေရာရှိတော့မှာမဟုတ်ပါဘူး။

သင့်ကောင်မလေးရဲ့ စိတ်ထဲမှာ လုံခြုံစိတ်ချရမှုကို ခံစားရတဲ့အခါမှာ စောစောကလို မေးခွန်းတွေ အများကြီး ထုတ်တာမျိုး၊ အခြားသော ကောင်မလေးတွေနဲ့ စွပ်စွဲတာမျိုးတွေ ကြုံရမှာမဟုတ်တော့ပါဘူး။

သူ(မ)ကို ဘယ်အရာက သဝန်တိုစေသလဲဆိုတာကို သိရှိအောင် ပြုလုပ်ပါ

သဝန်တို ကောင်မလေး အိမ်ထောင်ဖက်

Photo: India.com

ဒီအချက်သည် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သူ(မ)ကို ဘယ်အရာက သဝန်တိုစေသလဲဆိုတာကို သိမှ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလိုက်ပါ။ ပြဿနာရဲ့ အဓိကအရင်းအမြစ်ကို မသိတဲ့အခါ ထိုပြဿနာကို ပိုမိုဆိုးရွားလာစေပါတယ်။ ဒါ့ကြောင့် သင့်ဘက်ကပဲ ဒါ့ကြောင့် သဝန်တိုတာဖြစ်မယ်၊ ဟိုဟာကြောင့် သဝန်တိုတာ ဖြစ်မယ်လို့ တစ်ဖက်သတ် ကောက်ချက်မချဘဲ သူ(မ)ကို သေသေချာချာ မေးမြန်းပါ။ သူ(မ) ရင်ဖွင့်တာကို နားထောင်ပါ။ ဒါဆိုရင် ပြဿနာရဲ့ အရင်းအမြစ်ကို သိရှိသွားပါလိမ့်မယ်။

သူ(မ)သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာအောင် Support ပေးပါ

သူ(မ)သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာအောင် Support ပေးပါ

သင့်ရဲ့ချစ်သူကောင်မလေး (သို့) အိမ်ထောင်ဖက်က သင့်အပေါ်မှာ သဝန်တိုလွန်းနေခြင်းသည် သူ(မ)ကို သူ(မ) ယုံကြည်မှု နည်းနေလို့ပဲဖြစ်ပါတယ်။ ငါက မလှလို့၊ ငါက ဝလို့၊ ငါက မတော်လို့ မထက်မြက်လို့ တစ်ချိန်ချိန်ကျရင်တော့ ငါ့ကို ပစ်သွားတော့မှာပဲဆိုတဲ့ အတွေးက သူ(မ) စိတ်ထဲ ကြီးစိုးလာတဲ့အခါ သူ(မ)ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသည်လည်း ကျဆင်းသွားပါလိမ့်မယ်။ ထိုအခြေအနေမျိုးမှာ သင့်ဘက်ကနေ သူ(မ)ကို သူ(မ) ယုံကြည်လာအောင် ဘေးနားကနေ ဂရုစိုက်ကာ အားပေးရပါမယ်။ သူ(မ)ရဲ့ အားနည်းချက်ကို ထိုးနှက်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိအောင်၊ ကိုယ့်တန်ဖိုး ကိုယ်နားလည်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်တတ်အောင် အားပေးပါ။ သင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ကို တစ်ချိန်လုံး သဝန်တိုနေတာတွေ လျော့ပါးသွားမှာပဲဖြစ်ပါတယ်။

သူ(မ)ကို သင့်ရဲ့ မိသားစု၊ ဘော်ဒါများနှင့် မိတ်ဆက်ပေးလိုက်ပါ

သူ(မ)ကို သင့်ရဲ့ မိသားစု၊ ဘော်ဒါများနှင့် မိတ်ဆက်ပေးလိုက်ပါ

Photo: Gottman

သာမန်စုံတွဲတွေ လုပ်လေ့လုပ်ထရှိတဲ့အချက်တွေကို သင့်ဘက်က မလုပ်ပေးတဲ့အခါ သံသယဝင်မှုတွေသည် ပိုမိုကြီးထွားလာပါလိမ့်မယ်။ ဥပမာ သင်သည် သူ(မ)ကို သင့်ရဲ့ မိသားစု၊ ဘော်ဒါများနဲ့ မမိတ်ဆက်ပေးတဲ့အခါ သူ့ကိုများ Silent တွဲနေတာလား။ တစ်ခုခုများ ဖုံးကွယ်ထားချင်လို့လား စတဲ့ အတွေးပေါင်းစုံနဲ့ သံသယ ဝင်ကာ သင့်ကို သဝန်တိုမှာဖြစ်ပါတယ်။ ဒီအခြေအနေမှ ရှောင်လွဲဖို့ဆိုရင် သူ(မ)ကို သင့်ရဲ့ ဘော်ဒါတွေနဲ့ မိတ်ဆက်ပေးပါ။ ထို့နောက် တစ်ဆင့်တက်ကာ သင့်ရဲ့ မိသားစုဝင်များနှင့် တရားဝင်မိတ်ဆက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သူ(မ)ဘက်က စိတ်ချလုံခြုံမှုကို ခံစားသွားရမှာပဲဖြစ်ပါတယ်။

Source: Inspiringtips

Featured Image: Lovedevani