ဒီတစ်ခေါက်တော့ ဂျပန်ရိုးရာဆန်အရက်ကို အသုံးပြုထားတဲ့ ရင်သပ်ရှုမောဖွယ် ဆာကေး Southside ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး ရိုးရာအရက်ဖြစ်တဲ့ ဆာကေး ကို သူ့ချည်းသက်သက် သောက်ကြသလို တခြားသော အမယ်တွေနဲ့ ရောစပ်ပြီးလည်း ကော့လ်တေးအဖြစ် သောက်လေ့ရှိကြပါတယ်။ ဆာကေး Southsideကော့လ်တေးဟာ ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ ကော့လ်တေး တစ်မျိုးဖြစ်ပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေပါသောက်လို့ အဆင်ပြေပါတယ်။
Photo : A Couple Cooks
ဆာကေး Southside ကော့လ်တေး ဖျော်စပ်ဖို့ ဆာကေး ၊ Lime Juice ၊ Lemon Juice ၊ Simple Syrup နဲ့ ပူစီနံရွက် စတဲ့ပါဝင်ပစ္စည်းတွေ အဓိက လိုအပ်ပါတယ်။ Lime Juice ၊ Lemon Juice တို့ရဲ့ Fresh ဖြစ်တဲ့အရသာက ဆာကေးရဲ့ အရသာကို ပိုမိုလေးနက်သွားစေပြီး ထူးကဲဆန်းကြယ်တဲ့ ချိုချဉ်ပြင်းမွှေး ကော့လ်တေး အရသာကို ပေးစွမ်းပါတယ်။ ကော့လ်တေး ဖျော်စပ်နည်းကလည်း အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။

Photo : A Couple Cooks
အရင်ဆုံး ကော့လ်တေး Shaker ထဲကို ပူစီနံရွက် ၅ ရွက် ၆ ရွက်ခန့် ထည့်ပြီး Muddle နဲ့ ထိုးမွှေပေးပါ။ ပြီးရင် ဆာကေး ၃ အောင်စ ၊ Lime Juice အောင်စဝက် ၊ Lemon Juice အောင်စဝက် ၊ Simple Syrup အောင်စဝက် နဲ့ ရေခဲအနည်းငယ် တို့ရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ အအေးခံထားတဲ့ ကော့လ်တေးဖန်ခွက်ထဲကို ကော့လ်တေး ဖျော်ရည်လောင်းထည့်ပြီး အပေါ်က သံပုရာခြမ်း ၊ ပူစီနံ့ရွက်လေးတွေနဲ့ အလှဆင်ပြီး ဆာကေး Southsideကော့လ်တေး တစ်ခွက် အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : Tampa Bay Times

