ကော့တေးဖျော်ရည်များကို နှစ်သက်တဲ့ ကွီး တို့အတွက် ဒီတစ်ခါမှာတော့ အရသာယစ်မူးသွားစေမယ့် ဘလက်ဘယ်ရီ ကော့တေး ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ကွီးတို့အနေနဲ့ ယခုဖော်ပြမယ့် ဖျော်စပ်နည်းကို အသုံးပြုပြီး နောက်ထပ် နည်းလမ်း (၂) ခု ထပ်ပွားကာ ဖျော်စပ်နိုင်ပါသေးတယ်။
ပထမတစ်နည်းကတော့ ကော့တေးဖျော်စပ်နည်းလေးပဲ ဖြစ်ပါတယ်။ ဒုတိယတစ်နည်းကတော့ အယ်လ်ကိုဟောမပါဘဲ ဖျော်တဲ့နည်းဖြစ်ပါတယ်။ နောက်တစ်နည်းအရက အချိုအရသာ ပိုကဲအောင် ဖျော်စပ်နည်းပဲဖြစ်ပါတယ်။
ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး ဘလက်ဘယ်ရီ ကော့တေး လေးကို ဖျော်သောက်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
- အလယ်အလတ်အရွယ်အစားရှိ သံပုရာသီး ၁ လုံး
- ဘလက်ဘယ်ရီသီးများ ၆ လုံးခန့်နှင့် အလှဆင်ဖို့ရန်အတွက် အနည်းငယ် ထပ်ပေါင်းထည့်ပါ
- Mint အရွက် ၈ ရွက်ခန့်နှင့် အလှဆင်ဖို့ရန်အတွက် အနည်းငယ် ထပ်ပေါင်းထည့်ပါ
- သကြားအချော လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရမ်အပျော့စား စားပွဲတင်ဇွန်း ၄ ဇွန်း

- Club Soda စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်

၁။ သံပုရာသီးကို အလှဆင်ဖို့ရန်အတွက် အကွင်း ၁ ကွင်း လှီးထားပါ။ ကျန်သံပုရာသီးများကိုတော့ အရည်ညှစ်ဖို့ရန်အတွက် သင့်တော်မယ့် အရွယ်အစား လှီးဖြတ်ထားပါ။

၂။ ဖန်ခွက်တစ်လုံးထဲတွင် ဘလက်ဘယ်ရီသီးများ ထည့်ထားပြီးနောက် အနှစ်များရအောင် ချေပေးလိုက်ပါ။ ထို့နောက် Mint အရွက်များထည့်ကာ သမအောင် ထပ်မံ ကြိတ်ချေပေးလိုက်ပါ။

၃။ ထို့နောက် ရမ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံးနှင့် Club Soda များထည့်ကာ သမအောင် ထပ်မွှေပါ။

၅။ နောက်ဆုံးမှာတော့ ဖန်ခွက်နှုတ်ခမ်းအနားသားတွင် သံပုရာကွင်းဖြင့် အလှဆင်ပါ။ ဘလက်ဘယ်ရီသီးနှင့် Mint အရွက်တို့ဖြင့် ထပ်မံကာ အလှဆင်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ကွီး တို့အားလုံး ဘဝင်တွေ့သွားစေမယ့် ဘလက်ဘယ်ရီ ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
အယ်လ်ကိုဟော မပါတဲ့ဖျော်ရည်ကို သောက်ချင်တယ်ဆိုရင်တော့ ရမ်ကို မထည့်ဘဲ ကျန်တဲ့အဆင့်တွေအတိုင်း ပြုလုပ်နိုင်ပါတယ်။ ဆိုဒါလည်း များများထပ်ထည့်နိုင်ပါသေးတယ်။ ဒီအရသာကိုမှ မကြိုက်သေးဘူး ချိုချဉ်လေး သောက်ချင်တယ်ဆိုရင်တော့ ဆိုဒါကို Club Soda မဟုတ်ဘဲ ပိုချိုတဲ့ ဆိုဒါအဖြစ် ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။
Source: Thespruceeats
Featured Image: Ohmy-creative
