ကိုယ့်ချစ်သူကောင်မလေးနဲ့ ခရီးအတူတူသွားခြင်းသည် တစ်ယောက်အကြောင်းကို တစ်ယောက် ပိုမိုသိနားလည်လာအောင် ကူညီပေးပါတယ်။ ရေရှည်မှာလည်း ဒီလူနဲ့ဆက်ပြီး လက်တွဲသင့်သလား၊ လက်မတွဲသင့်ဘူးလားဆိုတာကိုလည်း သိနားလည်လာစေမှာပါ။ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးနဲ့ ခရီးသွားတဲ့အခါမှာလည်း ရိုမန့်တစ်ဆန် တဲ့ နေရာမျိုးကို ရွေးချယ်ကာ သွားသင့်ပါတယ်။ ဒါမှ အမှတ်တရကောင်းတွေကို ချန်ထားခဲ့နိုင်မှာ မဟုတ်လား။

ကမ္ဘာပေါ်မှာလည်း ရိုမန့်တစ်ဆန်တဲ့ နေရာဒေသတွေ အများကြီးရှိပါတယ်။ ထိုထဲကမှ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးနဲ့ အတူတူ သွားရောက်လည်ပတ်နိုင်တဲ့ ရိုမန့်တစ်ဆန် တဲ့ အကောင်းဆုံးနေရာများကို စုစည်းဖော်ပြလိုက်ရပါတယ်။

ဘာလီ

ချစ်သူ ရိုမန့်တစ်ဆန်

ဘာလီကျွန်းလေးကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားနာမည်တစ်ခုပဲ ဖြစ်ပါတယ်။ သူသည် အာရှနိုင်ငံများထဲတွင် အလှပဆုံး ကမ်းခြေတစ်ခုဆိုလည်း မမှားပါဘူး။ ဖြူလွှလွှ သဲသောင်ပြင်လေးမှာ ပြေးလွှားဆော့ကစားတာမျိုးပဲ ဖြစ်ဖြစ်၊ မနက်ခင်း နေပူဆာလှုံတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ သဲသောင်ပြင်ပေါ်မှာ ညစာ စားပြီး လက်ထပ်ခွင့်တောင်းခြင်းသည်လည်း ထိုနေရာသို့ လာရောက်လေ့ရှိတဲ့ စုံတွဲတော်တော်များများ ပြုလုပ်လေ့ရှိကြပါတယ်။

ပြင်သစ်နိုင်ငံရှိ ပဲရစ်

ချစ်သူ ရိုမန့်တစ်ဆန်

ပြင်သစ်နိုင်ငံရှိ ပဲရစ်မြို့လေးကတော့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ ချစ်သူ ကောင်မလေးနဲ့ ထိုမြို့လေးကို ဘယ်အချိန်မဆို သွားလည်လိုက်တာ ရိုမန့်တစ်ဆန် တဲ့ အငွေ့အသက်ကို ခံစားရစေမှာပါ။ Rating ပေးရမယ်ဆိုရင်တော့ 10/10 ရိုမန့်တစ်ဆန်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

လက်စ်ဗီးဂတ်

ချစ်သူ ရိုမန့်တစ်ဆန်

လက်စ်ဗီးဂတ်ကို သွားရင် ဘာလုပ်သင့်သလဲဆိုတော့ သူ့ရဲ့ညအလှကို အပြည့်အဝ ခံစားဖို့ပဲဖြစ်ပါတယ်။ သူက စောစောကနေရာတွေနဲ့ ယှဉ်ရင်တော့ ရိုမန့်တစ် အဆန်စားကြီးထဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကောင်မလေးနဲ့အတူတူ Nightlife ကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ သွားရောက်သင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

အီတလီနိုင်ငံရှိ ဗင်းနစ်

အီတလီနိုင်ငံရှိ ဗင်းနစ်

Photo: Forbes

ဒီနေရာလေးကတော့ ကမ္ဘာပေါ်က အင်းလေးဒေသလေးတစ်ခုပေါ့။ ဗင်းနစ်မြို့ထဲမှာ တံတားပေါင်း ၃၅၀ ရှိပြီး ခန့်ညားလှပတဲ့ အဆောက်အဦးကြီးများသည် တူးမြောင်းများကြားထဲတွင် ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ လက်တွေ့နှင့် စိတ်ကူးယဉ်ဆန်မှုတို့ကို ပေါင်းစပ်ထားတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။

ဟာဝိုင်အီရှိ ဟိုနိုလူလူ

ဟာဝိုင်အီရှိ ဟိုနိုလူလူ

ဟာဝိုင်အီမှာတည်ရှိတဲ့ ဟိုနိုလူလူ ကမ်းခြေလေးကတော့ အပန်းဖြေလို့အကောင်းဆုံး နေရာတစ်ခုပဲဖြစ်ပါတယ်။ လက်ထပ်ခွင့်တောင်းတဲ့အခါမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟန်းနီးမွန်းထွက်တဲ့အခါမျိုးပဲဖြစ်ဖြစ် ရိုမန့်တစ်ဆန်ဆန်နဲ့ လက်ထပ်ခွင့်တောင်းနိုင်အောင်၊ ဟန်းနီးမွန်း ထွက်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ နေရာ (၅) နေရာကတော့ ချစ်သူများအကြား ရေပန်းစားကာ လူကြိုက်များနေတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ကွီးတို့ရော ကိုယ့်ရဲ့ ချစ်သူလေးနဲ့ ဘယ်လိုရိုမန့်တစ်ဆန်တဲ့ နေရာမျိုးကို ခရီးထွက်ချင်ပါသလဲ။

Source: Edreams

Featured Image: DMARGE