အားလုံးပဲ မင်္ဂလာပါ။ ကော့တေးချစ်သူများအတွက် ဒီတစ်ခါမှာတော့ အမိုက်စားကော့တေးတစ်မျိုး ဖော်စပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီဖျော်စပ်နည်းကတော့ ကြက်ဥအကာ အသုံးပြုကာ ဖော်စပ်သွားမယ့် Pisco Sour ကော့တေးဖျော်ရည်ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများကလည်း (၅) မျိုးတည်းရှိရုံနဲ့တင် ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်နိုင်မှာပဲဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ဖျော်စပ်နည်းကြောင့် ကွီးတို့ကိုယ်တိုင် မိမိအိမ်မှာ စမ်းသပ်ကာ မြည်းစမ်းသောက်သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပါဝင်ပစ္စည်းများ

  • Syrup ဖျော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်ဥအကာ ၁ လုံး (ကြက်ဥ အလုံးခပ်ကြီးကြီးကို အသုံးပြုပါ)
  • ရနံ့မွှေးပျံ့ဖို့ရန်အတွက် Bitters အနည်းငယ်
  • Pisco ဘရန်ဒီဟု အမည်ရသော စပျစ်သီး ဘရန်ဒီတစ်မျိုး စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပါ။ ကွီးတို့အနေနဲ့ Pisco ဘရန်ဒီဟု အမည်ရသော စပျစ်သီး ဘရန်ဒီကို အသုံးမပြုချင်ပါက အခြားသော ဘရန်ဒီကို အသုံးပြုနိုင်ပါတယ်။ သို့သော် အရသာနှင့် အရောင်ကတော့ အနည်းငယ် ပြောင်းလဲသွားပါလိမ့်မယ်။

ကြက်ဥအကာ Pisco Sour

၂။ ကြက်ဥကို အကာနှင့် အနှစ် သပ်သပ်စီ ခွဲထားလိုက်ပါ။ ထို့နောက် Cocktail Shaker ထဲသို့ Pisco ဘရန်ဒီ ၊ Syrup ၊ သံပုရာရည်နှင့် ကြက်ဥအကာတို့ထည့်ကာ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

၃။ တစ်ဖန် ရေခဲတုံးများထည့်ကာ ထပ်မံလှုပ်ခါပေးလိုက်ပါ။ တကယ်လို့ ကွီးတို့ မီးဖိုချောင်ထဲမှာ Cocktail Shaker မရှိရင် သစ်သီးဖျော်စက်ဖြင့် အစားထိုးအသုံးပြုနိုင်ပါသေးတယ်။

ကြက်ဥအကာ Pisco Sour

၄။ သမအောင် လှုပ်ခါပြီးတဲ့နောက်မှာတော့ ကော့တေးဖန်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။ ထို့နောက် အနံ့မွှေးဖို့ရန်အတွက် Bitters အရည်လေးကို တစ်စက်၊ နှစ်စက်ခန့် အပေါ်ကနေ လောင်းပေးလိုက်ရင်ပဲရပါပြီ။

ဒါဆိုရင်တော့ ကြက်ဥအကာ နဲ့ ဖျော်စပ်ထားတဲ့ Pisco Sour ကော့တေးဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ Pisco ဘရန်ဒီအစား အခြားဘရန်ဒီတစ်မျိုး ပြောင်းသုံးမယ်ဆိုရင်တော့ ကော့တေးရဲ့ နာမည်လည်း ပြောင်းသွားမှာပဲဖြစ်ပါတယ်။

ကြက်ဥအကာ Pisco Sour

ကွီးတို့အနေနဲ့ အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်ပြီးတဲ့နောက်မှာ သူ့ရဲ့အရသာက ဘယ်လိုရှိသလဲဆိုတာ ပြန်လည်ဝေမျှပေးဖို့ မမေ့ပါနဲ့ဦး။

Source: Thespruceeats

Featured Image: Delish