ဝီစကီနဲ့ အရသာရှိတဲ့ ကော့လ်တေးမျိုးစုံ ဖျော်စပ်သုံးဆောင်ကြပါတယ်။ ဘားတွေမှာလည်း ဝီစကီ ကော့လ်တေး မျိုးစုံကို ပါဝင်ပစ္စည်းမျိုးစုံနဲ့ စတိုင်လ် အမျိုးအမျိုး ဖျော်စပ်ရောင်းချကြပါတယ်။ အခုဖော်ပြပေးချင်တဲ့ Whiskey Smash ကော့လ်တေးက ဂန္တဝင် ကော့လ်တေးတစ်ခွက်ပါ။ ဒီကော့လ်တေးမှာ အဓိကပါဝင်တာတော့ ဝီစကီဖြစ်ပြီး သံပုရာသီး၊ ပူစီနံတို့နဲ့ အချိုးကျကျ ပေါင်းစပ်ထားတဲ့ အတွက် လန်းဆန်းတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ရိုးရှင်းလွယ်ကူတဲ့ အပြင် အရသာလည်းရှိတဲ့ Whiskey Smash ကော့လ်တေး တစ်ခွက် ဖျော်စပ်နည်းလေးကို ကွီးတို့အိမ်မှာ ဖျော်စပ် မြည်းစမ်းကြည့်လို့ရအောင် မျှဝေပေးချင်ပါတယ်။

အရသာလည်းရှိတဲ့ Whiskey Smash ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

Smash ကော့လ်တေး

Photo : The Spurce Eats

(၁) လတ်ဆတ်သော သံပုရာသီး ၃ လုံး
(၂) ဝီစကီ ၂ အောင်စ
(၃) Simple Syrup ၀.၇၅ အောင်စ
(၄) ပူစီနံ အရွက်များ
(၅) ရေခဲများ
(၆) အလှဆင်ဖို့အတွက် သံပုရာသီးစိပ်လေးတွေနဲ့ ပူစီနံအရွက်များ စသည်တို့လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

Smash ကော့လ်တေး

Photo : The Spurce Eats

ပထမဦးစွာ သံပုရာသီးများကို ကော့လ်တေး Shaker ထဲတွင် ထည့်ပြီးဖိချေပါ။ ပြီးနောက် ဝီစကီ၊ Simple Syrup နဲ့ ပူစီနံအရွက်တို့ အပြင် ရေခဲများပါ ထည့်ကာ Shaker အပြင်ဖက်အေးလာသည် အထိ လှုပ်ခါပေးပါ။ ထို့နောက် ရရှိလာသော အရည်များကို သေချာစစ်ပြီး ရေခဲထည့်ထားသော ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ နောက်ဆုံးအနေဖြင့် အဆင်သင့်ပြင်ထားသော သံပုရာသီးစိပ်နဲ့ ပူစီနံအရွက်လေးများဖြင့် အလှဆင်လိုက်ပါ။

Smash ကော့လ်တေး

Photo : The Spurce Eats

ဒါဆိုရင်တေ့ ရိုးရှင်းလွယ်ကူတဲ့ အပြင် အရသာလည်းရှိတဲ့ Whiskey Smash ကော့လ်တေးလေး တစ်ခွက်ရပါပြီ။ လန်းဆန်းတဲ့ အရသာပေးတဲ့ ဒီကော့လ်တေးလေးကို ကွီးတို့ ချစ်ရသူတွေနဲ့အတူ ဖျော်စပ်သုံးဆောင်လိုက်ပါ။

Source : The Spurce Eats

Featured Photo : The Spurce Eats