နည်းပညာပိုင်း ဆန်းသစ်တီထွင်မှုနှင့်အတူ ဒီဇိုင်းဆန်းသစ်တီထွင်မှုသည်လည်း ယှဉ်တွဲကာ တိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ပစ္စည်းများရဲ့ စွမ်းဆောင်ရည်သည်လည်း တစ်စထက်တစ်စ ပိုမိုကောင်းမွန်လာတဲ့အပြင် ဒီဇိုင်းတွေကလည်း ပိုလန်းလာပါတယ်။ များပြားလှတဲ့ အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး လျှပ်စစ်ပစ္စည်းများ အများအပြားရှိတဲ့အနက် Bluetooth စပီကာ တွေကတော့ သီချင်းချစ်သူများအကြား လူကြိုက်များကာ ရေပန်းစားတဲ့ လျှပ်စစ်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။
ကွီးတို့ ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ ပိုက်ဆံတွေ အလကားမဖြစ်ရလေအောင် အရည်အသွေးကောင်းပြီး ဒီဇိုင်းလည်း လှပတဲ့ Bluetooth စပီကာ များကိုသာ သေချာရွေးချယ်သင့်ပါတယ်။ Bluetooth စပီကာ များသည်လည်း ဆိုဒ်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနှင့် ဈေးအမျိုးမျိုး ရှိတဲ့အတွက် ကိုယ့်ရဲ့ဘတ်ဂျက်ပမာဏပေါ် မူတည်ပြီး ကိုယ် အနှစ်သက်ဆုံး ဘရန်းတစ်မျိုးကို ရွေးချယ်သင့်ပါတယ်။
ရွေးချယ်ရခက်နေတဲ့ ကွီးတို့အတွက် လက်ရှိမှာ ဈေးကွက်ထဲတွင် လူကြိုက်များပြီး နာမည်ကြီးနေတဲ့ ဘရန်းအချို့ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
JBL Xtreme 3
စပီကာကိုမှ အိတ်အသေးပုံစံ ဒီဇိုင်းထွင်ထားတာဖြစ်တဲ့အတွက်ကြောင့် တစ်နေရာရာမှာ ချိတ်ထားလည်းပဲ အဆင်ပြေတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ JBL ဆိုတဲ့အတိုင်းပဲ ကွာလတီကတော့ ပြောနေစရာတောင် မလိုပါဘူး။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၃၀ ဝန်းကျင် တန်ကြေးရှိပါတယ်။
JBL Flip 6
အရောင်တောက်တောင်လေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ပေါ့ပေါ့ပါးပါးနှင့် Luxury ဆန်တဲ့ ဒီဇိုင်းမျိုးနှင့် ထုတ်လုပ်ထားတဲ့ JBL Flip 6 လည်း ရှိပါသေးတယ်။ သူသည် Waterproof ဖြစ်တဲ့အတွက်ကြောင့် ရေစိုလို့ ပျက်စီးသွားမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၆၀ ဝန်းကျင် ရှိပါတယ်။
Dali Katch G2
ဒီ ဒီဇိုင်းလေးကတော့ Classic ဆန်တဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ သူ့ရဲ့ ဘက္ထရီသက်တမ်းကတော့ နာရီ ၃၀ ကြာ အသုံးခံပါတယ်။ အသံပိုင်းကလည်း ကြည်လင်ပြတ်သားပြီး Bass သံ ကြိုက်သူများအတွက် Bass ဦးစားပေးအသံမျိုးကို ရှင်းရှင်းလင်းလင်း ကြားရမှာပဲဖြစ်ပါတယ်။
Trivit Stormbox Micro
သူကတော့ Waterproof သာမက Dustproof ပါ ပါဝင်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ဒီဇိုင်းလေးက သေးသေးကွေးကွေးလေးနဲ့ Compact ဖြစ်ပေမယ့်လို့ အသံပိုင်းဆိုင်ရာကိုတော့ အထင်မသေးစေလိုပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ ဝန်းကျင် ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ ဘက္ထရီသက်တမ်းက အခြားသောအမျိုးအစားတွေလိုမျိုး အကြာကြီး မခံပါဘူး။
Bang & Olufsen Beosound A1 (2nd Gen)
သူ့ရဲ့ဒီဇိုင်းကတော့ အဝိုင်းပြားပြားပုံသဏ္ဍာန်ဖြစ်ပြီး နည်းပညာပိုင်းမှာလည်း Bluetooth 5.1 အဆင့်ထိ ရှိပါတယ်။ Waterproof အပြင် Dustproof ပါ ပါဝင်ပြီး Alexa လည်း ပါဝင်တဲ့အတွက်ကြောင့် အသံဖြင့် ခိုင်းစေလို့လည်း ရပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၀၀ ပေးချေရပါလိမ့်မယ်။ ဒါပေမယ့် ပေးရတဲ့ဈေးနဲ့ တန်တဲ့ စွမ်းဆောင်ရည်ကို ရရှိနိုင်တာကတော့ အသေအချာပါပဲ။
Ultimate Ears Wonderboom 2
ဒီစပီကာလေးကတော့ ၂ နာရီခွဲခန့် အားသွင်းထားရုံနဲ့တင် ၁၃ နာရီကြာ အသုံးခံမှာပဲ ဖြစ်ပါတယ်။ အပြာရောင် ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့သွားမယ့် ဒီဇိုင်းပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၁၀၇ ဒေါ်လာ ဝန်းကျင် ကုန်ကျမှာပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အမျိုးအစားလေးတွေကတော့ လက်ရှိမှာ လူကြိုက်များနေတဲ့ Bluetooth စပီကာ လေးတွေပဲ ဖြစ်ပါတယ်။
Source: Whathifi
Featured Image: Homeguru.homepro.co.th