လူသားတိုင်းသည် သူတို့ရဲ့စိတ်ခံစားချက်ကို မတူညီတဲ့နည်းလမ်းနှင့် ဖော်ပြကြပါတယ်။ ဝါသနာလည်း မတူညီကြသလို ခံစားချက်များ၊ အကြိုက်များလည်း တူညီကြမှာ မဟုတ်ပါဘူး။ အချို့က ဂီတနှင့် ကခုန်ခြင်းလိုမျိုး အနုပညာလက်ရာများကို နှစ်သက်ကြပြီး အချို့ကလည်း ကဗျာ၊ ပန်းချီ အစရှိတဲ့ အနုပညာများကို နှစ်သက်ကြပါတယ်။ ထိုအနုပညာလက်ရာများကိုတော့ အချိန်ပေးပြီး ခံစားလေ့ရှိကြပေမယ့် ဗိသုကာလက်ရာများကိုတော့ အနုပညာတစ်ရပ်အဖြစ် သတ်မှတ်ထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ဗိသုကာလက်ရာများ၊ အိမ်ဒီဇိုင်းများ ရေးဆွဲခြင်းသည် လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ အထူးသဖြင့် ဇိမ်ခံ အိမ်ကြီး များကို သဘာဝကျကျ လှပအောင် ဒီဇိုင်းရေးဆွဲပေးရခြင်းသည် ပိုမိုခက်ခဲပါတယ်။

တစ်ခါလောက် ခြေချမိသွားတာနဲ့ ပြန်မထွက်ချင်တော့လောက်အောင် ဖြစ်သွားမယ့် အမိုက်စားအိမ်ကြီး

luxury house

ရေကူးကန်အကျယ်ကြီးကိုမှ ခပ်မိုက်မိုက်ဆောက်လုပ်ထားပြီး ခြံဝင်းထဲမှာ ဘားကောင်တာ ထားရှိပေးတားတာကိုလညိး မြင်တွေ့ရမှာဖြစ်ပါတယ်။ သစ်ပင်ပန်းမာန်များ စိုက်ပျိုးထားတဲ့အတွက်ကြောင့် စိမ်းစိမ်းလန်းလန်းလေးနဲ့ ကြည့်ကောင်းနေပါတယ်။ ဒီအိမ်ရဲ့ ထူးခြားချက်ကတော့ အိမ်ခေါင်မိုးပေါ်မှာ အပင်များ စိုက်ပျိုးထားတာပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ ဖောက်ထွင်းမြင်နိုင်သော အိမ်

luxury house

တကယ်လို့ ကွီးတို့သည် သဘာဝနေရောင်ခြည်ကို ရရှိချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ဖောက်ထွင်းမြင်နိုင်တဲ့ အိမ်ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အပြင်ကနေ ကိုယ့်အိမ်ကို ဖောက်ထွင်းမြင်နေရတာဆိုတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်တော့ ပျောက်ဆုံးနေပါလိမ့်မယ်။

luxury house

ဒီအိမ်ရဲ့ ဗိသုကာပညာရှင်ကတော့ Fujimoto ပဲဖြစ်ပါတယ်။ ဒီအိမ်ကို သစ်ပင်မှာ နေထိုင်ကြတဲ့ ရှေးခေတ်ဘိုးဘွားတွေရဲ့ အိမ်ပုံစံဒီဇိုင်းကို အိုင်ဒီယာယူထားတာဖြစ်တယ်လို့လည်း Fujimoto က ပြောကြားထားပါတယ်။

ကယ်လီဖီုးနီးယားပြည်နယ်၊ Malibu ရှိ စကိတ်ဘုတ် ဇိမ်ခံ အိမ်ကြီး

luxury house

ဒီအိမ်ကြီးကတော့ စကိတ်စီးရတာ နှစ်သက်သူများအတွက် အကြိုက်တွေ့သွားမယ့် အိမ်ဒီဇိုင်းပဲဖြစ်ပါတယ်။ အိမ်ကြီးတစ်ခုလုံးသည် စကိတ်စီးလို့ရအောင် ဘောင်လေးတွေ ကွပ်ထားကာ ဒီဇိုင်းထွင်ထားတာ ဖြစ်ပါတယ်။

luxury house

အိမ်ကို ဒီဇိုင်းထွင်ထားသူကတော့ အခြားမဟုတ်ပါဘူး။ ကမ္ဘာ့စကိတ်ချန်ပီယံတစ်ဦးဖြစ်ခဲ့တဲ့ Pierre Andre Senizergues ပဲဖြစ်ပါတယ်။

ကမ္ဘာ့အထူးဆန်းဆုံးနှင့် အသေးဆုံးအိမ်

ဇိမ်ခံ အိမ်ကြီး ဇိမ်ခံ အိမ်ကြီး

ဒီအိမ်ရဲ့အကျယ်ကတော့ ၁၅၂ စင်တီမီတာသာ ရှိပါတယ်။ ထိုအိမ်မှာ နေထိုင်သူကတော့ Jakub Szczęsny ဖြစ်ပြီး ထိုအိမ်ရဲ့ဒီဇိုင်းကိုလည်း သူကိုယ်တိုင်ပဲ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူသည် မြို့ပေါ်တွင် လွတ်နေသောနေရာများ အလဟဿမဖြစ်ဖို့ရန်အတွက် အဆောက်အဦးနှစ်ခုအကြားရှိ လစ်လပ်နေသောနေရာတွင် သူ့ရဲ့အိမ်ငယ်လေးကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

လူပုလေးများရဲ့အိမ်

ဇိမ်ခံ အိမ်ကြီး

The Lord Of The Ring ဇာတ်ကားထဲက လူပုလေးတွေရဲ့အိမ်ကို ကွီးတို့ ရင်းရင်းနှီးနှီး မြင်ဖူးကြပါလိမ့်မယ်။ ဒီအိမ်ပိုင်ရှင်သည်လည်း ထိုဇာတ်ကားရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။ သူသည် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိမ်ကို ထိုဇာတ်ကားထဲက ပုံစံအတိုင်း ဆောက်လုပ်စေခဲ့တာ ဖြစ်ပါတယ်။

ဇိမ်ခံ အိမ်ကြီး

အိမ်ဆောက်တဲ့အခါ သဘာဝပစ္စည်းများကိုသာ အသုံးပြုထားခဲ့တာဖြစ်ပြီး စုစုပေါင်းကုန်ကျငွေကတော့ ဒေါ်လာ ၅၂၀၀ သာကုန်ကျခဲ့တာပါ။

ဘယ်လ်ဂျီယံနိုင်ငံရှိ မျှော်စင်အိမ်ကြီး

ဇိမ်ခံ အိမ်ကြီး

ဒီမျှော်စင်ကြီးသည် ရေသိုလှောင်ဖို့ရန်အတွက် အသုံးပြုခဲ့ကြသလို ဒုတိယကမ္ဘာစစ်တုန်းကလည်း နာဇီတွေရဲ့ လျှို့ဝှက်ပုန်းခိုတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ဘယ်လ်ဂျီယံရှိ ဗိသုကာကုမ္ပဏီတစ်ခုဖြစ်တဲ့ Bham Design Studio က အမြင့်ပေ ၁၀၀ ရှိတဲ့ မျှော်စင်ကြီးကို သက်သောင့်သက်ကာနှင့် ဇိမ်ကျကျ နေထိုင်နိုင်မယ့် အိမ်တစ်လုံးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

နယူးယော့ခ်မြို့ရှိ ဇိမ်ခံ နာရီမျှော်စင် အိမ်ကြီး

ဇိမ်ခံ အိမ်ကြီး ဇိမ်ခံ အိမ်ကြီး

ဒီအိမ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုက မှင်သက်စရာပါပဲ။ အိမ်က ကြီးကျယ်ခမ်းနားလှပသလို ဈေးကလည်း မနည်းလှပါဘူး။ ဒေါ်လာ ၁၈ မီလီယံတန်ကြေးရှိပါတယ်။ နယူးယော့ခ် တစ်မြို့လုံးကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ Penthouse ဒီဇိုင်း ဇိမ်ခံအိမ်ကြီးပဲဖြစ်ပါတယ်။

ဂျာမနီနိုင်ငံရှိ အမိုက်စား အိမ်ကြီး

ဇိမ်ခံ အိမ်ကြီး

ဒီအိမ်ကြီးကိုတော့ ဂျာမနီ ဗိသုကာပညာရှင် J.Mayer က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အိမ်ရဲ့အတွင်းပိုင်း အပြင်အဆင်သည်လည်း မြင်ကွင်းရှင်းရှင်းနှင့် ဇိမ်ကျကျ အနားယူနိုင်အောင် ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ အိမ်ရဲ့ အရောင်ကိုလည်း အဖြူရောင်ကို အဓိကထား အသုံးပြုထားတာ ဖြစ်ပါတယ်။ တကယ့်ကို နေလို့ထိုင်လို့ ကောင်းမယ့် အိမ်တစ်လုံးပဲ ဖြစ်ပါတယ်။

ကျောက်ဆောင်အစွန်းနားတွင် ဆောက်လုပ်ထားသော ဇိမ်ခံအိမ်ကြီး

ဇိမ်ခံ အိမ်ကြီးဇိမ်ခံ အိမ်ကြီး

ဒီအိမ်ကြီးကတော့ ထိုင်းနိုင်ငံရှိ ပင်လယ်ကမ်းခြေရဲ့ ကျောက်ဆောင်အစွန်းနားတွင် ဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ရဲ့ အကျယ်ကလည်း တော်တော်လေးကို ကျယ်ဝန်းပြီး သဘာဝလေကောင်းလေသန့် ရရှိနိုင်တဲ့ အိမ်တစ်လုံးပဲဖြစ်ပါတယ်။ အိမ်ရဲ့ ရေကူးကန်ဒီဇိုင်းကို အပေါ်ကနေ ရေများ စီးကျနေတဲ့ ရေတံခွန်ပုံစံ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

ဖန်နှင့် ဆောက်လုပ်ထားသော အမိုက်စား အိမ်ကြီး

ဇိမ်ခံ အိမ်ကြီး

ဒီအိမ်ကြီးသည်လည်း ဂျပန်နိုင်ငံရှိ ဖန်အိမ်ဒီဇိုင်းမျိုးနှင့် ဆင်တူပါတယ်။ ဒီအိမ်ကတော့ ပိုမိုကျယ်ဝန်းပြီး Luxury ပိုဆန်ပါတယ်။ အိမ်ကနေ အထဲကို ဖောက်ထွင်းမြင်ရတယ်ဆိုပေမယ့် လုံးလုံးကြီး ဖောက်ထွင်းမြင်ရတာတော့ မဟုတ်ပါဘူး။ အခန်းဖွဲ့စည်းတည်ဆောက်ပုံများကိုတော့ Privacy ရအောင် ဖန်နှင့် မကာထားဘဲ နံရံအပိတ်ဖြင့် ကာထားတာ ဖြစ်ပါတယ်။ ညဘက်အချိန်မှာ ဒုတိယထပ်ကနေလည်း ကြယ်တာရာများ လင်းလက်တောက်ပနေတဲ့ ကောင်းကင်ကြီးကို ငေးမောကြည့်ရှုနိုင်ပါသေးတယ်။

တောင်တန်းကြားက အကွေ့အကောက်အိမ်ငယ်လေး

ဇိမ်ခံ အိမ်ကြီး

ဗိသုကာလက်ရာ ပြောင်မြောက်လှတဲ့ အိမ်ကြီးတစ်လုံးပဲ ဖြစ်ပါတယ်။ အိမ်အရှေ့ဘက်မှာ လခြမ်းပုံသဏ္ဍာန် ရေကူးကန်ငယ်လေး ဖန်တီးပေးထားပြီး အိမ်အပြင်ကနေ အထဲကို ဝင်မယ်ဆိုရင် ဝင်္ကပါထဲသို့ ဝင်ရောက်သွားရတဲ့ စတိုင်လ်မျိုး ဖန်တီးထားတာဖြစ်ပါတယ်။ တကယ့်ကို Luxury ဆန်တဲ့ အငွေ့အသက်လေးကို ခံစားရစေမှာ အမှန်ပါပဲ။

ကွီးတို့ရော ဇိမ်ခံ Luxury အိမ်ဆိုရင် ဘယ်လိုအိမ်ဒီဇိုင်းတွေကို ကြိုက်နှစ်သက်ကြပါသလဲ။ အခုဖော်ပြသွားတဲ့ အမျိုးအစားလေးတွေကိုရော ဘယ်လိုထင်မြင်မိပါသလဲ။

Luxury အိမ်ဒီဇိုင်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် နောက်ထပ် အမိုက်စားအိမ်ဒီဇိုင်းတွေ ဝေမျှပေးသွားဦးမှာဖြစ်လို့ Page မှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။

Source: Scoopwhoop

Featured Image: Home-designing