သီချင်းကောင်းလေးတွေကို တိကျပြတ်သားတဲ့ အသံစွမ်းရည်နဲ့ နားထောင်နိုင်ဖို့ စွမ်းဆောင်ရည် မြင့်မားတဲ့ Headphones လေးတွေဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့ရှိပါသလား။ ဒါကြောင့် သီချင်းလေးနားထောင်ရင်း ဇိမ်ကျချင်တဲ့ ကွီးတို့အတွက် ရွေးချယ်စရာ Headphones များ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Sennheiser Momentum 4 Wireless

Photo : Head Fi
ပထမဆုံးဖော်ပြချင်တဲ့ ရွေးချယ်စရာ Headphones များထဲကတစ်ခုကတော့ Sennheiser ရဲ့ Fourth Generation ဖြစ်တဲ့ Sennheiser Momentum 4 ပဲဖြစ်ပါတယ်။ Wireless အမျိုးအစားဖြစ်ပြီး ရိုးရှင်းတဲ့ပုံသဏ္ဍန်နဲ့ တောက်ပတဲ့အသွင်အပြင်ကို ပေးစွမ်းပါတယ်။ ဘက်ထရီ သက်တမ်းက မယုံနိုင်လောက်အောင် နာရီ ၆၀ ခံတဲ့အပြင် ကြည်လင်ပြတ်သားတဲ့ အသံကိုခံစားနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ ဒေါ်လာ ၅၀၀ လောက် ကျသင့်မှာဖြစ်ပါတယ်။
(၂) Sony WH-1000XM5

Photo : Aimil Pharmaceuticals
အံသြစရာ ကောင်းလောက်အောင် ပတ်ဝန်းကျင်ကဆူညံသံတွေကို မကြားရစေပဲ ပြီးပြည့်စုံတဲ့ အသံစွမ်းရည်ကို ပေးစွမ်းနိုင်တဲ့ Sony WH-1000XM5 က သီချင်းလေးနားထောင်ရင်း ဇိမ်ကျချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမှာပါ။ သူရဲ့ ဘက်ထရီ သက်တမ်းက နာရီ ၃၀ ခံပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ ၃၉၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
(၃) Philips PH805

Photo : Exotique
ကွီးတို့အတွက် နောက်ထပ် ရွေးချယ်စရာ Headphones တစ်ခုကတော့ Philips PH805 ဖြစ်ပါတယ်။ သူကလည်း Wireless အမျိုးအစားဖြစ်ပြီး ဘက်ထရီ သက်တမ်းကတော့ နာရီ ၃၀ ကျော်ခံပါတယ်။ ကောင်းမွန်တိကျတဲ့ အသံစွမ်းရည်ကို ပေးစွမ်းပါတယ်။ သူ့ရဲ့ စျေးနှုန်း က ဒေါ်လာ ၁၀၀ ကျော် သာကျသင့်မှာ ဖြစ်ပါတယ်။
(၄) Bowers & Wilkins PX7

Photo : Sound and Cinema
Bowers & Wilkins PX7 ကလည်း သက်တောင့်သက်သာရှိတဲ့ Wireless Headphone တစ်ခုပါ။ အကောင်းဆုံး အသံအရည်အသွေး ကိုပေးစွမ်းနိုင်ပြီး ဘက်ထရီ သက်တမ်းကလည်း နာရီ ၃၀ ခံပါတယ်။ စျေးနှုန်းက တော့ ၃၄၁ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။
(၅) Audeze LCD 1

Photo : Audio T
သီချင်းလေးနားထောင်ရင်း ဇိမ်ကျချင်တဲ့ ကွီးတို့အတွက် ရွေးချယ်စရာ နောက်ထပ် Headphones များထဲက တစ်ခုကတော့ Audeze LCD 1 ပဲဖြစ်ပါတယ်။ သူကလည်း တကယ်ကို သက်တောင့်သက်ရှိစေပြီး ဒီဇိုင်းကလည်း ကွီးတို့လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ သူ့ရဲ့ ဘက်ထရီကလည်း အချိန်တော်တော်ကြာကြာ အသုံးပြုလို့ ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ဝန်းကျင်သာ ကျသင့်မှာဖြစ်တဲ့အတွက် တကယ်ကို ထည့်သွင်း ရွေးချယ်စရာ တစ်ခုပါပဲ။
Source : Teach Rader
Featured Photo : Wallpaper Flare
