Lava ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အိန္ဒိယနိုင်ငံမှာ အနောက်ဘက် Glass ကာဗာနဲ့ Lava Blaze ဖုန်း ကို ရူပီး ၈၆၉၉ ( ဒေါ်လာ ၁၁၀ / ယူရို ၁၁၀ / မြန်မာငွေ ၂ သိန်း ၃ သောင်း) ဝန်းကျင်နဲ့ ရောင်းချသွားခဲ့ပြီး ယခုအခါ ကုမ္ပဏီဘက်က Lava Blaze ဖုန်း ရဲ့ Pro မော်ဒယ်ကို စက်တင်ဘာလအတွင်း ထပ်မံမိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။
Photo : Digit
Lava Blaze Pro ဖုန်းဟာ သုံးစွဲသူတွေအတွက် Premium Build Quality နဲ့ ထိပ်တန်းစွမ်းဆောင်ရည်တွေကို ယူဆောင်လာပေးမယ်လို့ ဆိုထားပါတယ်။ Lava Blaze Pro ဖုန်းရဲ့ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေအရတော့ ဖုန်းရဲ့အနောက်ဘက်ခြမ်း ကင်မရာတပ်ဆင်ထားမှုဟာ ၂၀၂၁ ခုနှစ်က ထွက်ခဲ့တဲ့ Xiaomi 12 Pro ဖုန်းကို ပြန်ပြီး အမှတ်ရစေမှာ ဖြစ်ပါတယ်။
အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာ ၃ လုံးအနက် Main ကင်မရာဟာ 50MP Sensor ကို အသုံးပြုပေးထားပြီး ကျန် Units ၂ ခုကိုတော့ အသေးစိတ်မသိရသေးပါဘူး။ Lava Blaze Pro ဖုန်းမှာ 6x Zoom နဲ့ ၆.၅ လက်မ HD+ Notched မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ ဘေးဘက်ခြမ်းမှာတော့ လက်ဗွေဖတ်ဆင်ဆာ တပ်ဆင်ပေးထားပြီး 5,000 mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။
Photo : Mobile Khoga
လက်ရှိမှာတော့ Lava Blaze Pro ဖုန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် မိတ်ဆက်မယ့်ရက် အနီးကပ်မှာ Lava ကုမ္ပဏီဘက်က ဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ချပြသွားမယ်လို့ မျှော်လင့်ရပါတယ်။
Fetured Photo : GSMArena.com